Jailbreak လုပ်ထားတဲ့ iOS devices တွေအတွက် Malware အထူးသတိပေးချက်...


အိုင်တီ လုံခြုံရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်တဲ့ i0n1c (ခေါ်) Stefan Esser ဟာ jailbreak လုပ်ထားတဲ့ iOS devices တွေအတွက် အတော်လေးအန္တရာယ်များတဲ့ လုံးခြုံရေးဆိုင်ရာ ပြဿနာတစ်ခုကို အစီရင်ခံထားပါ တယ်... သူ့အနေနဲ့ “Unflod Baby Panda” လို့ခေါ်တဲ့ malware တခုကို jailbreak လုပ်ထားတဲ့ iOS devices တွေမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်... ဒီ malware ဟာ အလွန်ကြောက်စရာကောင်းပြီး users တွေရဲ့ Apple ID တွေနဲ့ password တွေကို တရုပ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ servers တွေထံ ပို့ပေးနေတာဖြစ်ပါတယ်... 

Stefan Esser ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကတော့ ဒီ malware ဟာ တရုတ်နိုင်ငံကနေ အစပြု တာဖြစ်ပြီး Unflod.dylib လို့ခေါ်တဲ့ library တခုအနေနဲ့ ၀င်ရောက်လာတာ ဖြစ်ပါတယ်... ဒီကောင်ဟာ Jailbreak လုပ်ထားတဲ့ iDevices တွေရဲ့ process တွေ အားလုံကို ချိတ်ဆက်ထားပြီး အပြင် server တွေပေါ် ထွက်သွားတဲ့ SSL connections တွေကို စောင့်ကြည့်ကာ အဲဒီကနေတဆင့် users တွေရဲ့ Apple ID တွေနဲ့ သက်ဆိုင်ရာ password တွေကို ကြားဖြတ်ခိုးယူနေတာ ဖြစ်ပါတယ်... ခိုးယူထားတဲ့ အချက်အလက်တွေကို Chinese customers တွေအတွက် အမေရိကန် hosting ကုမ္ပဏီတွေက ထိန်းချုပ်ထားတဲ့ IP address တွေကို အသုံးပြုပြီး server တွေပေါ် plaintext အနေနဲ့ ပို့ပေးနေတယ်လို့ ဆိုပါတယ်...

Jailbreak လုပ်ထားတဲ့  idevice တွေမှာ ဒီ malware တွေ ဘယ်လိုဘယ်ပုံ ၀င်ရောက်လာသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး... ဒီ malware ကို iPhone developer certificate တခုနဲ့ sign လုပ်ထားပြီး WANG WIN လို့ခေါ်တဲ့ နာမည်နဲ့ register လုပ်ထားပါတယ်... ဒီနာမည်ဟာ အတုဖြစ်နိုင်သလို တစုံတယောက်ရဲ့ identity ကို ခိုးယူပြီး သုံးထားတာလည်း ဖြစ်နိုင်ပါတယ်...

အရေးကြီးဆုံးက မိမိတို့ရဲ့ jailbreak လုပ်ထားတဲ့ idevices တွေမှာ ဒီ malware တွေ ၀င်ရောက်နေပြီး လား ဆိုတာကို စစ်ဆေးရပါတော့မယ်... ဆိုတော့ iFile လို့ ခေါ်တဲ့ file manager ကို အသုံးပြုပြီး အောက် ပါအတိုင်း တဆင့်ချင်းသွားလိုက်ပါ... (iFile မရှိသေးရင် Cydia ထဲက Big Boss repo စာမျက်နှာမှာ ရှိပါတယ်... search မှာ ရိုက်ထည့်ပြီး ရှာလည်း အဆင်ပြေပါတယ်... တွေ့ရင် အရင် install လုပ်ပါ..)

/Library/MobileSubstrate/DynamicLibraries/ (ဒီအဆင့်မှာ Unflod.dylib လို့ ရေးထားတဲ့ library ရှိနေလား စစ်ဆေးကြည့်ပါ..)

Unflod.dylib ကို ရှာတွေ့တယ်ဆိုရင်တော့ မိမိရဲ့ jailbreak လုပ်ထားတဲ့ idevice ဟာ ဆိုးရွားလှတဲ့ malware ၀င်ရောက်နေပါပြီ... ချက်ချင်း delete လုပ်ပစ်ပါ... ပြီးရင် မိမိရဲ့ Apple ID password ကို အသစ်ပြောင်းပါ, အောက်ပါအတိုင်း Two-step verification ကို enable လုပ်ပါ... 


မိတ်ဆွေရဲ့ idevice ဟာ jailbreak လုပ်ထားတယ်ဆိုရင် ဒီ malware ကို စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါ တယ်... နောက်ပိုင်း application တွေ install လုပ်တော့မယ်ဆိုရင် untrusted sources တွေကို ရှောင် ကျဉ်သင့်ပါတယ်... ။

နောက်ဆုံး update ကို ဒီနေရာမှာ ဆက်လက် လေ့လာပါရန်... 

Jailbreak လုပ်ထားတဲ့ iDevice Users များ Malware ဘေးမှ ကင်းဝေးပါစေကြောင်း...

Ref: iPhonehacks/ reddit

Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...