Apple’s iCloud Activation Lock ကိုကျော်နည်း [how to bypass iCloud Activation]



iCloud Account ထည့်ထားတဲ့ ဖုန်းတွေကို ၀ယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာ အကြီးအမားဆုံး အတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများ သိကြပါတယ်။ ဒါကိုဖြည်လို့ မရတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple’s iCloud activation Bypass Server ကို တီထွင်လိုက်ပါပြီ ။ iCloud ကိုကျော် နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှု ရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်း အသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့် စမ်းသပ်အနေနဲ့သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကို အသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေး ထည့်သွင်းပေးလိုက် ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၁ ကြောင်းကို “Magic Line” လို့ တင်စား သုံးနှုန်းထားပါတယ်။ ယင်း code ကတော့ အောက်ပါအတိုင်းပါ။

188.226.251.76 http://Albert.Apple.com/

host file ကတော့ C:\Windows\System32\Drivers\etc အောက်မှာ ရှိပါတယ်။ ယင်းဖိုင်ကို notepad နဲ့ဖွင့်ပြီး အပေါ်က code တစ်ကြောင်းကိုဖြည့်လိုက်ပါ။ ထည့်သွင်းပုံ နမူနာကတော့ အောက်ပုံအတိုင်းပါ။



ပြီးရင် save လုပ်ပါ။ ပြီးရင် ကွန်ပျူတာကို restart ချပါ။ ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီ ဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားဖို့ပဲ လိုတော့မှာပါ။ ဖုန်းနဲ့ ကွန်ပျူတာနဲ့မချိတ်ခင်မှာ ဖုန်းကို ပါဝင်အရင် ပိတ်လိုက်ပါ။ ပြီးမှပြန်ဖွင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ ပြီးရင် iTunes ကိုပြန်ဖွင့်ပြီး Step by Step activation လုပ်လို့ရပါပြီ။ iCloud မိနေတဲ့ users တွေအားလုံးပဲ အဆင်ပြေကြပါစေ။

Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn -------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...