Kanye West ရဲ့မင်္ဂလာပွဲကို တက်ရောက်မှာမဟုတ်တဲ့ Jay Z


Jack the Ripper on 2014-04-23 15:27

Rapper ကြီး Jay Z တစ်ယောက် Kanye West နဲ့ Kim Kardashian တို့ရဲ့မင်္ဂလာပွဲကို တက်ရောက်မှာ မဟုတ်ကြောင်းသိရပါတယ်။

နောက်လ ပဲရစ်မြို့မှာကျင်းပမယ့် ဒီမင်္ဂလာပွဲကို သတို့သမီးဖြစ်သူ Kim Kardashian ရဲ့ reality တီဗီရှိုး Keepin Up with the Kardishans အတွက် ရိုက်ကူးရေးပြုလုပ်မှာဖြစ်ပြီး အဲဒီ့ရိုက်ကူးရေးက သူတို့ကို အနေရခက်စေမှာစိုးရိမ်တဲ့ အတွက် Jay Z နဲ့ Beyonce တို့ရဲ့မိသားစုတက်ရောက်မှာမဟုတ်ကြောင်း Jay Z ကသူ့မိတ်ဆွေတစ်ယောက်ကိုပြောပါတယ်။

ဒါပေမယ့်လည်း Jay Z တစ်ယောက် Kanye နဲ့ဆက်ဆံရေး အဆင်ပြေနိုင်ဖို့အတွက် နယူးယောက်မှာရှိတဲ့ သူ့ရဲ့ ကလပ် 40/40 မှာ Kanye အတွက် လူပျိုည ပါတီပွဲခမ်းခမ်းနားနားကျင်းပပေးမှာဖြစ်ပြီး သူတို့ လင်မယားရဲ့ ပျားရည်စမ်းခရီး အတွက် ပေါင်တစ်သိန်းလက်ဖွဲ့ဖို့ပြင်ဆင်နေပါတယ်။

‘လူအရမ်းများတဲ့ ပွဲသာမဟုတ်ရင် အဲဒီ့ပွဲကို Jay Z တက်ရောက်ဖြစ်မှာပါ’ လို့အတွင်းသိတစ်ယောက်က The Sun သတင်းစာကိုပြောပါတယ်။

‘အဲဒီ့အစား သူ့မိတ်ဆွေကို အကြီးအကျယ်အခမ်းနားဆုံး ပါတီကြီးကျင်းပပေးမှာဖြစ်ပါတယ်’ လို့အဆိုပါ အတွင်းသိကပြောပါတယ်။

‘ဒါတွေအကုန်လုံးစီစဉ်ဖို့အတွက် ငွေကြေးအမြောက်အများကုန်ကျပါလိမ့်မယ်။ သူ (Jay Z) က လက်ဖွဲ့ အဖြစ်လည်း ပေါင်တစ်သိန်းသုံးပြီး ရွက်လှေ ငှားထားပြီးပါပြီ’ လို့ပြောပါတယ်။

Kanye နဲ့ Kim တို့ဟာ Jay နဲ့ Beyonce တို့နှစ်ယောက်ကို သူတို့ရဲ့မင်္ဂလာပွဲတက်ရောက်ဖို့ မျှော်လင့်နေခဲ့ တာဖြစ်ပြီး သူတို့ရဲ့တင်းကျပ်တဲ့လုံခြုံရေးအစီအစဉ်တွေက ကင်းလွင်အောင်စီစဉ်ဖို့ သဘောတူခဲ့တာဖြစ်ပါ တယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...