နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့် အစီအစဉ်ကို Skype စတင်နေ



မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။

အဆိုပါအစီအစဉ်အရ Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင် မည်ဖြစ်သည်။

Skype Unlimited တွင် Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းခေါ်နိုင်ပါတယ်။ Unlimited One Country ကတော့ နိုင်ငံအားလုံးထဲကမှ မိမိဖုန်းခေါ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံတည်း အတွက်ကိုသာ ခေါ်နိုင်တာမျိုးပါ” ဟု APS Technology မှ ပြောသည်။

Skype Unlimited ဖြင့် ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂူအန်၊ ပူအတိုရီကို (Puerto Rico) စသည့် နိုင်ငံ ၈ နိုင်ငံကို မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ကြိုးဖုန်းသာခေါ်ဆိုနိုင်ဦးမည် ဖြစ်သည်။ ထို့ ပြင် Unlimited ဝန်ဆောင်မှုမရသော နိုင်ငံများသို့ ဖုန်းခေါ် ဆိုလိုပါက နိုင်ငံအလိုက်ကို မိနစ်ဖြင့် ဝယ်ယူအသုံးပြုခေါ်ဆိုနိုင်မည်ဖြစ်ပြီး ၎င်းမိနစ်ဖြင့် အသုံးပြုခြင်းသည် Credit နှင့် ခေါ်ဆိုခြင်းထက် ထက်ဝက်နီးပါးသက်သာကြောင်း သိရသည်။

Skype Unlimited World အကောင့်တစ်လစာကို ၁၂,၅၀၀ ကျပ်နှင့် Unlimited One Country အကောင့် တစ်လ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်ကို Credit (သို့မဟုတ်) မိနစ်ဖြင့်လ ည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နိုင်ငံချင်းစီအလိုက် ဈေးနှုန်းများနှင့် Skype အကောင့် အသစ်ဖွင့်ခြင်း၊ ဆော့ဖ်ဝဲသွင်းခြင်း၊ ဆော့ဖ်ဝဲ Update ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း- ၀၉-၅၀၉၁၈၂၀ နှင့် ၀၉-၂၅၀၀၈၀၃၂၄ တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင် မည်ဖြစ်သည်။

ရဲထွဋ်ဝင်း
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...