Outdoor Portraits ရိုက်သည့် နည်းလမ်းများ



1) Never select all of the focus points for portraits, pick one.

ယခုခေတ်ပေါ် Digital Camera များသည် ပုံမှန်အားဖြင့် Lens ဖြင့် အနီး ဆုံး သော အရာ ကို သာ Focus လုပ် မည်သာ ဖြစ်သည်။ အချို့သော ကင်မရာများတွင် Focus Point များစွာ ပါသည်။ ကင်မရာကို Focus ချိန်ပါစေ ဆိုပြီး လွှတ် ထားလို့ က တော့ မိမိ ရိုက် မည့် Outdoor Portrait ပျက်ပြီ လို့သာ မှတ် ပေတော့။ Lens ကို လွှတ်မထားပါနှင့်။ လိုအပ် သည့် Focus Point တစ်ခု ထည်းကိုသာ ထိန်း ချုပ်ထားပါ။

2) Always focus on the eyes.

လူတွင် မျက်လုံးသည် စိတ် ၏သဘော ထင်ဟပ် သည့် နေရာဖြစ်သည်။ Portrait ရိုက်လျှင် ထိုနေရာကို Focus ဖြတ်ပါ။ Portrait ကောင်း တစ်ပုံ တွင် မျက်လုံး သည် အရေး အကြီးဆုံး နေရာတွင် ရှိသကဲ့ သို့ မျက် နှာ တွင် မျက်လုံးသည် အတောက်ပဆုံး အရာလည်း ဖြစ်သည်။ မျက် လုံးကို Aperture ကျယ်သည့် Lens များဖြင့် Focus ဖြတ်ကာ ရိုက်လျှင် Lens bokeh သည် အသားရောင် Skin Tone ကို နူးညံ့ ပြော့ပျောင်း စေပါလိမ့် မည်။



3) Shoot wide open for shallow depth of field.

Wide Aperture - Fast Lens များသည် ဈေးကြီးသော်လည်း Portrait ရိုက်ရာတွင် များစွာအသုံးဝင်သည်။ အဓိက အားဖြင့် Depth of Field တိမ်တိမ် နှင့် နောက်ခံ background ကို ၀ါး သွားစေသည့် အတွက် ဖြစ်သည်။ နောက်ခံ Blur ( Bokeh) ဖြစ်သွားသည့် အတွက် Background distraction မရှိနိုင်။ f-2.8 or f-4 ကဲ့ သို့ Wide Aperture Lens များဖြင့် ရိုက်ခြင်းဖြင့် ထို ဤ ကဲ့သို့ Bokeh များ ရနိုင်သည်။ သဘာဝ အလင်းရောင် နှင့်သာ ရိုက် ကူးသည့် လှပသည့် Fantastic Background Bokeh နှင့် ဖွဲ့စည်းထားသည့် Portrait များသည် Wide Aperture Lens များဖြင့် သာ ရိုက်ကူးခြင်း ဖြစ်သည်။

4) Never, ever, shoot a portrait at less than 50mm; try to stay at 70mm or higher.
Portrait ရိုက်ရာတွင် မည်သို့ သော အခါ မှ Focal Length 50mm ထက် လျှော့ သည့် Lens နှင့် မရိုက်ရန် သတတိပြုပါ။ အနည်းဆုံး Focal Length 70mm လောက်နှင့် ရိုက်ပါ။ 50mm အောက် ရှိ Lens များဖြင့် ရိုက်ပါက ပုံ Distortion ၀င်ကာ မျက်နှာ ကြီးသွားခြင်း ဘေးသို့ ပြဲ ထွက် သွားခြင်းများ ဖြစ်လိမ့် မည်။ Compression effect of Telephoto Lens သည် နောက်ခံ ကို ၀ါး သွားစေ သည်။ Portrait ပုံများကို င်္Focal Length 120mm, 200mm တို့ နှင့် ရိုက်လေ့ ရှိကြသည်။

5) Always shoot in RAW.

RAW သည် ကင်မရာ Sensor က ၀င်လာသည် data အားလုံးကို လုံးဝ ပြုပြင် ခြင်းမရှိဘဲ မူရင်း အတိုင်း သိမ်းထားသည့် Format ဖြစ်သည်။ JPEG ဖြင့် ရိုက် ရာတွင် မူ ရင်း data မျာကို ပြင်ပြီး မှ သိမ်းဆည်း ထားသည့် Format ဖြစ်သည်။ RAW Format ဖြင့် ရိုက်ကူးသည့် ပုံများကို အရောင်များ ပြန် လည် ညှိရာတွင် ပို၍ လွယ်သည်။ Retouch လုပ်ရာတွင် အလွန် ထိရောက် သည့် Format ဖြစ်သည်။

6) Always bring a gray card or a piece of a gray card for white balance.

White Balance ချိန်ရာတွင် သုံးသည့် Gray Card ဆောင်ထားပါ။ နေရာများတွင် အမျိုးမျိုး ပြောင်းလဲနေ သည့် White Balance ကြောင့် Post Production တွင် ပြန် ညှိရာ ၌ များစွာ ဒုက္ခ ရောက် သည်။ ထို့ ကြောင့် မရိုက်မီ Gray Card ဖြင့် White Balance ကို ချိန်ပြီး ရိုက်ခြင်းဖြင့် တစ်ညီ ထည်းသော White Balance ရရှိ ကာ Post Porduction ပြုလုပ် ချိန်တွင် အချိန် ကုန် သက်သာ စေသည်။

7) Shoot in the shade (Avoid direct sunlight)

Direct Sun Light နေရောင်ချည် အောက် တွင် ရိုက်ပါက ပုံများ အဖြု အမဲ ကွဲပြားမှု များသည့် လွန်းခြင်း အရိပ် များလွန်းခြင်းများရှိလာကာ ပုံ ကြမ်းသွားမည်။ အရိပ် အောက်တါင် ရိုက်ခြင်းဖြင့် Harsh shadow မရှိဘဲ smooth milky shadows ရ လာနိုင်သည်။ Exposure , White Balance မှန်မှန် ကန်ကန် ဖြင့် ရိုက် ခြင်းဖြင့် အံ့မခမ်း ပုံများ ရနိုင်သည်။

8) Shooting carefully on an overcast day.

သဘာဝ softbox သည် မိုးတိမ် ဖြစ်သည်။ တိမ် ထူထူ ဖုံးနေစဉ် အချိန်တွင် ရိုက်ပါက Colour အရောင် ပိုတက် ကာ very smooth and pleasing shadows ပုံ ရနိုင်သည်။

9) If you must use hot, hard, bright light…

စတူဒီရို Light သုံးခြင်း ကို လျှော့ကာ ရောင်ပြန် reflector ကိုသုံးပါ။ Silhouette ရိုက်သည်က လွဲ ၍ Sbject ၏နောက် တည့်တည့် တွင် Sun Light ထားခြင်းသည် မသင့်လျှော်။ ဓါတ်ပုံ ရိုက်သူ ၏နောက် တွင် Sun Light ရှိနေပါက Subject အား ကင်မရာဘက် တစ်နည်းအားဖြင့် Sun Light ကို ကြည့် ခြင်း မှ ရှောင် ခိုင်းပါ။ အခြားတစ်နည်းမှာ နေ ကို တိမ် ဖုံး သည့် အချိန်ကို စောင့်ပါ။ အဆိုပါအချိန်တွင် ရိုက်သည့် ပုံသည် တောက်ပပြီး contrasted look ပုံ များ ရ နိုင်သည်။






 

Credits: ဆရာစိုးလှိုင် (Country Road)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...