In vitro fertilization (IVF) ပြင်ပမှာ သန္ဓေတည်စေနည်း



Test-tube babies ဖန်ပြွန်သန္ဓေသားဆိုတာ ကြားဘူးကြပါမယ်။ ၁၉၇၈ တုံးက အင်္ဂလန်မှာ Louise Brown ‘လူးဝစ် ဘရောင်း’ ကို မွေးခဲ့တာကနေစပြီး လူသိများလာတာပါ။ သူဟာ သူ့မိခင်ရဲ့ဝမ်းဗိုက် (သားအိမ်) ထဲမှာ မနေခဲ့ရပါ။

Artificial insemination နည်းမှာတော့ ခပ်ရှင်ရှင်းဘဲ သုက်ပိုးကို သားအိမ်ထဲကို တမင်တကာ ထည့်ပေးနည်း လုပ်တာ ဖြစ်ပါတယ်။ IVF နည်းမှာတော့ မျိုးဥနဲ့ သုက်ပိုးတွေကို ဓါတ်ခွဲခန်းထဲ မှာပေါင်း စပ်စေတယ်၊ သန္ဓေ ဖြစ်လာစေတယ်။ နောက်ပြီးမှ သားအိမ်ထဲကို ထည့်ပေးရပါတယ်။ ရှုပ်ထွေးတယ်။ အကုန်အကျများတယ်။ ကလေးမရသေးတဲ့ အတွဲတွေထဲက ၅% ကသာ ဒီနည်းလုပ်ပါတယ်။ ဒါပေမဲ့ ၁၉၈၁ ကစပြီး ယူအက်စ်မှာ စလုပ်လာတာကနေ ကနေ့အထိ အဲလို IVF နည်းနဲ့မွေးတဲ့ကလေးပေါင်း ၂ သိန်းကျော်နေပါပြီ။

ဘာလို့ ကလေးမရသေးသလဲ
1. Endometriosis သားအိမ်ရောဂါ၊
2. Low sperm counts သုက်ပိုးနည်းခြင်း၊
3. Problems with the uterus or fallopian tubes သားအိမ်နဲ့ ပြွန်ရောဂါ၊
4. Problems with ovulation မျိုးဥမထွက်ခြင်း၊
5. Antibody problems that harm sperm or eggs သုက်ပိုးနဲ့ မျိုးဥကိုဆန့်ကျင်တဲ့ ‘အင်တီဘော်ဒီ’ ထွက်ခြင်း၊
6. The inability of sperm to penetrate or survive in the cervical mucus သားအိမ်အဝကအချွဲထဲကို သုက်ပိုးက ထိုးဖေါက်မဝင်နိုင်ခြင်း၊
7. An unexplained fertility problem ရှင်းမပြနိုင်တဲ့အကြောင်းခံ။

ကလေးမရသေးသူတွေအတွက် IVF နည်းကို အရင်ဆုံးနည်းအနေနဲ့ အားမကိုးပါ။ Fertility drugs မျိုးဥထွက်ဆေး ပေးနည်း၊ surgery ခွဲစိတ်နည်း နဲ့ Artificial insemination သုက်ပိုးအပြင်ကနေ ထည့်ပေးနည်း တွေနဲ့ မရတော့မှသာ လုပ်ပါမယ်။

ဒီနည်းမှာ ပဌမအဆင့်အနေနဲ့ ဟော်မုန်းဆေးထိုးပေးပါတယ်။ ဒီနည်းကြောင့် လစဉ်မျိုးဥက တခုမက ထွက်လာမယ်။ မျိးဥထုတ်ယူနိုင်ခြေကို စမ်းသပ်မှုတွေလုပ်မယ်။ Retrieval procedure မျိုးဥထုတ်ယူ ဘို့ပြင်ဆင်မယ်။ ဆေးတွေ ထိုးပေးမယ်။ Ovulation မျိုးဥတွေ မျိုးဥအိမ်ကနေထွက်လာစေမယ်။ အချိန်ကိုက်လုပ်ဘို့အရေးကြီးတယ်။ မျိုးဥအိမ်ထဲက ဖေါ်လီကယ် ထဲကနေ ရင့်မှည့်နေတဲ့မျိုးဥ မထွက်ခင်မှာ ထုတ်ယူဘို့ ဖြစ်တယ်။ စောလဲမရ၊ နောက်ကျလဲမရပါ။ သွေးစစ်နည်းနဲ့ အာလ်ထွာဆောင်းအရ အချိန်ကိုက်ကို သိနိုင်တယ်။ မတိုင်ခင်ညမှာ ညွှန်ကြားချက်နဲ့ လိုအပ်ရင်ဆေးပေးမယ်။ တချို့ကိုမေ့ဆေးနဲ့လုပ်မယ်။

ဆရာဝန်ကနေ မျိုးဥအိမ်ထဲက မှန်ကန်တဲ့ ဖေါ်လီကယ်ထဲကနေ ဆေးထိုးအပ်နဲ့ မျိုးဥကိုထုတ်ယူမယ်။ နာရီဝက် တနာရီသာကြာမယ်။ ထုတ်ယူလိုက်တဲ့မျိုးဥကို ဓါတ်ခွဲခန်းထဲမှာဘဲ ချက်ချင်း သုက်ပိုးနဲ့ ပေါင်းစပ်စေမယ်။ ခင်ပွန်းကကျန်းမာသူဆိုရင် သူ့သုက်ပိုးကို သုံးမယ်။

လင်မယားအိမ်ပြန်ချိန်မှာ ဓါတ်ခွဲခန်းထဲမှာတော့ စောင့်ကြည့်မှုကိုဆက်လုပ်နေပါမယ်။ ၅ ရက်စောင်း လိုက်ရင် Embryo သန္ဓေဟာ more advanced blastocyst stage အဆင့်ရောက်ပါပြီ။ အဲသည်အချိန်မှာ ဆေးရုံကခေါ်ပြီး သန္ဓေကို သားအိမ်ထဲထည့်ပေးပါမယ်။ သန္ဓေတခုမက ၃-၄ ခုလဲ ထည့်နိုင်တယ်။ ကသီတာခေါ်တာလေးနဲ့ ဗဂျိုင်းနားကနေ သားအိမ်ထဲထည့်ပေးမှာဖြစ်တယ်။ မျိုးဥထုတ်ယူရသလောက် မခက်ဘူး။ အိပ်ယာထဲမှာ ဆေးရုံတက်နေသလို နားနေရပါမယ်။ ဆရာဝန်က ကိုယ်ဝန်အတွက် သွေး-ဆီးစစ်ပါမယ်။

ခင်ပွန်းဖြစ်သူရဲ့ သုက်ပိုးအရေအတွက်နည်းနေရင် IVF နည်းနဲ့အတူ Intracytoplasmic sperm injection သုက်ပိုးဆေးထိုးနည်းကိုပါ တွဲလုပ်နိုင်တယ်။ Semen စီမင်ထဲကနေ Sperm သုက်ပိုးကို ထုတ်ယူမယ်။ တချို့ကိုကြတော့ Testicles ကျားအစိထဲကနေ ယူမယ်။ ယူတာကို Egg မျိုးဥထဲ ထိုးပေးရတယ်။

Success rates for IVF ဘယ်လောက်အောင်မြင်သလဲဆိုတာ ဘာလို့ကလေးမရသေးသလဲ ဆိုတာအပေါ်နဲ့ တခြား အကြောင်းအချက်တွေအပေါ်မူတည်တယ်။ အသက်အရွယ်လဲ စကားပြောတယ်။

အထောက်အကူနည်းနဲ့ ကလေးရအောင်လုပ်နည်းတွေဖြစ်တဲ့ IVF, GIFT နဲ့ ZIFT နည်းတွေကို Assisted reproductive technology (ART) လို့ခေါ်တယ်။ ၂ဝဝ၉ စာရင်းဇယားတွေအရ IVF နည်းကို ၉၉% သုံးတယ်။

တခါကြိုးစားမှုလုပ်တာကို ဆိုက်ကယ်တခုလို့ ခေါ်တယ်။ ဆိုက်ကယ်အားလုံးတွက်ရင် ကိုယ်ဝန်ရနှုန်း ၂၉့၎% ရှိတယ်။ ၂၂့၎% အရှင်မွေးတယ်။

အမျိုးသမီးရဲ့အသက်အရွယ် အရေးပါတယ်။ ၃၅ နှစ်အောက်ဆိုရင် ၃၉့၆% အောင်မြင်တယ်။ ၄ဝ ကျော်ရင် ၁၁့၅% ရှိတယ်။ နောက်ပိုင်းနည်းတွေက အသက်ကြီးလာလဲ အခွင့်အလမ်းတူလောက်ဖြစ်လာတာ အားရှိစရာကောင်းတယ်။

ရလာတဲ့ Embryos သန္ဓေတွေကို မသုံးသေးရင် အေးခဲနည်းနဲ့ သိမ်းထားနိုင်တယ်။ ဒုတိယ၊ တတိယအကြိမ်တွေ ထပ်ကြိုးစားဘို့ အကုန်အကျသက်သာမယ်။ သူများကိုလဲ လှူနိုင်တယ်။ ယူအက်စ်မှာ IVF cycle ဆိုက်ကယ်တခုအတွက် $12,400 ကုန်ကျတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...