Y chromosome ဝိုင် ခရိုမိဇုမ်း



• ‘ခရိုမိဇုမ်း’ ဆိုတာ ကြားဘူးကြပါမယ်။ လူတိုင်းမှာ မျိုးဗှီဇအရ အရေးပါတဲ့ အဓိက ‘ခရိုမိဇုမ်း အိတ်စ်’ နဲ့ ‘ခရိုမိဇုမ်း ဝိုင်’ ဆိုတာ ရှိကြတယ်။
• ‘ဝိုင်’ ဆိုတာက အထီး (ယောက်ျား) မှာသာပါတယ်။
• ကိုယ်ဝန်တခုမှာ ယောက်ျားလေးဖြစ်မလား၊ မိန်းကလေး ဖြစ်မလားဆိုတာ ‘ဝိုင် ခရိုမိုဇုမ်း’ ကနေဆုံးဖြတ်တယ်။
• ယောက်ျားတွေမှာ သုက်ပိုးထုတ်ရာမှာလဲ သူကအရေးကြီးတယ်။
• အခုသိလာရပြန်တာက လူ့သက်တမ်းကို သူကနေဘဲ ဆုံးဖြတ်ပါသတဲ့။
• ကနေ့သိထားသမျှ ယောက်ျားတွေဟာ မိန်းမတွေထက် အသက်တိုကြတယ်။
• Uppsala University အူပန်ဆာလာ တက္ကသိုလ်သုတေသနလုပ်သူတွေကနေ အသက်ကြီးသူ လူပေါင်း ၁၆ဝဝဝ ကိုစမ်းသပ်ခဲ့ပါတယ်။
• တွေ့ရှိလာတာကတော့ သွေးဖြူဥတွေထဲမှာ ‘ဝိုင်ခရိုမိုဇုမ်း’ ပျောက်ဆုံးခြင်းဟာ အသက်တိုတယ်လို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်လဲ အသက်သေစေနိုင်ပါသေးတယ်။
• ကင်ဆာနဲ့သေရသူတွေထဲမှာ ယောက်ျားတွေကပိုအသက်တိုကြတယ်။
• ပုံမှန် ဆဲလ်တွေထဲက DNA ပြောင်းလဲခြင်းဖြစ်ရင် ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တယ်။
• အိန္ဒိယမှာ ယောက်ျားတွေက ၆၄့၆ နှစ်နဲ့ မိန်းမတွေက ၆၇့၇ နှစ်အသက်ရှည်ကြတယ်။ ၂ဝဝ၂ နဲ့စာရင် မိန်းမတွေက ၂့၂ နှစ်နဲ့ ယောက်ျားတွေက ၁့၈ နှစ်ပိုအသက်ရှည်လာတာဖြစ်တယ်။
• မြို့နေအမျိုးသမီးတွေက တောသူမတွေထက် ၄့၉ နှစ်အသက်ပိုရှည်ပြီး၊ မြို့သားတွေက တောသားတွေထက် ၇့၉ နှစ်ပိုအသက်ရှည်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...