ဒီအပတ်ထဲမှာ တိတ်တဆိတ်လက်ထပ်မယ့် Kanye West နဲ့ Kim Kardashian တို့စုံတွဲ


Jack the Ripper on 2014-04-30 15:26

Kanye West နဲ့ Kim Kardashian တို့ဟာ သူတို့ရဲ့လူသိရှင်ကြားကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲ အကြိုပြင်ဆင်မှုအနေနဲ့ ဒီတစ်ပါတ်ထဲမှာ တိတ်တဆိတ် လက်ထပ်ဖို့ စီစဉ်နေပါပြီ။

သူတို့စုံတွဲဟာ စာနယ်ဇင်းတွေ အာရုံစိုက်မှုကနေလွတ်မြောက်ဖို့အတွက် လျှို့ဝှက်လက်ထပ်လိုင်ဆင် လက်ခံရရှိထားပြီး တရားရုံးတစ်ခုမှာ တရားဥပဒေအတိုင်း လက်ထပ်မှာဖြစ်ပါတယ် လို့အတွင်းသိ တစ်ယောက်က TMZ ကိုပြောပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံအတွင်း လက်ထပ်မယ့်သူနှစ်ဦးဟာ နိုင်ငံအတွင်းနေထိုင်ထိုင်သူနှစ်ဦးဖြစ်ရမယ် ဆိုတဲ့ ပြင်သစ်နိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် ဖြစ်တယ်လို့ The Sun ကဆိုပါတယ်။ ဒီလို တရားဥပဒေ ကြောင်းလမ်းအရ လက်ထပ်မှု အပြင် သူတို့စုံတွဲဟာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ ကိုပြုလုပ်ဦးမှာဖြစ်ပြီး အဲဒီ့ပွဲကိုပြင်သစ်နိုင်ငံက ရဲတိုက် တစ်ခုအတွင်းမှာ ကျင်းပမယ်ဆိုတဲ့ လက်တလော ကောလဟာလတွေရှိပါတယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...