"S.I.R Rock House အဖွဲ့ မူလအတိုင်း Band 4 ဖွဲ့ဖြင့် ဆက်လက်လှုပ်ရှားမည်"



ဖေ့စ်ဘုတ်တွင် သတင်းများ ထွက်ပေါ်နေသော S.I.R Rock House ခွဲထွက်သွားသည် ဆိုသည့် သတင်းမှာ မဟုတ် မှန်ကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဧပြီ ၂၃ ရက်၊ မွန်းလွဲ ၁နာရီက Wanted Band ၌ ပြုလုပ်ခဲ့ သည်။

“အားလုံးတော်တော်များများ လည်း ဖေ့စ်ဘုတ်ပေါ်မှာ သိပြီး လောက်ကြပါပြီ။ ကျွန်တော်တို့ မန္တ လေး သင်္ကြန် သွားတယ်။ အဆင်မပြေ တာလေးတွေဖြစ် တယ်။ Big Bag ရယ်၊ Reason ရယ်၊ Idiots ရယ်က အပြင်မှာလည်း ဖော်ကာ ထက် အတွေ့ ပိုစိတ်တယ်။ ကျွန်တော်တို့ အချင်းချင်း က အလိုလို နားလည်မှု ရသွားတာလေးတွေ ရှိတယ်။ ဖော် ကာနဲ့ကျတော့ နည်းနည်း အလှမ်းဝေး သွားတယ်။ အဲဒီလိုဖြစ်တဲ့ အချိန် ကြားထဲမှာ အခန့် မသင့် တာလေးတွေ ကို ဖော်ကာ့ ကို မပြောဖြစ်ဘူး။ နောက်ဆုံး တကယ်စုပြီး ပြော လိုက်တဲ့ အချိန် မှာ အားလုံးက ယောက်ျားလေးတွေ ချည်းပဲပါတာကိုး။ ထုံးစံ အ တိုင်း ဒေါသလေးတွေ ပါတယ်။ စိတ်လောပြီးတော့ ဖေ့စ်ဘုတ်ပေါ် မှာ လည်း statement လေးတွေ လုပ်ပြီးတော့ တင်ကြသလို မျိုးဖြစ် သွားတယ်။ နောက် ဆုံး ဆက် လုပ် တော့မယ်၊ မလုပ်တော့ဘူး ဆိုတဲ့ အဖြေကို ၂၂ ရက်နေ့ညမှ i-entertain ရုံးခန်းမှာ ကျွန်တော်တို့ Final တွေ့ဖြစ်တယ်။ အဲဒီအချိန် မှာ ဖော်ကာရဲ့ Response နဲ့လည်း အများကြီး ဆိုင်တယ်။

ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ ဖော်ကာကလည်း သူ့စိတ်ထဲမှာ S.I.R နဲ့ဆက်ပြီး အလုပ်လုပ်ချင်တယ် ဆိုတာကို ကျွန် တော် တို့ တွေ့ လိုက်ရပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ဘက်ကလည်း positive ပြန်ဖြစ်လာတဲ့ သဘောပေါ့။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်ပါ မယ်။ အရင်အတိုင်းပဲ ဒီ ၄ Band ဆက်သွားပါမယ်” ဟု Big Bag အဖွဲ့ မှ ကျားပေါက်က S.I.R Rock House အနေနှင့် စည်းစည်း လုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ဂီတ အလုပ်များ ဆက်လက် လုပ်ကိုင် သွားမည့် အ ကြောင်း၊ ဖြစ်ပေါ်နေ သည့် ပြဿနာ များ ပြေလည် သွားပြီဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

S.I.R Rock House နှင့် ဆက်လက် ချီတက်မည့် Wanted အဖွဲ့မှ ဖော်ကာ၏ ရှင်းလင်းပြော ကြားသည့် စကားသံက “ကျွန်တော်က တစ်ခုခုဆို ဝူးဝူး ဝါးဝါးဖြစ် တာနဲ့ ကျွန်တော် တို့ အဖွဲ့က လူတွေက မပြောဘဲ ထားတာ နဲ့ နောက်တော့ ပေါက်ကွဲစရာလေးတွေ ဖြစ်လာတယ်။ သူတို့ပေါက်ကွဲတဲ့ အချိန်မှာ ဒီလိုမျိုး ပြဿနာလေးတွေဖြစ် သွား တယ်။ အဲဒါကို ကျွန်တော်က ကိုယ့် လူတွေကို ကျေနပ်အောင် ရှင်းပြ တယ်။ တောင်းပန်တယ် ဆိုတော့ သူတို့က ကျွန်တော့်ကို အရင်ကရှိခဲ့တဲ့ စိတ်ဓာတ်လေးတွေ နဲ့ ပြန် ကြည့်ပြီးတော့ ခွင့်လွှတ်ပေးကြ တာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ အရင် အတိုင်းပဲပြန် သွားကြတာပေါ့” ဟု ပြောသည်။

S.I.R Rock House ၏ ရှေ့ဆက်လျှောက်မည့် ဂီတ လှုပ်ရှားမှုများ နှင့် ပတ်သက်ပြီးလည်း Reason အဖွဲ့မှ အောင်လက “ကျွန်တော်တို့ ဖော်ကာ နဲ့လည်း အရင်လို ရင်းရင်းနှီးနှီး ပြန်ဖြစ်သွားတဲ့ အတွက် ကျွန်တော့် စိတ်ထဲမှာ ပီတိလည်းဖြစ်တယ်။ ဝမ်းလည်းဝမ်း သာပါတယ်။ ကျွန်တော်တို့ ညီအစ် ကို စိတ်တွေ နဲ့ ပြန်ပြီးတော့ လုပ်လို့ ရပြီ။ နောက်တစ်ချက် ကကျတော့ S.I.R နဲ့ပတ်သက်ပြီး ဟိုးအရင်က စီစဉ်ထားတဲ့ အတိုင်း S.I.R ရဲ့ ပထမ အခွေ MTV ကို ထွက်နိုင်အောင် ကျွန်တော်တို့ လုပ်မယ်။ ပြီးသွား ရင် ကျွန်တော်တို့ S.I.R ရဲ့ ဒုတိယ အခွေကို မေမြို့ကို တစ်ဖွဲ့လုံး တစ်လ လောက် သွားပြီးတော့ တစ်ခါတည်း ရေး၊ တစ်ခါတည်း တီး၊ တစ်ခါတည်း ဆို၊ တစ်ခါ တည်း ရိုက်ခဲ့ မယ့် အစီ အစဉ်ကို ဒီနှစ် အတွင်းမှာ လုပ်ဖို့ရှိ ပါတယ်”ဟု ဆိုသည်။

S.I.R Rock House ၏ ဖျော် ဖြေမည့် ရှိုးပွဲနှင့် ပတ်သက်ပြီး Idiot အဖွဲ့မှ ရေမွန်က “မေလ ၁ ရက်နေ့၊ မော်လမြိုင်မှာ ကျွန်တော်တို့ S.I.R ပွဲရှိပါတယ်။ ဖေ့စ်ဘုတ်မှာ ဒေါသ ထွက်နေကြတဲ့ ပရိသတ်တွေ ဒေါသ မထွက်ကြပါနဲ့။ ကျွန်တော်တို့ S.I.R အရင် အတိုင်း ပြန်ဖြစ်သွားပါပြီ” ဟု ပြောသည်။

မျိုးမောင်
Popular Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...