University of South Florida တွင် Summer Youth English Experience Program ကို တက်ရောက်နိုင်

အမေရိကန် နိုင်ငံရှိ University of South Florida တွင် Summer Youth English Experience Program ကို မြန်မာကျောင်းသား၊ ကျောင်းသူများ တက်ရောက် သင်ကြားနိုင်ကြောင်း Regent Consultancy Services Co.,Ltd မှ သိရသည်။

ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေ လွယ်ကူစေရန် အတွက် Summer Youth English Experience Program ကို Section ၄ခု ဖွင့်လှစ်ပေးထားပြီး Section ၁ ခုကို ဇွန်လ ၈ ရက်၊ Section ၂ ကို ဇွန်လ ၂၂ ရက်၊ Section ၃ ကို ဇူလိုင်လ ၆ ရက်၊ Section ၄ ကို ဇူလိုင်လ ၂၀ ရက်စသည့် ရက်များတွင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း သိရသည်။ Section တစ်ခုလျှင် ၂ ပတ် ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၂၀၀ ကုန်ကျမည် ဖြစ်သည်။ ထို့အပြင် ကျောင်းသူ၊ ကျောင်းသားများ အတွက် အထူးအခွင့်အရေး အနေဖြင့် Section ၂ခုကို ဆက်တိုက် တက်ရောက်နိုင်မည့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Summer Youth English Experience Program ကို တက်ရောက်လိုသူများ အနေဖြင့် အသက် ၁၄ နှစ်မှ ၁၈ နှစ် အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ရမည့် အပြင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု Inermediate Level ရှိရမည် ဖြစ်ကြောင်း သိရသည်။

USF တွင် Summer Program တက်ရောက်ခြင်းဖြင့် နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ ဆုံ ရင်းနှီးခွင့် ရရှိနိုင်ခြင်း၊ USF တက္ကသိုလ်၏ Student Life ကို ရရှိနိုင်ခြင်း၊ USF ရှိ ကျောင်းသူ၊ ကျောင်း သားများ၊ Professor များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရနိုင်ခြင်း၊ English Worskshop များကြောင့် မိမိ၏ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင် တတ်မြောက်မှု ပိုမိုတိုးတက်လာခြင်း၊ Tampa မြို့၏ လှပသော၊ အထင်ကရ နေရာများသို့လည်း လည်ပတ်ခွင့် ရရှိနိုင်ခြင်း၊ American Cultural ကို လေ့လာခွင့် ရခြင်းစ သည့် ဘဝ၏ အမှတ်ရဖွယ် အတွေ့အကြုံများ မြောက်မြားစွာကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

University of South Florida ကို ၁၉၅၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် (Florida)ရှိ လှပသာယာပြီး ရာသီဥတု အပူချိန် မျှတသည့် တမ်ပါ (Tampa) မြို့တွင် တည်ထောင်ခဲ့သည်။ University of South Florida (USF) သည် အမေရိကန်ပြည်ထောင်စုတွင် အကောင်းဆုံး သုတေသန တက္ကသိုလ်များဖြစ်သော ထိပ်တန်း တက္ကသိုလ်များသာ ပါဝင်သည့် သုတေသနအမြင့်ဆုံး Tier 1 အဆင့်ဝင် တက္ကသိုလ် အဖြစ် သတ်မှတ်ထားသည်။

Summer Youth English Experience Program သို့ တက်ရောက်လိုသော မြန်မာကျောင်း သား၊ ကျောင်း သူများ အသေးစိတ် သိရှိလိုပါက University of South Florida ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စား လှယ် ဖြစ်သော Regent Consultancy Services Co.,Ltd အမှတ် R-2၊ အောင်မြေသာစည် အိမ်ရာ၊ အောင်ချမ်းသာ (၂)လမ်း၊ ကမာရွတ်မြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်း-၀၁-၅၃၀၅၆၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...