အမေရိကန် နာမည်ကျော် စာရေးဆရာမ မာယာ အန်ဂျလို ကွယ်လွန်


ဝါရှင်တန်

ရဲလွင်အောင်

အမေရိကန် ကဗျာဆရာမတစ်ဦးလည်း ဖြစ်သလို စာရေးဆရာ နှင့် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ လည်းဖြစ်သည့် မာယာ အန်ဂျလိုသည် အသက် (၈၆) နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရ သည်။

အန်ဂျလိုသည် ၁၉၆၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သည့် “လှောင်ချိုင့်စံ ငှက်လေး ဘာကြောင့် တေးဆိုတယ် ဆိုတာကို ငါသိတယ် ( I Know Why the Caged Bird Sings) အမည်ရှိ ကိုယ်ရေး မှတ်တမ်း စာ အုပ်ကြောင့် လူသိများခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်အတွင်း အမေရိကန် ပြည်ထောင်စု၌ စာပေ ဆိုင်ရာ သြဇာကြီးမားသူ တစ်ဦး ဖြစ်ခဲ့သည်။ ၎င်း စာအုပ်သည် အန်ဂျလို၏ ကိုယ်တိုင်ရေး အတ္ထုပတိ္တ စာအုပ်ခုနှစ်တွဲ၏ ပထမဆုံး အတွဲဖြစ်ပြီး ၎င်း စာအုပ်တွင် ၁၉၃၀ ခုနှစ် များအတွင်း အမေရိကန်ပြည်ထောင် စု တောင်ပိုင်းတွင် နေထိုင်ခဲ့ရသည့် အန်ဂျလို၏ ငယ်ဘ၀နှင့် လိင်ပိုင်း ဆိုင်ရာအနိုင်ကျင့်ခံ ရမှုများကို ဖော်ပြ ထားသည်။

ဒေါက်တာအန်ဂျလိုသည် နိုင်ငံတော် ၏ သမီးကောင်းရတနာတစ်ဦးဖြစ်ပြီး ၎င်း ၏ ဘ၀နှင့် သင်ကြားမှု များကြောင့် ကမ္ဘာတစ်ဝန်း ရှိ လူသန်း ပေါင်းများစွာ စိတ်ခွန်အားရရှိ ခဲ့ကြောင်း ၁၉၈၂ ခုနှစ် ကတည်းက အန်ဂျလို အမေရိကန် လေ့လာရေး ပညာပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၀ိတ်ဖော ရစ်စ် တက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

အန်ဂျလို အသက်ရှစ်နှစ်အရွယ်တွင် အာကန်ဆောပြည်နယ် စတမ့်စ်အရပ်၌ အဘွား ဖြစ်သူ ၏ စောင့်ရှောက်မှုဖြင့် နေထိုင်နေစဉ် မိခင် ဖြစ် သူ ၏ ချစ်သူက ၎င်း အား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ သည်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ ရကြောင်း မိသားစုအား အန်ဂျလို ကပြန်လည် ပြောပြ ပြီး နောက် တွင် မိခင်ဖြစ်သူ၏ ချစ်သူသတ်ဖြတ်ခံခဲ့ရသည်။ကျွန်မရဲ့ပြောဆိုမှုကြောင့် သူသေရတယ် လို့ထင်ပါတယ်၊ ဒါကြောင့် မပြောဘဲနေတာ အကောင်း သားလို့ တွေးမိတယ်လေ။ အဲဒီအချိန်ကစပြီး စကားသိပ်မပြော ဘဲ နေခဲ့ပါတယ် ဟု အန်ဂျလို ကပြောဆိုခဲ့သည်။ အန်ဂျလိုသည် ငါးနှစ်ခန့်စကား မပြော ဘဲနေ ခဲ့ကြောင်း သိရသည်။

အန်ဂျလိုသည် အဆိုတော်၊ ကချေသည်၊ ကော့တေး စားပွဲထိုး၊ ပြည့်တန်ဆာ နှင့် သရုပ်ဆောင် စသည့် ဘ၀များဖြင့် ကျင်လည် ခဲ့ပြီး နောက် ဆုံးတွင် စာရေးဆရာမအဖြစ် အသက်မွေးခဲ့သည်။ ၎င်း ၏ ကဗျာ စာအုပ်များမှာ ust Give Me a Cool Drink of Water fore I Diiie( 1971) ၊ And Still I Rise (1978) ၊ Now Sheba Sings the Song (1987) နှင့် I Shall Not Be Moved (1990) တို့ဖြစ်ကြောင်း သိရသည်။ အမေရိကန် သမ္မတ ဘီလ် ကလင်တန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ရွတ်ဆိုရန် ရေးသားခဲ့သည့် On the Pulse of the Morning ကဗျာအား လူသန်းပေါင်းများစွာက တန်ဖိုးထား ဖတ်ရှုခဲ့ ကြသည်။

Source:BBC
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...