စိတ်ချ ရပြီး ကြံ့ခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထားသင့်တဲ့ အချက်တွေ



ဒီရက်ပိုင်းအတွင်း ကျွန်တော့် မိတ်ဆွေတွေထဲက account တွေ တစ်ခုပြီးတစ်ခု ကျနေတာတွေ Hacked
ပြုလုပ် ခံရတာတွေ များလာတယ်ဗျ။

ဒီတော့ Email၊ Facebookနဲ့ Twitter တွေရဲ့ Passwords တွေဘယ်လို လုံခြုံ စိတ်ချ ရစေဖို့ မိမိရဲ့ Account
ကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများအလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwords
တစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။

ဒီလိုမျိုး စိတ်ချရပြီး ကြံ့ခိုင်တဲ့ Passwords တစ်ခု ပေးဖို့အတွက် သိထားသင့်တဲ့ အချက် လေး တွေကို
ကမ္ဘာကျော် Hacker Group တစ်ခု ဖြစ်တဲ့ Anonymous group ကထုတ်ပြန်ချက်ကို Time မဂ္ဂဇင်းက
ဖော်ပြထားပါတယ်။

Passwordsကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။ စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ
၈ လုံး ပါ ပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅လုံး ပေးထား ရင်တော့ အကောင်းဆုံးပါပဲတဲ့။

စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။

Passwordsတစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသား
နဲ့ ကိန်း ဂဏန်းနှစ်မျိုး ရောစပ် ပေးထားပြီး သင့် Passwords ကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ် ပေးလိုက်ပါ။ ဒါ့ အပြင် စာလုံးတွေ ကိုလည်း အကြီး အသေး နှစ်မျိုး စလုံး သုံးပေးရင် ပိုကောင်း ပါ
တယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆို
တဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

Dictionary ထဲမှာ ပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။

ဥပမာ အနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother” ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionary
ထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ် မချရပါဘူး။ အဲဒါကြောင့် စာသား
တွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲ သုံးစွဲပါ။

တချို့ စာလုံးတွေကို ကိန်းဂဏန်း တွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာ အနေနဲ့ ပြောရရင် Letter “O”အ
စား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်
လာမှာပါ။

ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။

တချို့ စာလုံးတွေက Dictionary ထဲမှာ မပါဝင် ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာ
မည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်း နံ
ပါတ် တို့ကို Passwords အဖြစ် ထားရင် တစ်ဖက် လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။

User Name ကို Passwords အဖြစ် ပြန်ပေးတာမျိုးတွေရှိသလို အစဉ်လိုက်ကိန်းဂဏန်း တွေနဲ့ Keyboard
ပေါ်မှာ အစဉ်လိုက်ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။

User Account တစ်ခုမှာ အသုံးပြု ပြီးသား Passwords ကို နောက်ထပ် Account တစ်ခုမှာ အသုံးမပြုပါနဲ့။
လို့ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် သင့် Facebook အကောင့် လုံခြုံရေး အတွက် အချက်မှာ Security Question ပေးသင့်ပါတယ်
Security Question ပေးရန် Link မှာ https://www.facebook.com/settings?tab=security ဖြစ်ပါ
တယ်။

သတိထား ရမှာက အဲ့ဒီ Facebook Security Question မှာ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ ခန့်
မှန်းရခက်တဲ့ မေးခွန်းနဲ့ အဖြေကို ပေးပါ Secure Browsing setting ကို On ထားပါ Recovery အသုံးပြု
သော Email ကို ဖြည့်ထားပါ ထိုemail မှာ ပြန်လည် ပြုလုပ်ရန်ဖြစ်သည် Login Notifications ကို လည်း
On ပေးထားပါ။ မိမိ မသတ်မှတ် ထားသော Devices မှ မိမိအကောင့်ကို ၀င်ရန် ကြိုးစားမှုကို Email သို့မ
ဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော
Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်)

Login Approvals ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ် သည်။

အနည်းငယ် အလုပ်ရှုတ်သော်လည်း သူတစ်ပါး လက်ထဲသို့  မရောက်အောင် တားဆီး နိုင်သည့် အဓိက နည်းလမ်းဖြစ်သည်)

Active Sessions ကို ပုံမှန် စစ်ဆေးပါ။ မူမမှန်သော Login ၀င်ရောက်မှု အတွက် (ဥပမာ - များသောအား
ဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တက်ပါသည်။

IP မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။ အကောင့် Lock ကျတက်သည်၊ ယာယီ ပိတ်ခံရတက်သည်။

Free Wifi နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင် မသုံးပါနှင့်။ Same Network တစ်ခု ထဲမှာ ဆိုလျှင်
မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။

မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အ
ကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။

နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝ အဟက်ခံ လိုက်ရပြီဆိုလျှင် ယခင် Password အဟောင်း ဖြင့်
အဟက်ခံရသော မိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

From: Burmar Pyi Thar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...