ပွဲဆူနေတဲ့ စိုင်းစိုင်းရဲ့ နိုင်ငံရေးမနိုင်ဝန်



ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ နိုင်ငံရေးနှင့်ပတ်သက်၍ မနိုင် ၀န်မထမ်းလိုကြောင်း ရေးသားခဲ့ သော စိုင်းစိုင်း ခမ်းလှိုင်ကို ပရိ သတ်များက ဝေဖန်လျက်ရှိကြ သည်။

နိုင်ငံရေးနှင့်ပတ်သက်သော သဘောထားစကားစုကို စိုင်းစိုင်း ခမ်းလှိုင်က မေလ ၂၆ ရက်တွင် ရေးသား ခဲ့ခြင်းဖြစ်ပြီး ‘‘ကျွန်တော် သာမန်ပြည်သူတစ်ယောက်ဖြစ် ပါသည်။ အနုပညာလုပ်ပါသည်။ ဖျော်ဖြေရေး လုပ်ငန်းတစ်ခုပိုင် ဆိုင်ပါသည်။ ၀န်ထမ်းအနည်း ငယ်ကို အလုပ်ပေးထားနိုင်ပါ သည်။ ၎င်းတို့၏ ကိစ္စ အ၀၀ကို တာဝန်ယူနိုင်ရန် ကြိုးပမ်းပါသည်။လောလောဆယ်အထိတော့ ကျွန် တော့်ဦးနှောက်ခပ်သေးသေး က ဒီလောက်ပဲ တတ်နိုင်ပါသေး သည်။ မနိုင်ဝန်မထမ်းလိုပါ ကျွမ်း ကျင်ရာသာ လိမ္မာပါသည်။ ဒါ သည်ပင် ကျွန်တော်၏ နိုင်ငံရေး ဖြစ်ပါသည်’’ ဟု ရေးသားထား ခြင်းဖြစ်သည်။

ယင်းသို့ရေးသားသည့် အချိန်သည် နာမည်ကြီး အနုပညာ ရှင်အချို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေး ထိုးသည့် ကိစ္စနှင့် တိုက်ဆိုင်နေသဖြင့် ထိုကိစ္စနှင့် ချိန်ထိုးကာ အများစုက ဝေဖန် နေကြခြင်းဖြစ်သည်။

ထိုသို့ စိုင်းစိုင်းရေးသားပြီး မကြာမီမှာပင် ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ မြေးအေးနေ၀င်းနှင့်အ တူ အဖွဲ့ လိုက်ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသောကြောင့် ဝေဖန်မှုများ ပိုမို အရှိန်မြင့်လာ ခဲ့သည်။

စိုင်းစိုင်းခမ်းလှိုင်က အ ထက်ပါ စကားစုကို ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာမှ ဖြုတ်ချခဲ့ သလို ယင်း အကြောင်းအရာ အပေါ် ပရိသတ်များ၏ ထင်မြင် ချက်များနှင့်ပတ်သက်၍ မေလ ၂၈ ရက် ညတွင် ဖေ့စ် ဘွတ်ခ်၌ ‘‘ဘယ်အရာကို မဆိုမလုပ်နိုင်တာ ကို မလုပ်နိုင်တဲ့အကြောင်း လုပ် နိုင်တာကို လုပ်နိုင်တဲ့ အကြောင်း ရိုးသားစွာ ပြောခဲ့ပါသည်။ အများ အကျိုးအတွက် ကြိုးစားဆောင် ရွက်နေသူများအားလုံးကို အား ပေးထောက်ခံပါသည်။ ကျွန် တော့်အား နားလည်မှုလွဲမှားခဲ့ကြ ခြင်းအတွက် အများကြီး စိတ် မကောင်းဖြစ်ရပါသည်’’ ဟု ပြန် လည်ရေးသားထားသည်။

စိုင်းစိုင်းခမ်းလှိုင် မေလ ၂၆ ရက်က တင်ခဲ့သော အကြောင်း အရာနှင့်ဆင်တူသည့် စကားတစ် ခုကို လက်ရှိပုဒ်မ ၄၃၆ ပြင်ဆင် ရေးအတွက် အနုပညာရှင်များ လက်မှတ်ရေးထိုးရာတွင် ဦး ဆောင်လှုပ်ရှားသူ ဒါရိုက်တာ ကြည်ဖြူသျှင်က မေလ ၂၇ ရက် တွင် ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားကာ တုံ့ပြန် ခဲ့သဖြင့် ပရိသတ်များ စိတ်ဝင်စား မှု ပိုသွားခဲ့သည်။

‘‘ကျွန်မသည် သာမန်ပြည် သူတစ်ယောက်ဖြစ်ပါသည်။ အနုပညာသမား ဒါရိုက်တာ တစ် ယောက်ဖြစ်ပါ သည်။ ထမင်းရှင် ပရိသတ်၏ အားပေးမှုကြောင့် ၀ါသနာပါသော အနုပညာသမား တစ်ယောက် ဘ၀ဖြင့် ရပ်တည် နိုင်ခြင်း ဖြစ်ပါသည်။ လောလော ဆယ်အထိ ကျွန်မ၏ဦးနှောက်ခပ် သေးသေးဖြင့် မနိုင်ဝန်မှန်း သိ သော်လည်း နိုင်သလောက် ၀င် ထမ်းနေပါသည်။ မကျွမ်းကျင် သော်လည်း ကိုယ့်နိုင်ငံအရေးမှာ ကိုယ့်အရေးဖြစ်၍ ၀င်ပါနေပါ သည်။ ဒါသည်ပင် ကျွန်မ၏ နိုင်ငံ ရေးဖြစ်ပါသည်’’ ဟု ရေးသား ထားသည်။

ဝေဖန်မှုများကြုံတွေ့ရပြီး နောက် စိုင်းစိုင်းခမ်းလှိုင်သည်မေလ ၂၉ရက်တွင်မူ ပုဒ်မ ၄၃၆ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိ သည်။

7Day News Journal
No.394 Friday, May 30, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...