SpaceX က Dragon V2 အာကာသယာဉ် ကို ပြသ



SpaceX က နှစ်ပေါင်းများစွာ သုတေသနပြုလုပ်အပြီးတွင် Dragon V2 အာကာသယာဉ် ကို ပြသလိုက် ပါသည်။ ယခင်မျိုးဆက်ထက် တိုးတက်ကောင်းမွန်သည့် အဓိက အချက်မှာ ကမ္ဘာမြေရှိ မည်သည့်နေရာ တွင်မဆို ဟယ်လီကော်ပတာ ဆင်းသက်သည့် တိကျမှုနှုန်းဖြင့် ဆင်းသက်နိုင်ခြင်း ဖြစ်ပါသည်။ Dragon V2 ကို အာကာသယာဉ်မှူးများအား နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားပါ သည်။

Dragon V2 သည် ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတကာ အာကာသစခန်းသို့ ကိရိယာ နှင့် ရိက္ခာများ သုံးကြိမ် ပို့ဆောင်ပေးခဲ့သည့် ပထမမျိုးဆက် အာကာသယာဉ် နှင့် ဒီဇိုင်းပိုင်းတွင် တူညီပါသည်။ Dragon V2 သည် အာကာသယာဉ်မှူး ခုနစ်ဦးကို သယ်ဆောင်နိုင်ပါသည်။

Dragon V2 သည် နိုင်ငံတကာ အာကာသစခန်း ၏ အကူအညီမလိုအပ်ဘဲ စခန်းနှင့် အလိုအလျှောက် ချိတ်ဆက်နိုင်သကဲ့သို့ ယာဉ်မှူး၏ ထိန်းကျောင်းမှုဖြင့်လည်း ချိတ်ဆက်နိုင်ပါသည်။ Dragon V2 ၏ နောက် ထပ် အားသာချက်တစ်ခုမှာ ပြန်လည် ပြုပြင်ရန်မလိုဘဲ နိုင်ငံတကာ အာကာသစခန်းသို့ ဆယ်ကြိမ် သွားရောက်နိုင်သည် ဟု SpaceX တည်ထောင်သူ Elon Musk က ပြောပါသည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် အာကာသစခန်းသို့ ချက်ချင်း ပျံသန်းနိုင်ပါသည်။ အင်ဂျင်နှစ်လုံး ပျက်ဆီးသွားလျှင် လည်း မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပါသည်။

အဆိုပါ အင်ဂျင်များကို SuperDraco ဟု ခေါ်ဆိုပြီး ယခင်မျိုးဆက် အာကာသယာဉ်တွင် အသုံးပြုသည့် Draco အင်ဂျင်များထက် အဆ ၁၆၀ ကျော် စွမ်းဆောင်ရည်ကောင်းပါသည်။ မျိုးဆက်သစ် အင်ဂျင်များကို 3D Printing နည်းပညာဖြင့် ပထမဆုံး ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

Dragon V2 သည် နာဆာ ၏ Commercial Crew Development စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်ပါသည်။ နာဆာ က လူလေးယောက်ကို အာကာသ သို့ ပို့ဆောင်နိုင်သည့် အာကာသယာဉ်များ ကို အာကာသ နည်းပညာ ကုမ္ပဏီများ အပြိုင်အဆိုင် တီထွင်ရန် တွန်းအားပေးသည့် စီမံကိန်း ဖြစ်ပါသည်။ နာဆာက SpaceX အပြင် Boeing, Blue Origin, Sierra Nevada စသည့် ကုမ္ပဏီများကိုလည်း ထောက် ပံ့လျှက်ရှိပါသည်။

အမေရိကန် က ယခုလက်ရှိတွင် အာကာသယာဉ်မှူးတစ်ယောက်ကို အာကာသသို့ ပို့ဆောင်ပေးရန် ရုရှားကို ဒေါ်လာ သန်းခြောက်ဆယ် ပေးနေရပါသည်။ ယူကရိန်း နိုင်ငံ နှင့် ပတ်သက်၍ အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံတင်းမာမှုများ ရှိနေသည့် အတွက် အာကာသ နည်းပညာ တွင် ပူးပေါင်းဆောင်ရွက်မှုများ မှာ ပြတ်တောက်ဖွယ်ရှိနေပါသည်။ နာဆာ က ဧပြီလတွင် ရုရှား အစိုးရ အာဏာပိုင်များ နှင့် ဆက်သွယ် မှု ဖြတ်တောက်ခဲ့ပါသည်။ ရုရှားကလည်း ၂၀၂၀ နောက်ပိုင်းတွင် နိုင်ငံတကာ အာကာသစခန်းကို အမေရိကန်တို့ အသုံးပြုမှုကို ပိတ်သိမ်းမည် ဟု ပြောထားပါသည်။ Musk က နှစ်နိုင်ငံတင်းမာမှုများ ရှိနေသည့် ဧပြီလတွင် အာကာသယာဉ် အသစ်ကို ပြသရန် အချိန်ကောင်း ဖြစ်သည် ဟု ပြောကြားခဲ့ ပါသည်။

Dragon V2 အလုပ်လုပ်ပုံ animation video ကို အောက်တွင် ကြည့်နိုင်ပါသည်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...