ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ အပိုင်း (၆ ) (Photo Clinic - VI)

စကားဦး

ယခု မှတ်စုတွင် ဖေါ်ပြသည့် ဓါတ်ပုံများအား အပြုသဘော အကြံပြုခြင်းများမှာ အင်္ဂလန်နိုင်ငံထုတ် Practical Photography မဂ္ဂဇင်းတွင် သက်ဆိုင်ရာ ဓါတ်ပုံ နယ်ပါယ် အလိုက် ထင်ရှားသည့် အမြင့်တန်း ( Professional ) ဓါတ်ပုံပညာရှင်များ ဖြစ်ကြသော David Lam, Neale and Judith Clark, Andrew James တို့ ရေးသားထား သည့် What do you Think? အမည်ရှိ ဝေဘန်သုံးသတ် အကြံပြုချက် ဆောင်း ပါးကို အပိုင်းအလိုက် ကောက်နှုတ်ကာ ဆီလျှော်သကဲ့သို့ ဘာသာ ပြန် ထားခြင်း ဖြစ်ပါသည်။

ဝေဘန် အကြံပြု သည့် ဓါတ်ပုံပညာရှင်များမှာ -

- David Lam - သည် ထိပ်တန်း Fashion Photographer တစ်ဦး ဖြစ်ပါသည်။ သူ၏ ပုံများ ကို FHM, Elle and Hello ကဲ့သို့သော မဂ္ဂဖင်း များ တွင် တွေ့ နိုင်ပါသည်။

- Neala and Judith Clark တို့ ဇနီး မောင်နှံ နှစ်ဦးသည် ကမ္ဘာ အနှံ့ ပတ်ကာ ဓါတ်ပုံ ရိုက် နေသည့် အမြင့်တန်း ဓါတ်ပုံ ပညာရှင် များ ဖြစ်ကြ ပါသည်။

- Andrew James သည် All-round Photographer တစ်ဦး ဖြစ်ပါသည်။ အထူးသဖြင့် Wildlife, Landscape, နှင့် Portrait တို့ အထူးပြု ရိုက်သည့် Professional Photographer တစ်ဦး ဖြစ်ပါသည်။

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ် ကြောင်း ဖေါ်ပြ အပ်ပါသည်။

ဓါတ်ပုံ ဆိုင်ရာဝေဘန် အကြံပြုချက်များ။

(1) Before the Hunt



ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

အထက်ပါ ပုံ ကို ရိုက်ကူးသူမှာ Rachel Green ဖြစ်ပါသည်။ Rachel က သူ့ အနေနှင့် အင်္ဂလိပ် လူမျိုးတို့ ၏ ရိုးရာ ဓလေ့ တစ်ခု ဖြစ်သည့် မြင်းစီးကာ ခွေး နှင့် မြေခွေး များကို အမဲ လိုက် ခြင်း အား ရိုက်ရန် ဒေသ ဆိုင်ရာ Park တစ်ခု အတွင်း ရှာဖွေ နေသော်လည်း အဆိုပါ မုဆိုး အဖွဲ့ ကို မျက်ခြေ ပြတ်သွားကြောင်း ၊ နောက်ပြန် လှည့် မည်လုပ်ကာ မှ လမ်းချိုး လေးတစ်ခု တွင် အဆိုပါ မြေခွေး မုဆိုး အုပ်စု ကို ကံ အားလျှော်စွာ တွေ့ လိုက်ရကြောင်း စသည်ဖြင့် ဖေါ်ပြ ထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( David Lam )

၁။ ပုံတစ်ခု ထဲတွင် သရုပ် သကန်ပေါင်း များစွာတို့၏ အနေအထားကို ဖေါ်ပြထား ပြီး ကြည့်သူ၏ စိတ် ကို များစွာ လှုပ်ရှား လာစေနိုင်သည့် Subject များ ဖြစ်ပါသည်။

၂။ ဓါတ်ပုံ တွင် ပေါ် နေသည့် အလင်း ရောင်သည် ထိပ်တန်း အလင်းရောင်ဖြစ် သဖြင့် pre-Rapahelite ပန်းချီကား တစ်ချပ်ကို ကြည့်နေရသကဲ့ သို့ ဖြစ်နေ ပါသည်။

၃။ သို့ သော် Framing လုပ်ခြင်း မှာ ပြည့်စုံ မှု မရှိသေးသည်ကို တွေ့ ရပါသည်။ အောက်ပါ ပုံ အတိုင်း ယခုထက် ပို၍ Tight Crop လုပ်လိုက် လျှင် ပို ကောင်းလာ မည် ဟု အကြံပြု လိုပါသည်။

Before the Hunt ( After Tight Crop )



အကြံပြု ချက်

David Lam က - အထက်ပါ ပုံမှာ ၄င်း၏ စိတ် ကို ဖမ်း စားနိုင်စွမ်းရှိသည့် ပုံ ကောင်း တစ်ပုံ ဖြစ်ကြောင်း၊ သရုပ် သကန် များစွာ ၏ အခြေအနေ တစ်ရပ် ကို ပေါ်လွင် အောင် ဖေါ်ပြနိုင်ပြီး ကြည့်သူ ၏ စိတ် ကို လှုပ် ရှားစေနိုင်သည့် ပုံ ဖြစ်ကြောင်း ၊ အေးမြသည့် မိုးသောက် လေ ကို ခံစားနိုင်ကြောင်း၊ ပုံ အတွင်းရှိ လူအုပ်၏ စုစု စည်စည်း နှင့် ရှေ့ လုပ်ဆောင်ကြမည့် လုပ်ရပ် ပေါ်လွင်နေကြောင်း၊ အထူးသဖြင့် မြူမှုန်များ လွှမ်းနေသည့် Background သည် pre-Rapahelite ပန်းချီကား တစ်ချပ် ကြည့်နေရသည် နှင့် တူကြောင်း၊ စသည်ဖြင့် ရေးသားထား ပါသည်။

သို့ သော် အပြု သဘော ဝေဘန် အကြံပြု လိုသည်မှာ ပုံ ကို ရိုက်သည့် အချိန်တွင် Frame လုပ်ခြင်း မှာ မှန်ကန် ပြည့် စုံ ရန် လို နေသေး ကြောင်း၊ ကြည့်သူ၏ ဘယ် ဘက် သို့ ပေ အနည်း ငယ် ခန့် တိုးကာ Frame ကို ပို ယူ သင့်ကြောင်း၊ ဤ သို့ ဖြင့် ကြည့်သူအား သစ် ပင်တန်း အတွင်း သို့ ဆွဲ ခေါ် သွားကာ Sence of Depth ကို ပိုရလာစေနိုင်ကြောင်း ၊ မည်သို့ ဆိုစေကာ မူ ဤပုံသည် အတော် ကောင်းသည့် ပုံ တစ်ပုံ ဟု ဆိုရမည်ဟု David Lam က ဆက်လက် ဖေါ်ပြထားပါသည်။

(2) Walk of Life



ပုံ နှင့်ပတ်သက်သည့် ရှင်းလင်းချက်။

ဓါတ်ပုံ ရိုက်ကူးသူ မှာ Tommy Kelly ဖြစ်ပါသည်။ ၄င်းက အဆောက် အဦး ဆောက် လုပ်နေသည့် နေ ရာ ဘေးရှိ ယာယီ လမ်း ကလေး အတွင်း ဖြတ်သွားသည့် အမျိုးသမီး ကြီး များကို ရိုက် ထားခြင်း ဖြစ်ကြောင်း၊ ပုံတွင် ပါရှိသည့် အမျိုးသမီး ကြီးများသည် တစ်ချိန် က အမျိုးငယ် ကလေးများ သာ ဖြစ်ကြောင်း၊ သူ တို့ ဖြတ်သန်းခဲ့သော ခရီးတာ အရ ဤ အရွယ် သို့ ရောက် လာရသည်ကို ဖေါ်ညွှန်း ကာ Walk of Life ဟု အမည်ပေးထားခြင်း ဖြစ်သည် ဟု ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Judith and Neale )

၁။ အတွေး အခေါ် အလွန်ကောင်းသည် ပုံ ဖြစ်သည်။

၂။ ဓါတ်ပုံ ဖွဲ့ စည်းသည့် Composition ယခုထက် ပို ကောင်း ခြင်းဖြင့် ဤ ပုံသည် ထိပ်တန်းပုံ တစ်ပုံ ဖြစ်လာ နိုင်သည်။

၃။ ဓါတ်ပုံ ကို Post Production လုပ်ရာ ၌ Colour နှင့် Brightness တို့ တင်ပေးရန် လိုသည်။ ပုံ တွင် Subject ၏ နောက် ရှိ ဆေး အဖြူ ရောင် အကွက်များ နှင့် ရှေ့ ရှိ အဖြူရောင် လိုင်း တို့သည် အနှောက် အယှက် များ ဖြစ်နေသည်။ အောက် တွင်ပြ ထားသည့် ပုံ အတိုင်း ယင်းတို့ ကို ဖြောက်ပြီး ၊ Tight Crop လုပ်လျှင် ပိုကောင်း မည်။

After Tight Crop



အကြံပြု ချက်

တင်ပြသည့် စိတ်ကူး ကောင်းပါသည်။ သို့ ရာတွင် ဆေးရောင်သည် ကြည်လင် သန့်ရှင်းမှု မရှိ ဘဲ နောက် ( Muddy ) နေသည့် အပြင် ပုံ၏ နောက်ခံများ မှာ Subject ကို အနှောက် အယှက် ဖြစ်စေ သော ရှုပ်ထွေး မှု များရှိနေသည်။ Subject ၏နောက်ရှိဆေးကွက်များ နှင့် Subject ရှေ့ ရှိ အဖြူရောင် လိုင်းများသည် Subject အပေါ် အာရုံ လျှော့စေသည့် အရာ များ ဖြစ်ကြသည်။

ထိုအရောများကို Post Production တွင် ဖျောက် လိုက်ကာ ပုံ ကို ယခင်ကထက် ပို၍ ဖြတ် ( Crop ) လုပ် လိုက်ခြင်း ဖြင့် Subject အပေါ် အာရုံ ကျရောက်မှု ပို လာ လိမ့် မည်။

(3) Southend Pier



ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

အထက်ပါပုံ ကို ရိုက်ကူးသူမှာ Timothy Smith ဖြစ်ပါသည်။ Southend Pier သည် Thames မြစ် အတွင်းသို့ တစ်မိုင် ခန့်အထိ ရောက်အောင် ဆောက်ထားသည့် ဆိပ်ခံ ဖြစ်သည်။ ကနဦး ရိုက် ထားသည့် ပုံ မှာ Colour နှင့် ဖြစ်သော်လည်း အဖြူ-အမဲ သို့ ပြောင်း ထား ခြင်းဖြစ်သည်။ ကောင်းကင်မှာ စိတ်ဝင်စား ဖွယ် မရှိ သော ပြောင်သလင်း ကဲ့ သို့ ဖြစ်နေသောကြောင့် အဖြူ အမဲ သို့ မပြောင်း မှီ Crop လုပ် ထားကြောင်း၊ Pier ၏ သစ်သား များ၏ အကွက်များ ပို ပေါ် လာစေရန် နှင့် Depth of Field ပို ကောင်း လာစေရန် Contrast ကို တင်ထားကြောင်း ရိုက်ကူး သူက ဖေါ် ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Andrew James )

၁။ ကောင်းမွန်သည့် အဖြူ အမဲ ( Balck and White ) ပြောင်းလဲ ချက် ဖြစ်သည်။

၂။ ပုံ ကို Wide angle ဖြင့် ရိုက်ထားခြင်း နှင့် ပုံ တွင် ဖေါ်ပြထားသည့် Line များသည် ပုံ၏ Graphic Nature ကို ပို၍ အားကောင်းစေသည်။

၃။ သို့ ရာ တွင် ပုံ ၏ အဆုံးနေရာ ဖြစ်သည့် မျဉ်း နှစ်ခု ထိလုနေရာ တွင်အာရုံ ကို ဖမ်း စား မည့် စိတ်ဝင် စား ဖွယ် ရာ မည်သည့် အရာ ကို မျှ မတွေ့ ခြင်း မှာ ပုံ ၏ အားနည်း ချက် တစ်ရပ် ကို ဖြစ်စေပါသည်။

အကြံပြု ချက်။

Pier များသည် ဓါတ်ပုံ ရိုက်၍ ကောင်းသည့် နေရာ များဖြစ်ကြပါသည်။ Timothy ၏ ပုံသည် Original မဟုတ်စေကာမူ ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။ ဤ ကဲ့သို့ အဖြူ အမဲ ပြောင်း လိုက်သည့်အတွက် ပုံ တွင် Shape and Line များ ပို ပေါ်လာသည်။ Technically ပြောရပါက Line များသည် အစ မှ အဆုံး အထိ ပြတ်သားနေသည် ကို တွေ့ ရသည်။ ကောင်းကင်သည် စိတ်ဝင်စား ဘွယ်မဟုတ် သည့် ပြောင် ဖြစ်နေ သောကြောင့် Crop လုပ်လိုက်သည်ဆိုသည်မှာ လည်း များစွာ မှန်ကန်သည့် လုပ်ရပ် ဖြစ်သည်။ သို့ သော် ပုံ ၏ ထိပ် ပိုင်း ၊ လိုင်း များ အဆုံး နေရာ တွင် ယခု အတိုင်း မည်သည့် အရာ မှ မရှိ ဘဲ အလွတ် ထားသည် ထက် အနည်းဆုံး စိတ်ကို ဖမ်း စား နိုင်မည့် လွင့်မျော နေသော တိမ် တိုက် ကလေး တစ်ခု လောက်ပါ နေလျှင် သော်လည်းကောင်း Graduated Tonal effect လေး ထည့်ပေး လျှင်သော် လည်းကောင်း ပိုကောင်းမည်။

(4) Crashing Waves



ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

ရိုက်ကူးသူမှာ Kevan Lloyd ဖြစ်ပါသည်။ တိမ်တိုက် နှင့် နေရောင် ချည် လှပသည့် Ogmore သို့ ရေ လမ်း ဖြင့် သွာရောက် ရိုက်ကူးခဲ့သော ပုံ ဖြစ်ပါသည်။ Canon EOS 3500, ISO 400, Exposure Speed 1/400 Sec, f-4 ဖြင့် ရိုက်ထားကြောင်း Post Production တွင် Photoshop ၌ Unsharp Mask ကဲ့ သို့ Tool ဖြင့် အနည်းငယ် ပြင် ထားကြောင်း ရိုက်ကူးသူက ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Andrew James )

၁။ စိတ်ဝင်စားဖွယ်ရာ Dramatic ပုံ တစ်ပုံ ဖြစ်ပါသည်။

၂။ အချွန် အထက် အကောက် အကွေ့များ ဖြင့် လွှမ်းခြုံ ထားသည့် ထိပ်တန်း Rugged Scenery တစ်ပုံ ဖြစ်ပါသည်။

၃။ သို့ ရာ တွင် Composition သည် Tight ဖြစ် သင့် သလောက် မဖြစ်ဘဲ အရောင်သည်လည်း အေး သည့် Cool Colour ဖြစ်လွန်းနေသည်။

အကြံပြုချက်

ပုံ တွင် အလွန် ကောင်းမွန်သည့် ပြချက် များစွာ ပါဝင်ပါသည်။ အဓိက အချက် နှစ်ခု မှာ ကြည့်သူ၏ စိတ် ကို လှုပ်ရှား လာစေ နိုင်သော Moody Condition နှင့် Rugged Scenery တို့ ဖြစ်ကြသည်။ ကမ်း ကို ရိုက်ခတ်သည့် ရေလှိုင်း သည် Foreground ရှိ ( Main Rock ) ကျောက် တန်း တစ်ခု လုံး ကို ဖုံးသည် အထိ စောင့် ရိုက် လျှင် ကမ်းခြေ ၏ Drama လေး ပို အားရှိ လာမည်။ Composition ကို အနည်းငယ် ထောက်ပြရလျှင် Foreground ရှေ့ ဆုံး ဘယ် အောက် ဒေါင့် ရှိကျောက်တန်း သည် အဓိက ပြလိုသည့် လှိုင်း ရိုက်ခတ် နေသော ကျောက် တန်းကြီး ( Main Rock ) အား အာရုံ လျှော့ ပါးစေသည်။ မူရင်း ပုံ ရှိ အရောင် သည် ဤမျှ အအေး ရောင် ရှိလမ့် မည် မထင်ပါ။ သို့ရာတွင် အအေးရာင် ဖြစ်သည့် အပြာ ရောင်သည် Post Production တွင် ပို လာသည့် အတွက် လှသော်လည်း Photoshop တွင် လက်လွန် ( Over cooked ) သွား သည့် လုပ်ရပ် ဖြစ်ပုံရသည်။

Crashing Waves ( B/W)



ဤကဲ့ သို့ အရောင် မမှန်သည့် ပုံ မျိုး ၊ အရောင် ရှုပ်ထွေးနေသည့် ပုံ မျိုး ၊ အရောင် နှင့် ပတ်သက်၍ စကောစက ဖြစ်နေသည့် ပုံ မျိုးကို အထက်ပါ ပုံ ကဲ့ သို့ Balck and White ပြောင်းလိုက်ခြင်း က အကောင်း ဆုံး ဖြစ်သည်။

(5) Swing and Shadow



ပုံ နှင့်ပတ်သက် ၍ ရှင်းလင်းချက်။

အထက်ပါပုံ ကို ရိုက်ကူးသူမှာ Tony Skelding ဖြစ်ပါသည်။ Tony က စနေနေ့ညက မိုးလေ၀သ ခန့်မှန်း ချက်တွင် နောက်တစ်နေ့ နံနက် နှင်းကျ ပြီးလျှင် ကောင်းကင် ကြည် လင်မည်ဟု ခန့် မှန်း ထားကြောင်း၊ ထို့ ကြောင့် တနင်္ဂနွေ နေ့ နံ နက် ၇.၃၀ တွင် ၄င်း၏ Canon ကင်မရာ နှင့် 28mm Lens ကိုဆွဲကာ Park ထဲ သို့ ထွက်ခဲ့ကြောင်း၊ မိနစ် ၃၀ ခန့် နေသာ သဖြင့် ဓါတ်ပုံ များ ရိုက်နိုင်ကြောင်း၊ အထက်ပါ ပုံ ကို ရိုက်ရာ တွင် နေ ကို တည့်တည့် ချိန် ၍ ရိုက်ထားခြင်း ဖြစ်ကြောင်း၊ ဖေါ်ပြ ထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Judith and Neale )

၁။ စိတ်ဝင်စား ဖွယ်ရာ Lighting နှင့် Dynamic Line များ ဖြစ်သည်။

၂။ သို့ရာတွင် အလင်း အရောင် ကွယ် သော နေရာများ တွင် ကျရောက် နေသည့် အရိပ် နှင့် တောက်ပ နေသည့် အလင်း ရောင်တို့ ၏ Contrast တို့သည် များ လွန်းနေသည်။

၃။ စိတ်ဝင်စား ဖွယ်ရာ ဖြစ်စေရန် Composition ပြင်ရန် အချက် လေး များ လိုနေသည်။

Changed to Subtler Tone



အကြံပြုချက်

ပုံ သည် အလားအလာရှိသော ပုံ တစ်ပုံ ဖြစ်ပါသည်။ သို့ ရာ တွင် ကြည့်သူ၏ သဘော နဲ့ ကွဲလွဲ နိုင်သည့် အပြာရောင် များလွန်း နေသည်။ Contrast နှင့် Saturation များ သွားပုံ ရသည်။ ပုံ ၏ ထိပ် ပိုင်း မှာ မူ ( Black) မဲ နေ ပြန်သည်။ ဒန်း (Swing )၏ ကြိုး နှင့် အရိပ်တို့ မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည့်အပြင် Leading Line များသည်လည်း ပုံ၏ အားကို ဖြည့် ပေးသည်။ သို့ ရာ တွင် ပုံ တွင် စိတ်ဝင်စား ဖွယ်ရာ Center of Interest ( COI ) မရှိ ဖြစ်နေသည်။ ပုံ တွင်ပါသည့် Shadow and Shape များသည်လည်း ပုံ၏ အဓိက စိတ်ဝင်စားဖွယ်ရာ ( COI ) အဖြစ်မျိုး မရှိနိုင် သည့် အနေ အထားတွင်ရှိနေသည်။ ဒန်းပေါ်တွင် တစ်စုံတစ်ဦး ထိုင်နေပါက စိတ်ဝင်စားဖွယ်ရာ ဖြစ်လာနိုင်သည်။ သို့ မဟုတ်ပါကလည်း Line and Shadow များကို ယခုထက်ပို၍ စိတ်ဝင်စား ဖွယ်ရာ ဖြစ်အောင် နေရာသို့ ရွေ့ ပေးနိုင်လျှင် ပိုကောင်း လာမည်ဟု ယူဆသည်။

PDF file ကို ဒီနေရာမှာ ယူပါ..

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...