Ubuntu OS ပေါ်တွင် DVD RW Tool ကို ထည့်သွင်းခြင်း



Ubuntu OS အသုံးပြုတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ Ubuntu OS ပေါ်ကနေ DVD အချပ်တွေကို ကူးယူချင် တယ် Burning ပြုလုပ်ချင်တယ်ဆိုရင် DVD RW Tool ကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ DVD RW Tool ကို ထည့်သွင်းဖို့အတွက် နည်းလမ်းနှစ်မျိုးနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမနည်းလမ်း ကတော့ Ubuntu Software Centre ကနေ Download လုပ်ယူပြီး ထည့်သွင်းတဲ့နည်း လမ်းဖြစ်ပြီး နောက် နည်းလမ်းတစ်ခုကတော့ Terminal ကနေ ထည့်သွင်းနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ DVD RW Tool ကို ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Update တွေ ပြုလုပ်ပြီးသွားပြီဆိုရင် DVD+-RW/R tools ကို Ubuntu Software Centre ကနေ Download ပြုလုပ်ဖို့အတွက် Ubuntu Software Centre ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် DVD+-RW/R tools ဆိုပြီး Search box ကနေ ရှာဖွေလိုက်ရင် Tool ကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးသွားရင် Install Button ကို နှိပ်ပြီး Install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ Terminal ကနေ Install ပြုလုပ်ရမှာဖြစ်ပါတယ်။ Terminal ကနေ DVD+-RW/R tools ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်းရိုက်ထည့် ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ -

sudo apt-get update

sudo apt-get install dvd+rw-tools

ဆိုတဲ့ Command ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒါဆိုရင် Ubuntu OS ပေါ်မှာ DVD တွေကို Burning ပြု လုပ်ဖို့ အတွက် Buring Tool ကို ထည့်သွင်းပြီးဖြစ်ပါတယ်။

သီဟ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...