ပညာရှင်များ၏ ဓါတ်ပုံများအား ဝေဘန် အကြံပြုချက်များ အပိုင်း (၈ ) (Photo Clinic - VIII)

စကားဦး

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်းများမှာ Photo Video Magazine တွင် ဓါတ်ပုံ ဝေဘန် သုံးသပ်ရေး ဆောင်းပါး များ ရေးသားကြသူများ ဖြစ်ကြသည့် ဓါတ်ပုံပညာရှင်များနှင့် Phpto Editor များဖြစ်ကြ သော John Cosgrove, Rakesh Nawarni, Chris Yap နှင့် Kath Cosgrove တို့ ဖြစ်ကြ ပါသည်။

အဆိုပါ ပုဂ္ဂိုလ် များသည် Photo Video Magazine ၏ Editor များလည်း ဖြစ်ကြပါသည်။ ဤမှတ်စုတွင်မူ John Cosgrove နှင့် Kath Cosgrove တို့ နှစ်ဦး၏ ဝေဘန် သုံးသပ်ချက်များသာ ပါ ရှိပါသည်။

ဓါတ်ပုံများကို ဝေဘန်ချက်ပေးခြင်း နှင့် အပြုသဘော အကြံပြုခြင်းများ ကို ပင်တို်င် ရေးသားသူ John Cosgrove သည် နယူးဇီလန် မှ Photojournalist, photojournalist, Editorial and reportage photographer တစ်ဦးလည်း ဖြစ်ပါသည်။ Photo Video မဂ္ဂဇင်း၏ ဓါတ်ပုံ သုံးသပ် ဝေဘန်ရေး ဆောင်း ပါးများကို အခြားသော ဓါတ်ပုံ ပညာ ရှင်များ နှင့် လည်း ပူးပေါင်းကာ ဒိုင်ခံ ရေးနေသူ တစ်ဦး ဖြစ်ပါသည်။

ယခု မှတ်စု ကို ရေးသားရာ တွင် မှီငြမ်းသည့် ဓါတ်ပုံ ဝေဘန် သုံးသပ်ရေး ဆိုင်ရာ ဆောင်း ပါးများမှာ အဆိုပါ ပညာရှင်များက ၄င်းတို့ထံပေးပို့ အကြံပြုချက် တောင်းခံထားသော ဓါတ်ပုံများ အပေါ် ဝေဘန် အကြံပြု ချက်များနှင့် ပတ်သက်၍ ရေးသားထားသည့် ဆောင်းပါးများ ဖြစ်ပါသည်။

ဤ မှတ်စု ကို ရေးသားရာ တွင်မူ ဆောင်းပါး တစ်ခုထဲကို ဘာသာပြန်ခြင်း မဟုတ်ဘဲ ဆောင်းပါးပေါင်း များစွာမှ ကောင်းနိုး ရာရာ ရှိသည်ဟု ယူဆသည့် အပိုင်း များကို ထုတ်နှုတ် ဘာသာ ပြန် ထားခြင်းဖြစ်ပါ သည်။

ဤကဏ္ဍတွင် ဖေါ်ပြသည့် ဓါတ်ပုံများ၏ အရည်အသွေးမှာ မူရင်း ဓါတ်ပုံများ၏ အရည် အသွေး မဟုတ်ဘဲ စာအုပ်မှ တစ်ဆင့် ကူးယူထားသည့် အရည်အသွေးသာ ဖြစ်ပါသည်။ ရိုက်ကူးသည့် ကင်မရာဆိုင်ရာ အချက်အလက်များကို ရနိုင်သမျှ ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ဆိုင်ရာဝေဘန် အကြံပြုချက်များ။

(1) Reflection



ပုံ နှင့်ပတ်သက်သည့် ရှင်းလင်းချက်။

ရိုက်ကူးသူ မှာ Adrienne Pereira ဖြစ်ပါသည်။ ဤ ပုံ ကို Changi ကမ်းခြေ တစ်လျှောက် ခင်းထားသည့် သစ်သားလမ်း Boardwalk တစ်နေရာ ရှိ နားနေ ဆောင် တစ်ခု အနီး ရေပေါ် တွင် စိုက်ထူထားသည့် တိုင် များကို ရိုက်ထားခြင်း ဖြစ်ကြောင်း၊ ညနေပိုင်း နေကျ ချိန်တွင် ရေပြင် ပေါ်၌ ဖြစ်ပေါ်လာသည့် ရောင်ပြန် များကို အဓိက ထားရိုက်ထားခြင်း ဖြစ်ကြောင်း ဓါတ်ပုံ ရိုက်သူက ရှင်းလင်း ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- (John Cosgrove)

၁။ အတော် ကောင်းမွန်သည့် နေရောင်ချဉ်ကို Balance လုပ်ကာ ရိုက် ထားသည့် ပုံ ဖြစ်သည်။

၂။ သို့ ရာ တွင် ကြည့်သူ၏ အာရုံ ကို ဖမ်းစား စေမည့် Center of Interest တစ်ခု လောက် ပါဘို့ ကောင်းသည်။

၃။ ပုံ ကို Crop လုပ်ခြင်း မှာ များလွန်းသွားသည်။

အကြံပြု ချက်။

ပုံ ၏ Shape and Colour သည် အတော် ကောင်းမွန်သည်။ သို့ ရာ တွင် ပုံ ကောင်းပါလျှက် ကြည့်သူ၏ အာရုံ ကို ဖမ်းစား စေမည့် Center of Interest တစ်ခု မျှ မပါသည်မှာ နှမျှော စရာ ဖြစ်နေသည်ဟု ဆိုရပါမည်။ ဆိုလိုသည်မှာ ကြည့် သူ တစ်ဦးသည် ပုံ ရှေ့ ရောက် သည်နှင့် ရုတ်ချဉ်း ရပ် သွားကာ ကြည့် ရလောက်သော Eye-catching တစ်ခု မှ မပါသည်ကို တွေ့ ရသည်။

အဆိုပါ တိုင် တစ်ခု ခု ပေါ်တွင် ငါးမျှားနေသူ တစ်ယောက် မျှ ပါလိုက်လျှင် ပုံ သည် အတော် အားကောင်း သည့် ပုံ ဖြစ်လာပါမည်။ လှပ သော ရေပေါ်ရှိ Sunset Reflection ကို ရေ ပေါ်တွင် ထောင်ထားသည့် တိုင်များ နှင့် Framing လုပ် နိုင်လျှင် ပို၍ ကောင်းမည်။

(2) Sunset



ပုံ နှင့်ပတ်သက်သည့် ရှင်းလင်းချက်။

အထက် ပါပုံ ကိုရိုက်ကူး သူမှာ Sai Win Naing Lin ဖြစ်ပါသည်။ ပုဂံ သို့ အသွား Panasonic FX 7 ဖြင့် ရိုက်ထားခြင်း ဖြစ်ကြောင်း ၊ ပု၈ံ Sunset ကို ရိုက် လိုသော် လည်း Downing Sun ကို တိမ် များဖြင့် ဖုံးသွား သည့် အတွက် လိုခြင် သည့် Sunset ပုံကောင်း မရ လိုက်ကြောင်း၊ ယခု ပုံ သည် ရိုက်ခဲ့ သည် Sunset ပုံ များအနက် မှ ပုံကောင်း အချို့ ကိုရွေးထုတ် ထားခြင်း ဖြစ်ကြာင်း Sai Win Naing Lin က ရှင်းလင်း ဖေါ်ပြ ထားပါသည်။

ဓါတ်ပုံပညာရှင်များ၏ သုံးသပ်ချက်- (John Cosgrove)

၁။ ရိုက်ကွင်း ရိုက်ကွက် ကို ကောင်းစွာ မြင်တတ် ပါပေသည် ( Well Seen ) ။ ပုံ ကောင်း တစ်ပုံ လည်း ဖြစ်ပါသည် ( Well exposed )။

၂။ အခြေအနေကောင်းများ မပေးသည့် အထဲ မှ အကောင်း ဆုံးဖြစ် အောင် ရိုက်ထားသည် ကို တွေ့ ရ ပါသည်။

၃။ သို့ ရာ တွင် မရိုက်မှီ White Balance ကို ပြန် စစ်သင့်ပါသည်။ ယခုပုံ ၏ white Balance သည် ညနေခင်း နေ၀င်ချိန် White Balance မဟုတ်ဘဲ အအေး ရောင် များနေပါသည်။

အကြံပြု ချက်

Sunset ရိုက်ခြင်းသည် မှန်းခြေ အတိုင်း ဖြစ်လာရန် မှန်း ရခက်သည့် ရိုက်နည်း ဖြစ်ပါ သည်။ Sunset ရိုက် ရန် သင့်လျှော်သည့် နေရာ တစ်ခုခု တွင် စောင့်နေပါသော် လည်း ထင်သလို ဖြစ်မလာသည့် အတွက် ဘာမှ မရိုက်ရဘဲ ပြန် ခဲ့ရသည် အချိန်တွေ လည်း ရှိနိုင်ပါသည်။

နေ၀င်ချိန် ကို စိတ်တိုင်းကျ ရ ရန် တစ်နေရာ ထည်းသို့ အကြိမ် ကြိမ် သွား ရပါသည်။ ကံ ကောင်း အကြောင်း လှသည့် နေ့ တွင် လှပ ဆန်း ကျယ် သည့် Beautiful Sun downing Colour များရနိုင် ပါသည်။ ငါး သွားမျှားရာ တွင် ငါး မရ ဘဲ ရေချိုး ပြန် ရသည့် အချိန် တွေ လည်း ရှိပါ လိမ့် မည်။ ဤ သည်မှာ Sunset Shooting ၏ သဘာဝ ပင် ဖြစ်ပါသည်။ Sai Win Naing Lin သည် နေကျချိန်တွင် လမ်းကလေးကို အံ့အားသင့်စွာ ပြတ်သားအောင် ရိုက်ထားပါသည်။

သာမန်အားဖြင့် Sunset အချိန်တွင် ကောင်းကင်နှင့် မြေပြင်တို့၏ အလင်းရောင် သည် 2-Stop ခန့် ကွာတတ်သဖြင့် Exposure Balance လုပ်ရန် ခက်ပါသည်။ ထို့ကြောင့် ပုံ၏အချို့သော နေရာများတွင် အနည်းငယ် Overexpose ဖြစ်နေ သည်ကိုတွေ့ ရပါသည်။ သို့ရာတွင် ဤ အချက်သည် ပုံ ၏ အားကို လျှော့စေသည့် အဖြစ်မျိုး မဟုတ်ပါ။ နောက်တစ်ကြိမ် ရိုက်လျှင် Auto-White Balance ကို ပိတ် လိုက်ပြီး White Balance ကို Cloudy Setting ဖြင့် ရိုက်ပါက ပုံသည် ပို ၍အသက် ၀င်လာမည် ဖြစ်ပါ သည်။

(3) Portrait




ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

Rika Irawan က ၄င်း၏ ဇနီး အား Notebook Screen ၏အလင်းရောင် ဖြင့် ရိုက်ထားသည့် ပုံဖြစ် ကြောင်း ၊ Nikon 18-88 mm Lens, Shutter speed 3 Secs., F-5.6, ISO 200 ဖြင့် ရိုက် ထားခြင်း ဖြစ်ကြောင်း Rika Irawan က ရှင်းလင်း ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

၁။ ကောင်းမွန်သည့် ရိုက်ချက်ဖြစ်သည်။

၂။ Light and Dark Area အပါအ၀င် Design Elements များကို ကောင်းမွန်စွာ အသုံးချ ထားနိုင်သည်။

၃။ ဤ ပုံ သည် ပုံကောင်း တစ်ပုံ ဖြစ်၍ ပုံနှင့်ပတ်သက်၍ ဘာမျှ ပြော ရန်မလိုပါ။ Photoshop နှင့် Diffuse Filter တို့ ကို တစ်ဆင့်တက် ကာ စမ်း ကြည့် ရန် သာ အကြံပြုလိုသည်

အကြံပြု ချက်။

Rika Irawan သည် Strong Graphical elements များကို ကောင်း မွန်စွာ အသုံး ချထားသည် ကို တွေ့ ရသည်။ Subject ၏ လက်သည် ပုံ၏ အာရုံ ကို ဖမ်း သည့် Center of Interest ဖြစ်သည်။ Low Light တွင် ရိုက် စေကာမူ လက်သည်လွန်စွာ ပြတ်သားနေသည် ကိုတွေ့ ရသည်။ ထပ်မံ ဖြည့် စွက် ပြောရန် မလိုသည့် ပုံကောင်း တစ်ပုံ ဖြစ်သည်။

(4) Something Old, Something New.



ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

ရိုက်ကူးသူမှာ Ben Lin ဖြစ်ပါသည်။ ဆိုင်အိုတစ်ခု ၏ရှေ့တွင် အမျိုးသမီးကြီး တစ်ဦးက ဈေးရောင်းကာ အခြားအမျိုး သမီးကြီးတစ်ဦးက သတင်းစာ ဖတ်နေသည်ကို ရိုက်ထားသည်မှာ ပေးထားသည့် ခေါင်း စဉ် နှင့် လိုက်လျှော ညီထွေ ရှိသည့် စင်ကာပူ လမ်းပေါ်ရှိ ပုံ ရိပ် ကို ထင်ဟပ် စေသော ပုံ ဖြစ်ပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

၁။ ပုံ ၏ အရောင် ကောင်းမွန်ပါသည်။

၂။ ပုံ ကို ဖွဲ့စည်းရာတွင် မလိုအပ်သည့် အနှောက် အယှက်များ ပါနေ သည် ကို သတိပြု ရန် လို ပါသည်။

၃။ ရိုက်ကွင်း ရိုက်ကွက် ကို မြင်တတ် ( Well Seen ) သကဲ့ သို့ ရိုက်ကူး မှု လည်းကောင်းပါသည်။

အကြံပြုချက်

Something Old, Something New သည် အပြစ် ကင်းစင်သည့် ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။ ကြည်လင် ပြတ်သား မှု လည်းရှိသကဲ့ သို့ မိမိ ပြ လိုသည်ကို ထိမိ ကွက်ကွင်း စွာ လည်း ရိုက်ကူး နိုင်ပါသည်။

သတိ ပြုရန် အချက်မှာ Viewfinder ထဲ တွင် အားလုံးကို မမြင် သည့်အတွက် မကြာ မကြာ မလို အပ် သည်း အနှောက် အယှက် ( Distraction ) များ ပုံ တွင် ပါလာတတ် သည်ကို သတိပြု ရန် လိုပါသည်။ အထက်ပါ ပုံ၏ ဘယ် ဘက် ဒေါင့် ၏ တိုင် အပေါ် တွင် $ 1000 ရေးသားထားသည့် ကြော် ငြာ စာရွက်သည် နှင့် ပုံ ၏ အထက်ပိုင်း ရှိ အခန်း အမှတ် များရေးထားသည့် မှန် မဲ အပေါက် ကွက်များသည် ပုံ ကို အနှောက် အယှက် ဖြစ်နေစေသည်။ ရိုက်စဉ် က မမြင် လိုက်ဟန် တူပါသည်။ ထို့ ကြောင့် အဆိုပါ အနှောက် အယှက် ( Distraction ) များ ကို အောက်ပါပုံ အတိုင်း Crop လုပ် လိုက်ပါသည်။ ပုံ အတွင်း အမျိုး သမီးကြီး နှစ်ဦးကို ညာဘက်ရှိ သုံးပုံ တစ်ပုံ ( Lower right Third - COI ) နေရာ တွင် နေရာ ချထားသည်မှာ အတော် ကောင်းမွန်သည့် Composition ဖြစ်ပါသည်။

After the Cropping of Something Old, Something New.



(5) Phuket Sunset.



ပုံ နှင့်ပတ်သက် ၍ ရှင်းလင်းချက်။

Pramit Ghosh ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။ Pramit Ghosh က သူ တို့ ဇနီး မောင် နှံ နှစ်ဦး ထိုင်းနိုင်ငံ ၏ နံမည်ကြီး ကမ်းခြေ တစ်ခု ဖြစ်သည့် Phuket သို့ အလည် သွားရောက်စဉ် Sunset ကိုဓါတ်ပုံ ရိုက်ရန် ကြိုး ပန်းခဲ့ကြောင်း ၊ သို့ ရာ တွင် အကြောင်း အမျိုးမျိုး ကြောင့် Sun Downing ကို မမှီ ဘဲ နေလုံး ကြီး ၀င်သွား ပြီး သည့် နောက် မှ ထွက် ပေါ် လာသည့် အလင်းရောင်ကို သာ ရိုက်လိုက် နိုင်ကြောင်း စသည် ဖြင့် ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( John Cosgrove )

၁။ ကောင်းမွန် စွာ ရိုက်ကူးနိုင် သည့် ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။

၂။ Frame ၏ ဘယ်ဘက် ဒေါင့် တွင် လမ်းလျှောက် နေသူ များ ပါနေ သည်က ပုံ ၏ Composition ကို အား ဖြည့် ပေး ထား ပါသည်။

၃။ အရောင် အသွေး အတော်ကောင်းသည့် ပုံ ဖြစ်ပါသည်။

အကြံပြုချက်

  ရိုက်ကွက်ကို ကောင်းစွာ မြင်သူ ( Well Seen ) ဖြစ်ပါသည်။ Sunset ရိုက်ရာတွင် အစဉ် နေ၀င်နေသည့် ပုံ ဖြစ်ရန် မလိုပါ။ တစ်ခါ တစ်ရံ တွင် နေလုံး ပြောက်သွားပြီးမှ ပေါ်လာသည့် အလင်းရောင် သည် များစွာ ပို၍ ဆန်းကျယ် သည် လည်း ရှိပါသည်။ ပုံ၏ ဘယ်ဘက် ဒေါင့် နေရာ တွင် လမ်းလျှောက်နေသူများ ပါနေသည်က ပုံ၏ Composition ကို အတော် ကောင်း မွန်စေပါသည်။ အဆိုပါနေရာ သည် Rule of Thirds ဥပဒေသ အရ ပုံ၏ အာရုံ ဖမ်းစားရာ Center of Interest နေရာ ပင် ဖြစ်ပါသည်။

(6) City by Night



ပုံ နှင့်ပတ်သက် သည့် ရှင်းလင်းချက်။

အထက်ပါ ပုံကို ရိုက်ကူးသူမှာ Cleo Liu ဖြစ်ပါသည်။ သူ့ Canon 350 D ၏ Manual Mode ကို ပထမ ဥိးဆုံး အကြိမ် သုံးသည့် ပုံ ဖြစ်ပါသည်။ ပထမ ဥိးဆုံး အကြိမ် ဖြစ်၍ Aperture နှင့် Shutter Speed ကို အမျိုးမျိုး စမ်း ထားကြောင်း ၊ ဤ ပုံကို Shutter speed 13 Secs, f-8 နျင့် ရိုက်ကူးထားကြောင်း ဖေါ်ပြ ထားပါသည်။

ဓါတ်ပုံ ပညာရှင်များ၏ သုံးသပ်ချက်- ( Kath Cosgrove )

၁။ ပထမဦးဆုံး စမ်းထားစေကာမူ ပုံကောင်း တစ်ပုံ ဖြစ်ပါသည်။

၂။ ပုံကို ကို ယခုထက် ပို၍ Tight Crop လုပ်သင့်ပါသည်။

၃။ ပုံ တွင် Light Flare များပါနေသည်ကို သတိပြုရန် လိုပါသည်။

အကြံပြု ချက်

ပထမ ဦး ဆုံး စမ်း ထားသည့် ပုံ ဖြစ်စေကာမူ ( Great First Attempt ) ပုံကောင်း တစ်ပုံ ဖြစ်သည်။ ပုံ ၏ အထက် နှင့် ဘယ် ဘက် ဘေး တို့ တွင် နေရာ ပို ( Wasted Space ) များ ရှိနေသည်။ ယင်းနေရာ လွတ် များကို အောက်ပါ အတိုင်း Crop လုပ် သင့်ပါသည်။ မည် သို့ ပင် ဖြစ်စေ ခြုံ ကြည့် လျှင် ပုံကောင်းလေး တစ်ပုံ ဟု ဆိုရပါမည်။

After the Cropping of City Light



PDF file ကို ဒီနေရာမှာ ယူပါ..

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...