Composition- Part (1)

Composition

Rule of Thirds

The Rule of Thirds သည် ဓါတ်ပုံ Composition တွင် မဖြစ်မနေ ကနဦး လေ့လာရသည့် ဥပဒေသ ဖြစ် သည်။ ရှုခင်း ပုံများတွင် လည်း သုံးရသည့် နည်း ဖြစ်သည်။ အထိရောက်ဆုံးလည်း ဖြစ်သည်။ ပုံ တစ်ပုံ ကို အလျှား နှင့် ထောင်လိုက် မျဉ်း နှစ်ကြောင်း စီဖြင့် ၉ ပိုင်းပိုင်း ကာ မျဉ်း များ အခြင်းခြင်း ဖြတ်သွားသည့် ဆုံမှတ်များနေရာတွင် အရေး အပါ ဆုံး Subject ကိုနေရာချသည့် နည်း ဖြစ်သည်။ အမြင်အာရုံ ကို ဆွဲဆောင် သည့် နေရာများ ဖြစ် ၍ Point of Interest ဟု ခေါ်ကြသည်။ အချို့ သော ကင်မရာ များ ၏View Finder များတွင် Grid လိုင်းပါသောကြောင့် ဓါတ်ပုံ ရိုက် စဉ်ကပင် အရေးကြီးသည် Subject ကို Rule of Thirds ၏ဖြတ်မျဉ်းဆုံ များ Point of Interest ၏ လေးနေရာ အနက် တစ်နေရာရာ တွင် အလွယ်တ ကူ နေရာချ ထား နိုင်သည်။



အထက်ပါပုံတွင် Point of Interest (၄) နေရာကို စက်ဝိုင်း ဖြင့် ပြထားသည်။



အထက်ပါ ပုံတွင် အဆောက် အဦ နှင့် Horizaon Line ကို Rule of Thirds ဥပဒေသ အတိုင်း နေရာ ချထားသည် ကိုေ တွ့ရ မည် ဖြစ်သည်။

အောက်တွင် Main Subject များကို Rule of Thirds ၏ Point of Interest နေရာများ တွင် နေရာချ ထားသည့် ပုံများကို နမူနာ အဖြစ်ပြထားသည်။













Balancing Elements

ပုံ၏ အဓိ က Subject ကို အထက်ဖေါ်ပြပါ Rule of Thirds အရ နေရာချ လိုက်ပါက ပို၍ အာရုံ စူးစိုက်ရာ အနေအထားများ ဖြစ်လာစေ သည်။ သို့ ရာတွင် ပုံ၏ ကျန် တစ်ဖက် နေရာတွင် ဟာ သွား တတ်သည်။ အောက် ပုံကို ကြည့်ပါ။ Main Subject ဖြစ်သည့် OUT ကို ညာ ဘက်ရှိ Rule of Thirds နေရာသို့ ပို့ လိုက် သည့်အတွက် ဘယ်ဘက်တွက် ဟာ သွားသည်။ တစ်နည်းအားဖြင့် Balance မဖြစ်တော့ ပါ။ ထိုအခါ အဆိုပါ ဟာ သွားသည့် နေရာကို Main subject ထက် အာရုံ ပို မရောက်စေ လောက်သည့် အရာဖြင့် အစားထိုး ထည့်ပေးပါ။ ဤ သည် မှာ ဓါတ်ပုံ ရိုက်စဉ်ကပင် ကြို ၍ ထည့်သွင်း စဉ်းစား ရမည့် အချက် ဖြစ်သည်။



အထက်ပါ ပုံတွင် အမြင် ချိန်ခွင်လျှာ မျှ စေရန် ဘယ်ဘက်ရှိ Main Subject ထက် အာရုံ လျှော့ စေနိုင်သည့် အဆောက် အဦး ငယ်ဖြင့် ဖြည့်ထားသည်။

Leading Lines

ဓါတ်ပုံ တစ်ပုံကို ကြည့် လျှင် သဘာဝ အားဖြင့် ပုံပေါ်ရှိ Line များက အမြင်အာရုံ ကိုဆွဲ ခေါ် သွားလေ့ ရှိသည်။ အထို အချက်ကို အခြခံ၍ ပုံတစ်ပုံတွင် မိမိ ပြလိုသော Main Subject ရှိရာသို့ အဆိုပါ Line များဖြင့် ဆွဲ ခေါ် သွားရမည် ဖြစ်သည်။ Line ဆိုရာ၌ - straight, diagonal, curvy, zigzag, radial etc -အားလုံး ဖြစ်နိုင်သည်။ အဆိုပါ Line တစ်ခု ခြင်းစီတို့သည် ဓါတ်ပုံ ၏Composition ကို အားဖြည့် ပေးလိမ့်မည်။



အထက်ပါ ပုံတွင် လမ်း ကလေးသည် ကြည့်သူကို ပုံ ၏ အစအဆုံး ဆွဲ ခေါ် သွားပေသည်။

Symmetry and Patterns

မိမိ တို့ အားလုံးသည် သဘာဝ အရ ဖြစ်စေ လူလုပ် ထားသည် ဖြစ်စေ တည်ရှိနေသည့် symmetry and patterns စသည် တို့ ၏ ပတ်လယ် တွင် ရှိနေသည်။ အဆိုပါ အရာ များသည် မမျှော်လင့် ဘဲ အမြင် အာရုံ ကို ဖမ်းစား နိုင် လောက်သည့် Composition မျိုး ဖြစ်လာနိုင်သည်။ ထို့ အပြင် အဆိုပါ Symmetry or pattern တို့ ကို အခြာအာရုံ စိုက်ဘွယ် ရာ တစ် ခုခု ထည့် ကာ လက်ရှိ Compositon အနေထားကို ဖျက် လိုက်ခြင်း သည်လည်း ပုံ ကို ပို၍ အာရုံ စိုက် လာဘွယ် ရာ ဖြစ်လာ စေနိုင်သည်။



အထက်ပါ ပုံတွင် Chapel ၏ အချိုးအစားကျ မှု Symmetry ကို ညာဘက် ထောင့်တွင် ပုံး တစ်ပုံး ထည့်ကာ ရှိရင်းစွဲ Symmetry အား ဖျက်ထားသည်ကို တွေ့ နိုင်သည်။

Viewpoint

ဓါတ်ပုံ တစ်ပုံ တစ်ပုံ ကို မရိုက်မှီ မည်သည့် နေရာက နေ Angle ယူ ၍ ရိုက် ရင် ကောင်း မလဲ ဆိုတာကို အချိန် ယူ စဉ်းစားပါ။ အပေါ် စီးက ရိုက် ခြင်းသည် Composition သဘောအရ အလွန်အားရှိသော အနေအထား မျိုး ဖြစ်သည်။ ပုံ ၏ အကြောင်းအရာကို ချက်ခြင်း သိစေနိုင် သည့် အနေအထားဖြစ်သည်။ ဓါတ်ပုံ ရိုက်ပါက Eye Level မှ ရိုက်မည့် အစား အထက်စီး အောက်စီး ၊ ဘေးတိုက် ၊ အနောက်ဘက် ၊ ခတ်ဝေးဝေး ၊ အနီးကပ် (high above, down at ground level, from the side, from the back, from a long way away, from very close up, ) စသည့် နေရာများမှ ရိုက်ခြင်းသည် ပုံ ၏ အမြင်အာရုံကို ပို ၍ အား ဖြည့် ပေးစေနိုင်သည်။



အထက်ပါ ပုံကို အထက် စီးမှ ရိုက် ထားသည့်အတွက် အမြင်ဆန်းကာ ၊ ကြည့်သူ၏ အတွေး နယ် ကို ချဲ့ စေသည်။

Background

ပုံတစ်ပုံသည် မည်မျှပင် ကောင်းနေသည် ဖြစ်စေ နောက်ခံ Background ဖျက်သဖြင့် ထင်သလောက် Impact မရှိတော့ သည့်အဖြစ် မကြာမကြာ ကြုံ ရတတ်သည်။ လူ ၏မျက်စေ့သည် ပုံထဲရှိ အရာ အားလုံး ကို ခွဲ ခြမ်းစိတ်ဖြာ ၍ ကြည့်ရာတွင် ကင်မရာ Lens ထက်ပို၍ အသေးစိတ်သည်။ ကင်မရာ Lens မှာမူ သူ့ ထဲ ၀င်လာသည့် အလင်းရုပ်ပုံအလင်းတန်း အားလုံးကို ဖမ်း၍ ပုံဖေါ်မည်သာ ဖြစ်သည်။ ဤသို့ ဖြင့် မလိုတာတွေ ပါလာကာ ပုံ ကို အားလျှော့ သွားစေ နိုင်သည်။ ထို့ကြောင်း မရိုက်မှီ ကပင် နောက်ခံ ကို စဉ်းစားပါ။ နောက်ခံ ဗြောင် သို့ မဟုတ် subject ကို မည်သို့သော အနှောက် အယှက် မှ မပေးနိုင်မည့် နောက်ခံကို ရွေး ချယ်ပြီးမှသာ ပုံ ကို Compose လုပ်ကာ ရို်က်ပါ။ ဤ သို့ ဖြင့် နောက်ခံ အနှောက် အယှက် ကင်းသည့် ပုံ ကို ရပါလိမ့် မည်။



အထက်ပါပုံ ၏နောက်ခံ Plain Black သညှ်ရှေ့ရှိ တစ်ယောထိုးနေသည့် မိန်းကလေး အားမည် သို့ သော အမြင်အာရုံ အနှောက်အယှက် မှ မပေးသည်ကို သတိပြုပါ။ တစ်နည်းအားဖြင့် အမြင်အာရုံ အားလုံးသည် တစ်ယောထိုးနေသည့် မိန်းကလေး ပေါ်မှ မည်သည့် နေရာသို့ မှ ထွက၍ မသွား သည်ကိုတွေ့ ရမည်။

Depth

ဓါတ်ပုံသည် Dimention နှစ်ခု ရှိသော Medium ဖြစ်သည်။ အမှန်တကယ် မြင်ကွင်း၏ အတိမ်အနက် ကို ကြည့်သူ မြင် နိုင်စေရန် သေခြာစွာ Conpose လုပ်ရန် လိုသည်။ ဤ ကဲ့သို့ ပုံတစ်ပုံ ၏ အတိမ် အနက် Depth ကို မြင်စေရန် Foregroung- Middleground- Background နေရာများတွင် အရာသတ္ထု တစ်ခုခု ထည့်ပေးရန် လိုသည်။ အခြားနည်းမှာ အထက်ပါ အပိုင်းသုံးပိုင်းကို ခတ်ဝါးဝါး ထပ်ပေးလိုက် ခြင်းပင်ဖြစ်သည်။ လူ ၏ မျက်စေ့ သည် သဘာဝအရ အဆိုပါ အပိုင်းသုံးပိုင်း ၏ အလွှာများကို ပေါင်း၍ မြင်ပေ လိမ့်မည်။ စိတ်အာရုံက သူ့ သဘော အလျှောက် ခွဲ ခြားကာ ကြည့်ပေလိမ့်မည်။ ဤ သို့ ဖြင့် ပုံ ၏ Depth ကို ဖန်တည်း နိုင်သည်။



အထက်ပါပုံ၌ အလွှာ တိုင်းတွင် စိတ်ဝင် စားဘွယ်ရာ သတ္တ၀ါ နှင့် အရာ များကို အကွာ အဝေး အမျိုးမျိုး အလိုက် ထည့် ပေးထားသည်ကို မြင် နိုင်သည်။ အထက်ပါ ပုံရှိ အလွှာ များ အား သိုးများနှင့် မျက်ခင်း၊ လယ်ကွင်းများ နှင့် တောင်ခြေ၊ တောင်ကုန်များ၊ မြူ ဆိုင်းနေသည့် လွင်ပြင်၊ မှိုင်းမှုန် ဝေသည့် တောင်တန်း စသည် ဖြင့် အလွှာ အသီးသီးကိုတွေ့ နိုင်သည်။

Framing

ပုံကို ဘောင်ခတ်ရာတွင် သဘာဝမှ ပေး အပ်ထားသည့် ဘောင် Frame များစွာ ရှိသည်။ ဥပမာ အားဖြင့် သစ်ပင်၊ archways ၊ တံခါးပေါက် ၊ ဂူ ပေါက် ကဲ့သို့သော အပေါက်များ ဖြစ်သည်။ Main Subject ကို အဆိုပါ သဘာဝကပေးလာသည့် Frame အတွင်း ထည့်ကာ ဘောင်ကွပ် ပေးခြင်း ဖြင့် Main Subject ကို အခြားသော အာရုံ ပြန့်စေ နိုင်သည့် အရာများမှ ခွဲထုတ် လိုက်ကာ ၄င်း အပေါ် အာရုံ ပို၍ ရောက်လာ စေ သည်။



အထက်ပါပုံ တွင် ဘေး ပတ်ဝန်းကျင်ရှိ တောင် များသည် Frame ဖြစ်ပြီး ရေလယ် ရှိ သစ်တုန်း ကလေး သည် Focal Point ဖြစ်သည်။

Cropping

အချို့ ပုံများတွင် Main Subject သည် များစွာ သေးငယ် နေ၍ အခြားအရာတွေ နှင့်ရောကာ Impact မရှိ ဖြစ်နေတတ် သည်။ ဤသို့ အနေအထားတွင် ဘေးမှ အနှောက်အယှက်များကို Crop ဖြတ်ထုတ်ကာ ဖယ် ရှားလိုက်ပါ။ Main Subject ကိုပို၍ အာရုံ စိုက်လာစေနိုင်ပါသည်။



အထက်ပါ ပုံတွင် မလိုအပ် သည့် အသေးအဖွား များကို Crop လုပ်၍ ရှင်းထုတ် ထားခြင်းဖြင့် Subject ကို အာရုံ ရောက်အောင် ပို့ ပေးထားသည်။

Experimentation

ယခုခေတ် သည် Film ခေတ် မဟုတ်တော့ ဘဲ Digital ခေတ် ဖြစ်နေပြီ ဖြစ်၍ ပုံ ကို အားမနာတမ်း စမ်း သပ် ရိုက်ကူး နိုင်သည်။ စမ်းရိုက်ကြည့်ပါ Composition မကြိုက်သည်များကို ဖျက်ပစ်ပါ။ အကြိမ်ကြိမ် စမ်းသပ်ပါ။ မိမိ ၏ စိတ်ကူး ပုံဖေါ် မှုကို စမ်းသပ် မကြည့်ဘဲ မည်သို့ မျှ ကောင်းသည် ဆိုးသည် မသိနိုင်။



Digital photography သည် Composition အမျိုးမျိုး ကို စိတ်တိုင်းကျ ရနိုင်သည် အထိ စမ်းသပ် ခွင့်ပြုထားသည်။

ဓါတ်ပုံ တစ်ပုံ၏ Composition သည် သိပ္မံ ပညာ မဟုတ်။ ဥပဒေသများ အတိုင်း ဆောင်ရွက် ရာမှ ထွက်ပေါ်လာသည့် ရလဒ် သာဖြစ် သည်။ မိမိ၏ အာရုံတွင် အဆင်မပြေ ပါက ထိုပုံ များကို ဖျက်ပစ်လိုက် ပါ။ ကာင်းမွန်သည့် တွင် Composition ရရှိလာပါ က ထို အတိုင်း ဆက်လုပ်ပါ။

Credits: ဆရာဦးစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...