ထိပ်ဆုံးအထိ တက်လှမ်းနိုင်မယ့် စွမ်းရည်နှစ်မျိုး - ဆရာသုတ

Monday, June 30, 2014


တစ်ခါက စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ အလုပ်ကြိုးစားပြီး တော်ရုံတန်ရုံ အလုပ်တွေကို မျက်နှာလွှဲ လို့ရတဲ့ ၀န်ထမ်းငယ် သုံးယောက် နေရေးထိုင်ရေး အခက်အခဲဖြစ်နေတာကို သိရတဲ့အတွက် ဆင်ခြေဖုံး ရပ်ကွက်သုံးခုမှာ အိမ်ကလေး တစ်လုံးစီဝယ်ပြီး အဲဒီဝန်ထမ်းငယ် သုံးယောက်ကို နေစေပါသတဲ့။ 

ဝန်ထမ်းငယ် ၃ယောက်လည်း အိမ်လခ ပေးစရာ မလိုဘဲ နေစရာ ရပြီမို့ နယ်ကသူတို့မိသားစုတွေကို အသီးသီး ပြန်ခေါ်ပြီး အဲဒီအိမ်ကလေးတွေမှာ နေကြတယ်။ အဲဒီမှာ ပထမ၀န်ထမ်းငယ်က အလုပ်ထဲမှာ အရင်အတိုင်းပဲ ပုံမှန်လုပ်တယ်။ နေစရာရလို့ လုပ်ငန်းရှင် အပေါ် ကျေးဇူးတင်ပေမယ့် ထူးထူးခြားခြား ကျေးဇူးကြီးတယ်လို့တော့ မထင်ဘူး။ “ငါ အလုပ်ကြိုးစားလို့၊ သူမျက်နှာလွှဲရလို့ ဒီအိမ်ကလေးကို ၀ယ်ပြီး နေခိုင်းတာဖြစ်မယ်၊ သူ့ဆီမှာ မလုပ်ဘဲ အခြားမှာ လုပ်ရင်လည်း ဒီလိုကြိုးစားရင် နေစရာတစ်ခုတော့ ရမှာပဲ” လို့ တွေးတယ်။ အိမ်ကလေး ကိုလည်း သူပိုင်အိမ်လို့ သဘောမထားဘူး။ လုပ်ငန်းရှင်ပိုင်တဲ့ အိမ်မို့ “ဆင်းခိုင်းရင် အချိန်မရွေးဆင်းရမှာ” လို့ အမြဲစဉ်းစားပြီး ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုတယ်။

ဒုတိယ ၀န်ထမ်းငယ်ကတော့ “ဒီအလုပ်ရှင်ဟာ ငါ့ကို တူလိုသားလို ချစ်ခင်ပုံရတယ်၊ ဒီခေတ်ကြီးမှာ အမျိုး မတော်ဘဲ ဘယ်သူက နေစရာ အိမ် ၀ယ်ပေးမှာလဲ” လို့ တွေးတယ်။ အလုပ်ထဲမှာလည်း အရင်လို မကြိုး စားဘဲ ပိုင်ရှင်ရဲ့ လူယုံ၊ လက်ရင်းတပည့်လို့ သူ့ကိုယ်သူ သတ်မှတ်ပြီး တန်းတူတွေကို သြဇာပေးတာ တွေ၊ ကြီးသူတွေ စကားနားမထောင်တာတွေ၊ စည်းကမ်း ပျက်တာတွေ ဖြစ်လာတယ်။ အိမ်ကလေးကို လည်း တစ်နေ့မှာလုပ်ငန်းရှင်က သူ့ကို အပိုင်ပေးမှာပဲလို့ ယုံကြည်ပြီး သူ့ကိုယ်ပိုင်အိမ်လို သဘောထား တယ်။ နေ့စဉ်နဲ့အမျှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းပြီး သာသာယာယာနဲ့ နေချင် စဖွယ်ဖြစ်အောင် လုပ်ထား တယ်။ အလုပ်ရှင်အပါအ၀င် ဘယ်သူနဲ့မဆို စကားပြောရင်လည်း အဲဒီအိမ်ဟာ သူ့ကိုယ်ပိုင်အိမ်လိုမျိုး ပြောလေ့ရှိတယ်။ အဲဒါတင်မက လုပ်ငန်းရှင်ကိုလည်း ဆွေမျိုးရင်းချာလိုသဘောထားပြီး သူ့ပြဿနာတွေကို သွားပြောလေ့ရှိတယ်။ ချဲထိုးလို့၊ ဘောလုံးပွဲလောင်းလို့ စသည်ဖြင့် ကြွေးတင် နေရင်လည်း လုပ်ငန်းရှင် ကို “လခကြိုထုတ်ချင်တယ်” တို့၊ “အကြွေးဆပ် ပေးပါဦး” တို့ သွားအပူကပ်တတ်တယ်။ အိမ်ကလေးမှာ နေ ရပြီးတဲ့နောက် အလုပ်ရှင်ဆီက လစာတိုးတောင်းတယ်၊ သီတင်းကျွတ်တို့၊ သင်္ကြန်တို့ အချိန်တွေမှာ ဘောနပ်စ်များများ ပေးဖို့တောင်းတယ်။ အလုပ်ကိုတော့ အရင်ကလောက် မလုပ်တော့ဘူး၊ ခိုတယ်၊ ကပ်တယ်၊ လျှော့ လုပ်တယ်။

တတိယ ၀န်ထမ်းငယ်ကတော့ အလုပ်ရှင်ကြောင့် သူတို့ မိသားတစ်စု တစ်စုတစ်စည်းတည်း နေလို့ရ သွားပြီဆိုပြီး အိမ်ကလေးမှာ ပေးနေတဲ့ အတွက် အလုပ်ရှင်ကို အရမ်းကျေးဇူးတင်တယ်။ အလုပ်ထဲမှာ လုပ်ငန်းရှင်က ခိုင်းသည်ဖြစ်စေ၊ မခိုင်းသည်ဖြစ်စေ အလုပ်တွေကို နေ့ရော၊ ညရော၊ အလုပ် ချိန်အတွင်း ရော၊ အလုပ်ချိန်ပြင်ပရော အားတက်သရော စေတနာပါပါနဲ့ လုပ်တယ်။ အလုပ်များတဲ့အခါ အချိန်ပိုဆင်း ရလို့ အလုပ်ရှင်က အများနည်းတူ အချိန်ပိုလုပ်အားခ ထပ်ဆောင်းပေးတဲ့ အခါ အဲဒီတတိယ ၀န်ထမ်း ငယ်က မယူချင်ဘူး။ နေစရာ အခက်အခဲ ဖြစ်နေချိန်မှာ အိမ်လခမယူဘဲ ပေးနေ ထားတဲ့ ကျေးဇူးရှင်ဆီက အိုဗာတိုင်ကြေးထပ်ယူရင် ကျေးဇူးမသိတတ်ရာ ကျလိမ့်မယ်လို့ သဘောထားတယ်။ အဲဒီအိမ်ကလေးကို လည်း တစ်နေ့မှာ လုပ်ငန်းရှင်က အပိုင်ပေးလိမ့်မယ်လို့ မတွေးဘူး။ အလုပ်ရှင်က နေစရာပေး တဲ့အ တွက် သူ့ဘက်က တန်ရာတန်ကြေးပြန်မပေးဘဲ အလိုက်မသိ နေတာမျိုး မဖြစ်ရအောင် ကြိုးစားတာပဲရှိ တယ်။

အခုလို အလုပ်ပြောင်းရ လွယ်ကူလာတဲ့ ခေတ်မှာ အလုပ်ရှာနေတဲ့ လူငယ်တွေ၊ အလုပ်ရခါစ လူငယ် တွေ၊ အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ လူငယ်တွေ၊ အလုပ်ပြောင်းပြီးစ လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အခက်အခဲတွေကို အထိုက်အလျောက် ပြေလည်အောင် အကူအညီပေးတဲ့ အလုပ်ရှင်ကောင်းတွေကို တစ်ခါမဟုတ် တစ်ခါ တွေ့ရတတ်ပါတယ်။ နေ စရာပေးတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွမ်းကျင်မှု အမျိုးမျိုးကို သင်ပေးတာ၊ ကိုယ်ဘာမှ မသိသေးတဲ့ နယ်ပယ်မှာ အသက်မွေးဝမ်း ကျောင်းပြုနိုင်လောက် အောင် အသိပညာရသွားမယ့် အခွင့်အလမ်းတွေ ကိုပေးတာ၊ သူ့အလုပ်ကို လုပ်ရင်း အဆက်အသွယ် တွေ၊ မိတ်ဆွေတွေ ရသွားတာ၊ လူသိများ နာမည်ကြီးလာတာ စသည်ဖြင့် အလုပ်ရှင်ကောင်း တစ် ယောက်ဆီက ရနိုင်တာတွေ အများကြီးပါပဲ။ အဲဒီအခါ ကိုယ့်ဘက်က ပထမ၊ ဒုတိယ၊ တတိယ ၀န်ထမ်း ငယ် သုံးယောက်ရှိတဲ့ထဲက ဘယ်သူ့ ပုံစံမျိုး တုံ့ပြန်ခဲ့သလဲ၊ တုံ့ပြန်မှာလဲ၊ တုံ့ပြန်သင့်သလဲ စဉ်းစားသင့် ပါတယ်။

အလုပ်ဝင်ခါစမှာ အတွေ့အကြုံ နုသေးလို့ တွေ့ရတဲ့ အလုပ်ရှင်က ကောင်းနေတာကို ကောင်းမှန်းမသိဘဲ ဒုတိယ၀န်ထမ်းငယ်လို နွဲ့ဆိုး မဆိုးမိဖို့ လိုတယ်လို့ ထင်ပါတယ်။ အလုပ်ရှင်တွေက ပုထုဇဉ်တွေသာ ဖြစ် ပါတယ်။ အမျက်ဒေါသ ကင်းစင်ပြီး အစဉ်ထာဝရ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားလေးပါးကိုပွားများနေကြတဲ့ သူတော်စင်တွေ မဟုတ်ပါဘူး။ ဆိုလိုတာက ဘယ်လောက်ပဲ ချမ်းသာ တဲ့သူဖြစ်ဖြစ် သူ့ဘက်က ပေးရတာနဲ့ ထိုက်တန်တာ တစ်ခုခုတန်ရာ တန်ကြေး ပြန်မရဘူးလို့ ထင်ရင် နောက်ထပ်ပေးချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ ပေးချင်သေးရင်လည်း အရင်ကလောက်တော့ စိတ် ထက် သန်တော့မှာ မဟုတ်ပါဘူး။ ဒါကို ကပ်စေးနဲတယ်၊ ဆင်းရဲနွမ်းပါးသူ အပေါ် ကိုယ်ချင်းမစာဘူးလို့ မဆိုနိုင် ပါဘူး။ တကယ်တော့ အလုပ်ရှင်အပါအ၀င် သူတစ်ပါးဆီက အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်း တွေကို ရလိမ့်မယ်လို့ မျှော်လင့်မထားဘဲ ကိုယ့်အား ကိုယ်ကိုး ကြိုးစားတာကသာ အကောင်းဆုံးပါ။ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ အကြောင်းတိုက်ဆိုင်လို့ အကူအညီ ပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ရလာ ခဲ့ရင်တော့ အဲဒီလို အကူအညီပံ့ပိုးမှုနဲ့ အခွင့်အလမ်းတွေ ပေးတဲ့သူ မည်သူမဆိုကို ပေးတဲ့ ပမာဏနည်း သည်ဖြစ်စေ များသည်ဖြစ်စေ လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် ပြီး အဲဒီကျေးဇူးကို အမြဲသတိတရရှိ ရုံတင် မက ပြည့်ပြည့် ၀၀ တုံ့ပြန်ဖို့ အားတက်သရော လုပ်သင့်ပါတယ်။ ဆိုလိုတာက ပထမ၀န် ထမ်းငယ်လို ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်မွေးမြူပြီး တတိယ၀န်ထမ်းငယ်လို သူတစ်ပါးကျေးဇူး အထူးသိတတ်ဖို့ ဖြစ် ပါတယ်။ ကိုယ့်အားကိုယ်ကိုးခြင်းနဲ့ သူတစ်ပါးကျေးဇူးကို အစဉ်အောက်မေ့ပြီး တုံ့ပြန်တတ်ခြင်း ဒီနှစ်ခုကို အထင်မသေးပါနဲ့။ ဒီနှစ်ခုတည်းနဲ့တင် ဘယ်လုပ်ငန်း နယ်ပယ်မှာမဆို ထိပ်ဆုံးကို ရောက်ဖို့ လမ်းပွင့်လာ ရုံတင်မက ထိပ်ဆုံးအထိ တက်လှမ်း နိုင်တဲ့ စွမ်းရည် သတ္တိတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။


ဆရာသုတ

JOB Seekers Journal vol.2,no.48 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

အရက်နာမကျအောင် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ

Monday, June 30, 2014


ယမကာ လုင်များအတွက် သတင်းကောင်းလေးပါ။

(၁) ကဖိန်းဓာတ် ရှောင်ပါ။ ကဖိန်းဓာတ်ပါသော အရည်များက ရေဓာတ်ခမ်းခြောက်စေလို့  အရက် သောက်နေစဉ် ကဖိန်းဓာတ် ကြွယ်ဝသော ကော်ဖီ နှင့် အချိုရည်များကို ရှောင်ပါ။

(၂) ဗီတာမင်အာဆေး ဆောင်ပါ။ ဗီတာမင်ဆေးဝါးများက အရက်နာကျခြင်း ကင်းဝေးစေလို့ ၊ အရက်မ သောက်ခင် တစ်ရက်ကြို တင်၍ ဗီတာမင်အားဆေး တစ်ပြားမှီဝဲပါ (သို့ မဟုတ်) အရက်သောက်ပြီး နံက် အိပ်ယာနိုးတဲ့အခါ ဗီတာမင်အားဆေး တစ်ပြား သောက်ပါ။

(၃) အက်စ်ပရင်ဆေးပြား ဆောင်ပါ။ အရက်သောက်ပြီးနောက် အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား (၂)ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့် သောက်ပါ။ နောက်တစ်နေ့ နံက် အရက်နာကျခြင်း ကင်းဝေးပြီး၊ ခေါင်းကိုက် မဖြစ်စေတော့ပါဘူး။

(၄) ဗီတာမင်ဘီ ဆောင်ပါ။ ဗီတာမင်ဘီကလည်း အရက်နာကျခြင်းကို ပျောက်ကင်းစေလို့  မှီဝဲသင့်တဲ့ ဆေးပြားလေးပါဘဲ။

(၅) သခွားသီး ဆားရည်စိမ် စားပါ။ အရက်သောက်စဉ် ခန္ဓာကိုယ်ထဲ ဆားနှင့် အရည်ဓာတ် လုံလောက် နေမှသာ အရက်နာမကျစေ နိုင်ပါ။ ထို့ ကြောင့် အရက်မသောက်ခင် သခွားသီးဆားရည် စိမ်စားပေးပါ။

(၆) အာလူးကြော် စားပါ။ အာလူးကြော်ရဲ့  ကစီဓာတ် အဆီအနှစ်များက အစာအိမ်ထဲရှိ အယ်လ်ကိုဟော ကို စုပ်ယူပစ်နိုင်စွမ်းရှိလို့  ၊အရက်နာကျခြင်း မဖြစ်စေတော့ပါ။

(၇) အရက်စုံ ရောနှောသောက်ခြင်း ရှောင်ပါ။ ဥပမာ ၀ိုင်သောက်နေသူက ၀ိုင်တစ်မျိုးတည်းကိုသာ သောက်ပါ။ အကယ်၍ အရက်စုံ ရောနှောသောက်ခြင်းက အာနိသင်ပမာဏ အတိုင်းအဆမ သိနိုင်တော့ ဘဲ အရက်နာကျခြင်းကိုဦးတည်လာစေပါတယ်။

(၈) လိမ္မော်သီး (သို့ ) လိမ္မော်ရည် သောက်ပါ။ အထူးသဖြင့် ဖရူးတို့ စ်ဓာတ်ပါရှိသော လိမ္မော်သီးက ခန္ဓာကိုယ်ထဲရှိ အဆိပ်အ တောက်ကိုပြေစေပြီး၊ ခွန်းအားပြည့်ဝ လာစေပါတယ်။

(၉) သံလွင်ဆီ စားပါ။ သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁-ဇွန်းသောက်ခြင်း(သို့ မဟုတ်)သံလွင်ဆီ ပါသော ဟင်းရွက် သုပ်စားခြင်းက အရက်နာကျ လုံးဝ မခံစားရစေပါဘူး။

(၁၀) နွားနို့  သောက်ပါ။ နွားနို့ က အစာအိမ်ကို ကောင်းကျိုးပြုပါတယ်။ ညအလွန်အကျွံသောက်ပြီး နောက်၊ နံက်အိပ်ယာထ နွားနို့ တစ်ခွက် သောက်ပေးခြင်းဖြင့် အရက်နာကျ သက်သာစေသလို၊ ဗိုက် လည်း မအောင့်စေတော့ပါ။

(၁၁) ရေ သောက်ပါ။ အရက်သောက်နေစဉ် ရေ ၁-ဖန်ခွက်သောက်ဖို့ မမေ့ပါနဲ့ ။ ထို့ ပြင် အရက် သောက်ပြီးနောက် ညအိပ်ယာ ၀င်ခါနီး သောက်ရေ ၂-ခွက် ထပ်သောက်ပေးပါ။

(၁၂) ဌက်ပျောသီး စားပါ။ ဌက်ပျောသီးထဲမှာပါတဲ့ ပိုတက်စီယမ်က အရက်နာကျခြင်းကို ဓာတ်ပြယ်စေ လို့  နံက်အိပ်ယာထမှာ ဌက်ပျောသီး ၁-လုံးစားပေးပါ။

(၁၃) ကြက်ဥ စားပါ။ ကြက်ဥထဲရှိ သဘာဝ cysteine ဓာတ်က အရက်နာကျခြင်းကိုဖြစ်စေတဲ့ acetaldehyde (ခေါ်) အရောင်မဲ့ အငွေ့ ပျံသော အဆိပ်ရည်ကို ဖြိုခွဲပေးနိုင်လို့  နံက်အိပ်ယာထ ကြက်ဥ စားပေးပါ။

(၁၄) ပျားရည်စစ်စစ် သောက်ပါ။ အရက်သောက်ပြီးနောက် ပျားရည်ကို ရေနွေးလေးဖြင့် ဖျော်သောက် ခြင်းက အရက်နာကျခြင်းကို ယူပစ်သလိုပျောက်ကင်းစေပြီး၊ နံက်အိပ်ယာထ လန်းဆန်း လာပါလိမ့်မယ်။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

(ကိုးကား။ Best Remedy for Hang Over)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မိန်းမတို့ မှဲ့ အဟော

Monday, June 30, 2014


(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်း ရှိလျှင် ဂုဏ်ဓနနှင့် ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီး သော် ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိ ကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက် ကောင်း များကို အထူးကြိုက်နှစ်သက် သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ် တတ်ပါသည် တဖက်သားပြောလာသည့် စကားကိုမစဉ်းစားဘဲ အယုံလွယ် တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စား သောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏ အလယ်ဗဟို တည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ် တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်း သော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သ တည်း။


မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ကုန်ရောင်းရင် မြတ်မလား တွက်နည်း

Monday, June 30, 2014


တစ်နေ့ကျွန်ုပ်ဗေဒင်ဟောခန်းသို့ မိတ်ဆွေကုန်သည်တစ်ဦးရောက်လာပြီး ဆရာရေ အခုတလော ၀ယ် လှောင်ထားတဲ့ ပစ္စည်းလေးတွေ ရောင်းချင်နေတာ ရှုံးမှာလည်း ကြောက်နေတယ်။ ဟိုတလောက ဈေး တွေကျလို့ လှောင်ထားတာတွေ ရှုံးကုန်တယ်။ အဲဒါ ဆရာ့တို့ဆီမှာ အရှုံးအမြတ်ကို ဟောပေးနိုင်တဲ့ နည်းလေးဘာလေးများရှိရင် ပေးပါဦးဆရာ။ 

ထိုအခါ ကျွန်ုပ်မှ ဒါဆိုရင် ဒီနည်းအတိုင်းသာ တွက်ကြည့်ပြီး ရောင်းသင့်မရောင်းသင့် ချိန်ဆကြည့်ပါလို့ ပြောပြီး အောက်ပါ နည်းလမ်းကို ပေးလိုက်လေသည်။

ကုန်သည်များ စီးပွားရေးလုပ်နေသူများ အတွက် တွက်ကိန်းဖြစ်ပါတယ်။ ဒီကုန်ရောင်းရင် မြတ်မလား ရှုံးမလား ဆိုတာသိဖို့ တွက်နည်းပါ။ တွက်နည်းကတော့...

ကုန်ရောင်းမယ့်သူရဲ့ လက်ရှိရောက်နေတဲ့ အသက်ကိုတည်၊ ကုန်ပစ္စည်းနံ နဲ့ပေါင်း ရတဲ့အဖြေကို ၆ နဲ့ စား

ကုန်နံတွေက

ကခဂဃင တနင်္လာနံ = ၂
စဆဇစ်ည အဂၤါနံ = ၃
ဋ ဌ ၮ ဏ တ ထ ဒ ဓ န စေနနံ = ၇
ပဖဗဘမ ၾကာသပေတးနံ = ၅
ယရ ရာဟုနံ = ၈
လ ၀ ဗုဒၶဟူးနံ = ၄
သ ဟ သောကြာနံ = ၆
အ,အာ ဥ ဦး ဧ သြ တနင်္ဂနွေနံ = ၁

(ဥပမာ ဆန်ရောင်းမယ် ဆိုရင် ဆန်သည် အင်္ဂါနံ ၃ ဖြစ်သည်)

၁ကြွင်း၊ ၄ ကြွင်းရင် မြတ်မယ်။
၅ ကြွင်းတော့ မမြတ်ဘူး ၊
သုညကြွင်းရင် မရှုံးမမြတ်
တခြားဂဏန်းကြွင်းမယ်ဆိုရင် ဆက်၍ လှောင်ထားပါလေ။

အားလုံး အရောင်းအ၀ယ်တွေမှာ အဆင်ပြေချောမွေ့ကြပါစေ


(မြန်မာ့ရိုးရာဗေဒင်ပညာရပ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း

Monday, June 30, 2014


တစ်နေ့ ကျွန်ုပ်ဗေဒင်ဟောခန်းတွင် ရှိနေစဉ် စာတစ်စောင် ရောက်လာသည်။

သို့ ဆရာ..
ကျွန်တော် လေးစားစွာဖြင့် ဆရာထံမှ စာရေးသား အကူအညီ တောင်းခံလိုက်ရပါတယ်။ ကျွန်တော် ကတော့ အခုလောလောဆယ် ဌာနတစ်ခုရဲ့ ၀န်ထမ်းအလုပ် လုပ်ပါတယ်။ အရင်တစ်ခါတုန်းက ၀န်ထမ်း အလုပ် ရာထူးတိုးစေတဲ့ ယတြာလုပ်လိုက်တာ အဆင်ပြေသွားပါတယ်ဆရာ။ အခုတော့ ကျွန်တော် အကူ အညီ တောင်းချင်တာက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အမအတွက် ဖြစ်ပါတယ်။ ကျွန်တော့်အမက ဈေးသည်တစ်ဦးပါ။ အခုတလော သူ ဈေးရောင်း မကောင်းဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဆရာ့အနေနဲ့ ဈေးရောင်းကောင်းစေမယ့် ယတြာနည်းလေး တစ်ခုလောက် ညွန်ကြားပေးစေ လိုပါတယ်။

ဆရာ့ဆီမှာ တင်ထားတဲ့ တစ်ချို့ဈေးရောင်းကောင်းစေတဲ့ ယတြာနည်းတွေတော့ ရှိပါတယ်ဆရာ။ ဒါပေ မယ့် တစ်ချို့ယတြာတွေက နည်းနည်းများလုပ်ရတာ ခက်နေမလားလို့ပါ။ ဒါကြောင့် လွယ်လည်းလွယ် ကူမယ်။ ကုန်ကျစရိပ်လည်း သက်သာစေမယ့် ယတြာနည်းလေးများရှိရင် ညွန်ပြပေးစေလိုပါတယ်။

အထက်ပါအတိုင်း ကျွန်ုပ်ထံသို့ စာရေးသားပေးပို့ အကူအညီ တောင်းခံလာပါတယ်။ ဒါကြောင့် ဈေးရောင်းကောင်းစေသော ယတြာနည်းတစ်ခုကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အခုပြောပြမယ့် ယတြာက တော်တော်လည်း လွယ်ကူပါတယ်။ အလွန်အင်မတန်မှလည်း လွယ်ကူသလောက် ထိရောက် မှု့ ရှိပါတယ်။ ထင်မှတ်မထား လောက်အောင်ကို ထူးခြားမှု့ရှိပါတယ်။ ဒါကြောင့် ဈေးသည်များအနေနှင့် (မည့်သည့်ဈေးသည်မဆို) ဤယတြာကို လုပ်စေချင်ပါတယ်။ ချက်ချင်းကို ထူးထူးခြားခြား သိသိသာသာ လာဘ်ပွင့်ပြီး ရောင်ပန်းဝယ်ပန်း ပွင့်လန်းစေပါတယ်။

ကျွန်ုပ်ကိုယ်တိုင် အကြိမ်းကြိမ် စမ်းသတ်ထားတဲ့ ယတြာနည်းဖြစ်ပါတယ်။ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ရောက်ရှိလာကြသော ဈေးသည်အပေါင်းတို့အား ပေးအပ်၍ လုပ်ခိုင်းခဲ့သော ယတြာနည်း ဖြစ်ပါသည်။ ၎င်းတို့၏အဆိုအရ ချက်ချင်းဆိုသလို သိသိသာသာ အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ တစ်ခု ပြောကြားလိုတာက ဒီယတြာနည်းကို လုပ်ပြီးရင် စောင့်နေစရာမလိုပါဘူး။ ချက်ချင်း အကျိုးအမြတ် ကို သိသိသာသာ လက်တွေ့ ခံစားရတာပါ။ ဒါကြောင့် တစ်ခုပဲ ပြောကြားလိုပါတယ်။ လုပ်ကြည့်လိုက်ပါ။ မုချ အောင်မြင်ပါလိမ့်မယ်။ ဈေးဆိုင်နှင့်အထိုင်ချပြီး ဈေးရောင်းတာပဲ ဖြစ်ဖြစ် လှည့်သွားလှည့်လာ အရောင်းအ၀ယ် လုပ်သူပဲဖြစ်ဖြစ် တန်ဖိုးနည်း ပစ္စည်းကိုပဲ ရောင်းရောင်း၊ တန်ဖိုးကြီး ပစ္စည်းများကိုပဲ ရောင်းရောင်း၊ အစားအသောက်ပဲ ရောင်းရောင်း၊ အ၀တ်အထည်ပဲ ရောင်းရောင်း၊ ဤယတြာကို ဆောင် ရွက်နိုင်ပါသည်။

တနင်္ဂနွေနေ့တွင် အရောင်းအ၀ယ် ဆောင်ရွက်သောအခါ ဈေးဦးမပေါက် အရောင်းအ၀ယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအ၀ယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက် ပါ။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

တနင်္လာနေ့တွင် အရောင်အ၀ယ် ပြုသောအခါတွင် ရောင်းပန်းဝယ်ပန်းမပွင့် ၀ယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး ဈေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စားလိုက်ပါ။ ဇီးသီလည်း စားနိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။

အင်္ဂါနေ့တွင် ဈေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီးသုပ်စားခြင်း ဖြစ်သည်။ အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် ဈေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ် သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ဗုဒ္ဓဟူးနေ့တွင် ဈေးအရောင်း အ၀ယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်း ဖြစ်သည်။ ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ ဈေးရောက်မှ အခြားဆိုင်မှ ၀ယ်ယူခြင်း ဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်း လာမည်။

ကြာသပတေးနေ့တွင် ဈေးရောင်းအ၀ယ်ပြုစဉ် ဈေးရောင်းမကောင်းခြင်း ၊ မိမိဈေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါ က သရက်သီးနှင့် လာဘ်ဖွင့်ရမည်။ သရက်သီးချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစားလိုက်ပါ။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

သောကြာနေ့တွင် ဈေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ်ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။ နို့နှင့်ပြု လုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက်နိုင်ပါသည်။ ချက်ချင်းလက်ငင်း ၀ယ်သူ များ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

စနေနေ့တွင် အရောင်းအ၀ယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအ၀ယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ ဈေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။ ချက်ချင်းလက်ငင်း ၀ယ်သူများ တရုန်းရုန်းနှင့် စည်ကား ၍ ရောင်းအားကောင်းလာမည်။

အထက်ပါ ဈေးရောင်းကောင်းစေသော ယတြာကို အပတ်စဉ်လုပ်၍ ရသည်။ နေ့စဉ် ဆောင်ရွက်လို့ ရ သည်။ ကံကောင်း ကံမကောင်း သိစရာမလို၊ မွေးနေ့ မွေးရက် သိစရာမလို၊ မည်သည့် နေ့သားသမီးများ မဆို ဆောင်ရွက်နိုင်ပါသည်။ ချက်ချင်းဆိုသလို သိသာစေသည်။ အောင်မြင်စေသည်။ ပွင့်လန်းစေသည်။ ထို့ကြောင့် အရောင်းအ၀ယ် သမားများအနေနှင့် အထက်ပါယတြာကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် နေ့စဉ် အဆင်သင့် ဆောင်ရွက်ရစေရန်အတွက် ဇယားဆွဲပြီး ကူးထားလိုက်ကြ ပေတော့ဟူ၍သာ လေးနက်သောစိတ်ဖြင့် တိုက်တွန်း လိုက်ရပါတော့သည်။


မြန်မာ့ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ငမောက် ဘယ်ပျောက်နေသလဲ

Monday, June 30, 2014

မြန်မာပြည်ဟာ အဖိုးတန် သယံဇာတတွေ တွင်းထွက် ကျောက်မျက်ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ ရွှေနိုင်ငံလေး တစ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ကတည်းက ရပ်တည် လာခဲ့သလို ကမ္ဘာကျော်စေခဲ့တဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေ ကြောင့်လည်း ကမ္ဘာ့အလည်မှာ နာမည်ဂုဏ်သတင်း ကျော်စောခဲ့ပါ တယ်။ ပြီးတော့ မြန်မာ့ နန်းတွင်းကျောက်မျက် ရတနာတွေ ဆိုတာကလည်း ကြားရုံကြားဖူးခဲ့ပြီး မြင်တွေ့ ခွင့် မရခဲ့ပေမယ့် လေးစားအားကျ ခဲ့ရတဲ့ သမိုင်းဝင် ရတနာတွေဖြစ်ခဲ့ပါတယ်။

ရတနာပုံရွှေတိုက်တော် စာရင်းအရ မြန်မာ့နန်းစဉ် ပတ္တမြားတွေကတော့...

၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီ ကိုးဆယ်ကျော်ရှိတဲ့ ငမောက်ပတ္တမြားကြီး
၂။ ဗဒုံမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး လို့ခေါ်တဲ့ ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် လေးဆယ် ကျော် လှော်ကားတင်ကြီး လို့ခေါ်တဲ့ ပတ္တမြား
၎။ အလေးချိန် ဆယ်ရတီရှိ ဆင်မတောလို့ခေါ်တဲ့ ပတ္တမြား
၅။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော်လို့ခေါ်တဲ့ ပတ္တမြား တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းခဲ့တဲ့ အချိန်ကတည်းက နန်းစဉ်ပတ္တမြားကြီးတွေ ပျောက် ဆုံးခြင်းမလှ ပျောက်ခဲ့ပါတယ်။ စစ်ရှုံးချိန်မှာ မန္တလေးမြို့မှာရှိတဲ့ စစ်သိမ်းပစ္စည်းကော်မတီက ထုခွဲရောင်းချ တဲ့ အထဲမှာလည်း နန်းစဉ် ပတ္တမြားကျောက်တော်များ မပါခဲ့ပါ။ သင်္ဘောနဲ့ အင်္ဂလန်ကို ပေးပို့ခဲ့တဲ့ ရတနာ သေတ္တာ သုံးလုံးမှာလဲ ပတ္တမြားကျောက်တော်များ မပါခဲ့ပါ။ ရတနာများကို အကဲဖြတ်ရသော ပရော် ဖက်ဆာ မက်စကဲလင်းရဲ့ အစီရင်ခံစာမှာလည်း စတာလင်ပေါင် ၃၀၀ ကျော်တန် ပတ္တမြား တစ်လုံးသာ ပါကြောင်း တွေ့ရပါတယ်။

အဲဒီပတ္တမြားတွေထဲက နာမည်ကျော် ပတ္တမြားငမောက်ရဲ့ ရာဇဝင်နဲ့ ပျောက်ခြင်းမလှ ပျောက်နေခဲ့တဲ့ သတင်းကို စာအုပ်တအုပ်ထဲမှာ ဖတ်ခဲ့ရပါတယ်။ စိတ်ဝင်တစားနဲ့ လိုက်ပြီး လေ့လာခဲ့သလို ဆက်ပြီး သိခွင့်ရခဲ့တဲ့ ပတ္တမြားငမောက်ရဲ့ နောက်ဆက်တွဲ အဖြစ်အပျက်လေးတွေကလဲ ဆန်းကြယ်လှသလို စိတ် ဝင်စားစရာ ကောင်းလှပါတယ်။ ပတ္တမြားငမောက်ရဲ့ သမိုင်းကြောင်းက အငြင်းပွားစရာ တချို့ရှိနေခဲ့ တာမို့ သမိုင်းအထောက်အထား ခိုင်လုံစွာနဲ့ ကိုးကားပြောဆိုခဲ့ကြသလို အမျိုးမျိုး ဆန်းစစ်ဝေဖန်ခဲ့ကြတဲ့ မှတ် တမ်းမှတ်ရာတွေလည်း ရှိခဲ့ပါတယ်။ ပထမ အငြင်းပွားကြတာကတော့ ပတ္တမြားငမောက်ဟာ ညောင်ရမ်း မင်းဆက် ၅ဆက်မြောက်ဖြစ်တဲ့ ပြည်မင်း ( ၁၆၆၁-၇၂) လက်ထက်တုန်းက ချင်းတွင်းရွာသား ငမောက် က ဆက်သခဲ့တာမို့ ငမောက်ပတ္တမြားလို့ ထင်ရှားလာတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆန်းစစ်ဝေဖန် သုံးသပ်ချက်တွေအရ ဒီပတ္တမြားဟာ ညောင်ရမ်းမင်းဆက်က မဖြစ်နိုင်ပါ ကုန်ဘောင်မင်းဆက် ဗဒုံမင်းလက်ထက်မှာ ဆက်သရရှိခဲ့တာလို့ အခိုင်အမာ  ပြောဆို အတည်ပြုကြပါ တယ်။ ပတ္တမြားငမောက်ရဲ့ ပါးစပ်ရာဇဝင်ကိုတော့ ဒီလိုလေးတွေ့ရှိ မှတ်သားရပါတယ်။ အမည်မသိ မြန်မာ မင်းတပါးလက်ထက်က ကျောက်တလုံးရွာသား တစ်ယောက်က မိုင်းလုံသွားတဲ့ လမ်းမကြီးပေါ်မှာ ကြီးမားတဲ့ ပတ္တမြားကျောက်တုံးကြီးကို ကောက်တွေ့ခဲ့ပါတယ်။ အသိဥာဏ်ပညာ နည်းပါးတဲ့ ကျေးတော သားဖြစ်တာမို့ ကျောက်တုံးကြီးကို ခွဲလိုက်မိတာ သုံးပိုင်းတိတိ ကွဲသွားခဲ့ပါတယ်။ တစ်တုံးကိုတော့ ခိုးသူ တွေက တွေ့သွားပါတယ်။ ဒုတိယ တစ်တုံးကတော့ ရတီရှစ်ဆယ်လောက်ရှိပါတယ် အဲဒီပတ္တမြားကိုတော့ ပလောင်အမျိုးသမီး တစ်ယောက်က ကောက်ရသွားပါတယ်။ တတိယ ပတ္တမြားကတော့ ကာလကတ္တားကို ရောက်သွားပါတယ်။ ပလောင်အမျိုးသမီး ရခဲ့တဲ့ ပတ္တမြားကတော့ အင်မတန် အရည်အသွေးကောင်းပါ တယ်။

အရောင်အဝါ တောက်ပလွန်းတာမို့ ညအချိန်မှာတောင် ပတ္တမြားက ထွက်တဲ့ အလင်းရောင်နဲ့ ပလောင် အမျိုးသမီးဟာ ချည်ငင်ဗိုင်းငင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက နားမလည်ပဲ ပတ္တမြားကြီးကို ငပိ ဆီ စတဲ့ စားကုန်တွေနဲ့ လဲလိုက်တာ ချင်းတွင်းက ကုန်သည်တစ်ယောက်ဆီကို ရောက်သွားပြန်ပါ တယ်။ အဲဒီကုန်သည် ဆီကနေတဆင့် ပတ္တမြားကြီးဟာ ငမောက်ကြီးထံကို ရောက်ပြန်ပါ တယ် ငမောက်ကြီးကတော့ ပတ္တမြားကြီးကို ဗဒုံမင်းထံ ဆက်သလိုက်ပါတယ်။ ငမောက်ကြီးလဲ မြို့စား အဖြစ် ချီးမြောက်ခံရပါတယ်။ ငမောက်ကြီးဆက်တဲ့ ပတ္တမြားဖြစ်လို့ ငမောက်ပတ္တမြားလို့ အမည်ပေးခဲ့ ပါတယ်။ ဗဒုံမင်းကလည်း ငမောက်ပတ္တမြားကြီးရဲ့ သတင်းကို နောက်ကြောင်းပြန် စုံစမ်းပါတယ်။ ခြေရာ ထပ်ကောက်ပါတယ်။

ပလောင်အမျိုး သမီးနဲ့ သူမရဲ့ရွာအကြောင်းကို သိရတော့ တစ်ရွာလုံးကို မီးလောင်တိုက် သွင်းခဲ့ပါတယ်။
အဲဒီရွာကလဲ အလောင်းစင်ဆိုပြီး နာမည်တွင် ကျန်ရစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခိုးသူတို့ရသွားတဲ့ ပတ္တမြားကိုလည်း ပြန်ရခဲ့ပါတယ်။ အဲဒီပတ္တမြားကိုတော့ သူခိုးလက်ရ ပြန်ရတာမို့ စောရသူခိုးလို့ အမည် ပေးပါတယ်။

စောရသူခိုးကတော့ ငမောက်လောက် အရွယ်အစား ရှိတယ်လို့ ပြောကြပါတယ်။ အလေးချိန်ကိုတော့ တိတိကျကျ မတွေ့ရပါဘူး။ ကလကတ္တား ရောက်သွားတဲ့ ပတ္တမြားကိုလည်း နည်းမျိုးစုံနဲ့ စုံစမ်းထောက် လှမ်းခဲ့ပါတယ်။ တတိယ ပတ္တမြားကို ခက်ခက်ခဲခဲ ပြန်လည်ရှာဖွေပြီး ပြန်ရတာမို့လဲ ကုလားပြန်လို့ ဘွဲ့နာ မည် တပ်ခဲ့ပါတယ်။ နာမည်ကျော် ဒီငမောက် ပတ္တမြားကိုတော့ ဗဒုံမင်း လက်ထက်ကစလို့ နန်းစဉ်ရတ နာအဖြစ် ဆက်လက်ထိန်းသိမ်း လာခဲ့တာ သီပေါမင်း ပါတော်မူချိန်အထိ မပျောက်မပျက်ခဲ့ပါဘူး။

သီပေါမင်း ပါတော်မူပြီးတဲ့ နောက်မှာတော့ ပတ္တမြားငမောက်ဟာ သီပေါမင်းလက်ထဲပဲ ပါသွား သ ယောင်ယောင် အင်္ဂလိပ်တွေကပဲ ယူသွား သယောင်ယောင်နဲ့ သူ့ရဲ့ သတင်းပါ ပျောက်ဆုံးသွားခဲ့ပါတယ်။
ပတ္တမြား ငမောက်နဲ့ အဖိုးတန်ရတနာတွေ အကြောင်း သိခဲ့သူတွေက လိုက်လံ စုံစမ်းရှာဖွေခဲ့ပါ တယ်။သီပေါမင်းပါတော်မူပြီး စစ်သိမ်းပစ္စည်းတွေ ထုခွဲရောင်းချတဲ့ စာရင်းထဲမှာလည်း ရှာလို့မတွေ့ခဲ့ပါဘူး။

အင်္ဂလိပ်တွေ ပေးလာတဲ့ စာရင်းအရ အင်္ဂလန်ကို တင်ပို့လိုက်တဲ့ ရတနာ ပစ္စည်းတွေ စာရင်းထဲမှာလည်း ငမောက်က ပျောက်နေပြန်ပါတယ်။ နန်းစဉ်ရတနာတွေရဲ့ အကြောင်းကို သိနေတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ကြီး ကိုယ်တိုင် မြန်မာ့နန်းတွင်းကို ရောက်ခဲ့ဖူးသူ နှံစပ်ခဲ့ဖူးသူတွေ ဖြစ်တဲ့ ဆာအက်ရှလီဒီဒင်၊ ကာနယ်ယူးလ် စတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး တော့ ရတနာတွေရဲ့ သတင်းကို စုံစမ်းဆွေးနွေးခဲ့ပါသေး တယ်။ ဒါပေမယ့် သတင်း တိတိကျကျ မရခဲ့ပါဘူး။ သီပေါမင်း နဲ့ ကာနယ်စလေဒင် တို့ကြား ပျောက်နေ တယ်လို့ ပဲ မှတ်ယူခဲ့ကြပါတယ်။ 


The Express Times
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

နာဂစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိုးညအိပ်မက်မြူ ဇာတ်ကားအကြောင်း ပြန်လည်ပြောပြတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

Monday, June 30, 2014


" မိုးညအိပ်မက်မြူ" ဇာတ်ကားကို စရိုက်ကူးတဲ့အချိန်က မိုးတွင်းကာလ မဟုတ်ဘူး။ ရာသီဥတု သာယာ ကောင်းမွန်တဲ့အချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးကို တည်တယ်။ ဒါပေမဲ့ ပထမဆုံး စရိုက်ကူးတဲ့နေ့မှာပဲ နာဂစ်စပြီးဖြစ်တယ်။ အစ်မတို့ ရိုက်ကူးတဲ့ ရိုက်ကွင်းအိမ်က စားသောက်ဆိုင် တစ်ဆိုင်မှာပေါ့။ ဒီစား သောက်ဆိုင်က ညနေ ၄နာရီ လောက်ဆိုရင် ရှုတင်သိမ်းပေးရတယ်။ အဲဒီနေ့ကကျတော့ ဒီ နေ့ကတော့ မုန်တိုင်းဝင်မယ်။

ဒါကြောင့် ဆိုင်ကို စောစော ပိတ်မယ်လို့ပြောတယ်။ ဒါနဲ့အစ်မတို့ကလည်း ဒါဆို တစ်ညလုံးရိုက်မယ်ပေါ့။ ဒါပေမဲ့ ဆိုင်ရှင်က မုန်တိုင်းများ ဘာထင်နေလဲတဲ့။ အားလုံးပြန်ရမယ် လို့ပြောတယ်။ အဲဒီတော့ အစ်မတို့ စိတ်ထဲမှာ သဘောမကျဘူး။ မုန်တိုင်းများ ဘာထူးဆန်းသလဲပေါ့။

အစ်မတို့ တစ်သက်လုံးမှာ မုန်တိုင်းဝင်တဲ့အခါ ရန်ကုန်ဆိုတာ ဘာမှဖြစ်တာမျိုးမှ မဟုတ်တာ။ ဆိုင်ရှင်က အတင်းပြန်ခိုင်းလို့သာ ပြန်ခဲ့ရတယ်။ သိပ်ပြန်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့အဲဒီ ညမှာပဲ နာဂစ်မုန်တိုင်းကြီး ကြုံ ခဲ့ရတယ်။ အားလုံး ပျက်စီးခဲ့တယ်။ ပြန်တောင် မရိုက်ကူးနိုင်တော့ဘူး။

မိုးတွင်းတစ်တွင်းလုံး ကုန်အောင်ပြန်စောင့်ခဲ့ရတယ်။ မိုးကုန်လို့ ရာသီဥတု သာယာ ကောင်းမွန်တော့မှပဲ ဇာတ်ကားကို ပြန်ရိုက်ဖြစ်တာ" လို့ မိုးည အိပ်မက်မြူ ရုပ်ရှင်ဇာတ် ကားကြီးရိုက်ခဲ့တုန်းက ရိုက်ကွင်းမှာ မိုးနဲ့ပတ်သက်ပြီး အမှတ်တရ ဖြစ်ခဲ့ခြင်းကို ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။

မိုးညအိပ်မက်မြူရုပ်ရှင် ဇာတ်ကားကြီးတစ်ကားလုံးမှာ တစ်ဝက်နီးပါးလောက် မိုးရှာတဲ့ အခန်းတွေ ထည့် သွင်းရိုက်ကူးထားပြီး မိုးအတုတွေနဲ့ ရိုက်ကူးခဲ့ကြောင်း ရိုက်ကွင်းတစ် လျှောက်မိုးနဲ့ ပတ်သက်ပြီး အမှတ် တရတွေလည်း အများကြီးရှိ ခဲ့ကြောင်း၊ ရိုက်ကွင်းမှာ ရိုက်ကူးနေရင်း မိုးတွေ ရွာချတာမျိုး ကြုံတွေ့ခဲ့ ရကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

"မိုးအစစ်နဲ့ ရိုက်မယ်ဆိုရင်လည်း ရိုက်ကူးလို့မရဘူး။ မီးထိုးရ ခက်တယ်လေ။ လိုက်တင်ပိုင်း အရပေါ့။ အခုနောက်ပိုင်း ကင်မရာတွေကတော့ မိုးထဲမှာ ရိုက်လို့ရလောက်ပြီ။ လိုက်တင်မီးတွေကလည်း ကောင်း သွားပြီ။ အစ်မတို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကကျတော့ ရုပ်ရှင်ရိုက်ကူးတဲ့ ကင်မရာတွေက မိုးရွာထဲမှာ ရိုက် ကူးလို့ လိုက်တင်လည်း မနိုင်သေးဘူးလေ" လို့ မိုးညအိပ်မက်မြူ ဇာတ်ကား ရိုက်ကူးတုန်းက အသုံးပြုခဲ့တဲ့ ကင်မရာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြန်လည်ပြောပြပါတယ်။

ဇာတ်ကား ရိုက်ကူးအပြီး ရုပ်ရှင်ပိုစတာတွေ ထုတ်တဲ့ အချိန်မှာလည်း ဇာတ်ကားကို ပိုရုပ်လုံးကြွအောင် လျှပ်စီးလက်နေတဲ့ ပုံစံကိုလည်း နောက်ခံ background အဖြစ် ထည့်သွင်း ဖန်တီးထားတာတွေ့ရပါ တယ်။ မိုးညအိပ်မက်မြူ ရုပ်ရှင်ဇာတ်ကားမှာတော့ ရဲအောင်၊ နေတိုး၊ အောင်ရဲလင်း၊ ခင်သီတာထွန်း၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

၂ဝဝ၉ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် မိုးညအိပ်မက်မြူ  ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို နေတိုးက ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ စိုးပြည့်သဇင်က ရရှိ ခဲ့တဲ့အတွက် အနုပညာအရ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်းဖြစ်ခဲ့ပါတယ်။


လင်းအက္ခရာ
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ဧရာဝတီဘဏ်က အင်တာနက်ဘဏ် ဝန်ဆောင်မှု စတင်

Monday, June 30, 2014

pic;www.abiederman.com

ရန်ကုန်၊ ဇွန် ၂၉

အင်တာနက်လိုင်းမိသော ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းများဖြင့် ဘဏ်အပ်ငွေစာရင်း အချင်းချင်း ငွေလွှဲ ပြောင်းနိုင်ခြင်း၊ ငွေစာရင်းရှင်းတမ်းများ ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည့် အင်တာနက်ဘဏ် ဝန်ဆောင်မှု ကို ဧရာဝတီဘဏ်တွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရ သည်။

Aya ibanking ဟု အမည်ပေးထားသည့် အဆိုပါ ဝန်ဆောင်မှုကို လုပ်ကိုင်ရန် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ဘဏ်တွင် လျှောက်ထားကာ ယင်းဝန် ဆောင်မှု အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်က ကြေညာသည်။

ငွေလွှဲပြောင်းခြင်းများကို လူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ အင်တာနက်သုံး၍ ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း အင်တာနက်လိုင်း မကောင်း၍ ငွေလွှဲပြောင်းရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ် မည်ကို စိုးရိမ်ကြောင်း ယင်းစနစ်ကို အသုံးပြုရန် စိတ်ဝင်စားသော ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အင်တာနက် ဘဏ်စနစ်တွင် စာရင်းဖွင့်လှစ်ထားသူများကို အင်တာနက် ဘဏ်စာရင်းဆိုင်ရာ လုံခြုံရေး ပစ္စည်း (Hardware Token) တစ်ခုပေးမည်ဖြစ်ပြီး စာရင်းခိုးယူခံရခြင်း၊ Hack ခြင်းများ ဖြစ်ပေါ်လျှင် လည်း ယင်း Hardware Token မရှိပါက အခြားသူများက အသုံးပြု၍မရနိုင်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာနမှ အထွေထွေမန်နေဂျာ ဦးသူရမောင်က ရှင်းပြသည်။

“အင်တာနက်လိုင်း မကောင်းရင်လည်း အကောင့်ကို Log in ပြန်ဝင်ရမယ်။ ငွေလွှဲတဲ့ အပိုင်းတွေမှာ တော့ ပြဿနာ မရှိနိုင်ဘူး။ လုံခြုံရေးပိုင်းကိုလည်း စိတ်ချရအောင် စီစဉ်ထားတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အင်တာနက် ဘဏ်စနစ်ကို ဧရာဝတီဘဏ်က ပထမဆုံးအကြိမ် အကောင်အထည် ဖော်ခြင်းဖြစ်ပြီး မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ ငွေလွှဲပြောင်းခြင်း၊ ငွေလဲနှုန်းများ ကြည့်ရှုခြင်း၊ ငွေစာရင်း စစ်ဆေးနိုင်ခြင်းတို့ ပြုလုပ်နိုင်သည့် မိုဘိုင်းလ် ဘဏ်စနစ်ကိုမူ သမဝါယမ ဘဏ်လီမိတက်၊ အင်းဝ ဘဏ်နှင့် မြဝတီဘဏ်တို့က လုပ်ကိုင်နေသည်။


The Voice Journal
------------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

စပါးအုံးမြွေ နဲ့ ဖားတို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့

Monday, June 30, 2014

အေသင်အောင်

ပုံမှန်အားဖြင့်မြွေနဲ့ဖားတို့ဟာ သင့်မြတ်လှခြင်း မရှိပါဘူး။ မြွေဟာ ဖားကို သူ့ရဲ့ အစာအဖြစ်သာ သတ် မှတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ဖားတွေဟာ မြွေတွေနဲ့ ဝေးရာမှာ နေထိုင်လေ့ရှိပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ တိရိစ္ဆာန်ရုံ တစ်ရုံမှာတော့ စပါးအုံမြွေနဲ့ အစိမ်းရောင်ရှိတဲ့ ဖားတို့ ဟာ ချစ်ခင်ရင်းနှီးစွာ နေထိုင်နေတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ သေးငယ်လှတဲ့ အုန်းပင် ပေါ်မှာ မြွေကတွဲလောင်း အနေအထားနဲ့ ရှိနေပြီး ဖားက မြွေပေါ်ကို တက်ရောက်နေခြင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို ဓာတ်ပုံဆရာဖာမီက တွေ့ရှိခဲ့ပြီး မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဖာမီရဲ့အဆိုအရ မြွေ ဟာ (၃)ပေနီးပါးလောက် ရှိပါတယ်။ ဒီမြင်ကွင်းကို မြင်တွေ့ပြီးနောက်ပိုင်းမှာ ဖာမီဟာ စိုးရိမ်ပူပန်ခဲ့ပြီး တာဝန်ရှိသူတွေကို သွားရောက် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ဖားနဲ့မြွေတို့ဟာ ဘာပြဿနာမှမရှိဘဲ အေးချမ်းစွာ နေထိုင်သွားခဲ့ကြပါတယ်။

အသက်(၃၉)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖာမီက ကျွန်တော့်အနေနဲ့ ဖားကို မြွေက မျိုချလိုက်မှာ စိုးရိမ်ခဲ့ပါ တယ်။ ဒါပေမဲ့ မြွေဟာ ဖားကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဖားနဲ့မြွေတို့ဟာ အနီးကပ် နေထိုင်နေကြပေမယ့် ဘာမှ မဖြစ်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ ဖားဟာ မြွေနဲ့ ဝေးရာကို ထွက်သွားခဲ့ပါတယ် လို့ ပြောသွား ခဲ့ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ

Monday, June 30, 2014

အေသင်အောင်

လက်ထပ်မင်္ဂလာပွဲ အများစုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကတော့ တကယ့်ကို ၀မ်းနည်း ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကင်ဆာ ရောဂါဝေဒနာခံစား နေရတဲ့ သူရဲ့နောက်ဆုံးခရီးကို ဖြောင့်ဖြူး စေဖို့ ကျင်းပပြု လုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကြောင့် ဖြစ်ပါတယ်။ အသက် (၂၉) နှစ် အရွယ်ရှိတဲ့ ရိုဒန်ဟာ အသည်း ကင်ဆာရောဂါ ဝေဒနာ ခံစားနေရပါတယ်။ သူရဲ့ဝေဒနာဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး သေ မယ့်ရက်ကို စောင့်ဆိုင်း နေရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ချစ်သူ ဖြစ်သူက လက်ထပ် မင်္ဂလာပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ် မင်္ဂလာပွဲကို မိသားစုတွေအပြင် ဆေးရုံဝန် ထမ်းတွေကလည်း ကူညီမှုတွေ ပေးခဲ့ကြပါတယ်။ ရိုဒန်ဟာ သေအံဆဲဆဲမှာ သူအရမ်းချစ်ရတဲ့ ချစ်သူကို လက်ထပ်ခဲ့ရလို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက် သွားခဲ့ပါတယ်။

ရိုဒန်ဟာ သူ့ရဲ့ချစ်သူနဲ့ ဇူလိုင်လမှာ လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မေလအတွင်းမှာ သူ့ရဲ့ ရောဂါဝေဒနာက အဆိုးရွားဆုံး အခြေအနေကို ရောက်လာခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ်မင်္ဂလာပွဲကို ဆေးရုံမှာပဲ ကျင်းပပြုလုပ်ပေး ခဲ့ပါတယ်။ ဒီနောက် ဘုရားကျောင်းမှာလည်း ကျင်းပနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ ဇနီးလောင်းဖြစ်သူဟာ လက်ထက် မင်္ဂလာပွဲမှာ ခင်ပွန်းဖြစ်သူကို ၀မ်းနည်းတဲ့ အကြည့်တွေနဲ့ ကြည့်ရှုခဲ့တာမို့ မြင်ရသူ အပေါင်း ၀မ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ်မင်္ဂလာပွဲ အခမ်းအနား ကို အစ်ကိုဖြစ်သူက ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးပြီး Youtube ၀က်ဘ်ဆိုက်မှာ ဇွန် (၁၈)ရက် စတင်လွှင့် တင်ခဲ့ရာ ကြည့်ရှုသူ အရေအတွက်က (၄) သန်းကျော်အထိ ရှိသွားခဲ့ပါတယ်။ ရိုဒန်ဟာ လက်ထပ်ပြီး (၁၀) နာရီအကြာမှာ လူ့လောကကြီးကို နှုတ်ဆက် ခွဲခွာသွားခဲ့ပါတယ်။


The Messenger 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

Monday, June 30, 2014

pic;www.deviantart.com

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။

ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ် ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။ သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။


7Day News Journal
No.425 Monday, June 30, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မြန်မာ့ပညာရေး အမှန်တရားနှင့် မဝေးစေချင်

Monday, June 30, 2014


တစ်ခုခုတော့ လွဲနေပြီထင်ပါတယ်။ ဇွန်လ ၂၄ ရက်ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ ပါဝင်တဲ့ ‘‘အဝေးသင် တက္ကသိုလ်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို သင်ကြားပေးနိုင်ရန် ဆောင် ရွက်မည်’’ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်ရသဖြင့် ယင်းသတင်းပါအကြောင်းအရာ ကြောင့် ဤဆောင်း ပါးကို ရေးဖြစ်ခဲ့ပါတယ်။ ယင်းသတင်းပါအ ကြောင်းအရာတွင် ရန်ကုန်အဝေး သင်တက္ကသိုလ်၏ တာဝန် အရှိ ဆုံးပုဂ္ဂိုလ်တစ်ဦးက ‘‘အဝေးသင် ပညာရေးသည် နိုင်ငံတကာနှင့် ယှဉ်ကြည့်မယ်ဆိုလျှင် မဆိုး ကြောင်း၊ သူတို့နှင့် တန်းတူ သဘောမျိုးဖြစ်ကြောင်း၊ နှိုင်းယှဉ် မည်ဆိုရင် နှိုင်းယှဉ်လို့ရသည့် အနေအ ထားတွင် ရှိကြောင်း’’ ပြောဆိုထားသည်ကို ဖတ်ရသဖြင့်လွန်စွာ အံ့အားသင့်မိပါသည်။

နိုင်ငံတကာနှင့် နှိုင်းယှဉ်လို့ ရတယ်ဟု ဆိုထားခြင်းမှာ အဝေးသင်ပညာရေး၏ သင်ရိုးညွှန်းတမ်းများကို ဆိုလိုတာလား၊ အဝေးသင်ပညာရေးမှ ထွက်ပေါ်လာသော ဘွဲ့ရကျောင်းသားများ၏ အရည်အသွေးကို ဆိုလိုတာလား၊ ဒါမှမဟုတ် ဘွဲ့နှင်းသဘင် ခန်းမမှ နှစ်စဉ်ပုံမှန် ထွက်ပေါ်လာသည့် မြောက်မြားစွာသော ဘွဲ့ရ ကျောင်းသားများ၏ အရေအတွက်ကို ဆိုလိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါ။ မြန်မာနိုင်ငံ၏ လက်ရှိပညာ ရေးစနစ်ကိုကြည့်လျှင် နိုင်ငံတ ကာကို နှိုင်းယှဉ်ဖို့ဝေးစွ အာဆီယံနိုင်ငံများ အတွင်းပင် အလယ်အလတ် အဆင့်မရောက်သေးသည်ကို အထွေအထူးပြောစရာ လိုမည်မထင်ပါ။ ပညာရေး အသိုင်းအ၀န်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများနှင့် ဘွဲ့ရပညာတတ် ပုဂ္ဂိုလ် များအားလုံး သိရှိလက်ခံထားပြီး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို ၀ိဇ္ဇာ၊ သိပံ္ပဘာသာရပ်များ အတွက် လာရောက်ပညာတော်သင်ယူကြသော နိုင်ငံခြားသားဟူ၍ မရှိပါ။ မြန်မာနိုင်ငံကပဲ နိုင်ငံတကာ သို့ ပညာတော်သင်များထွက်သွားမစဲ တသဲသဲ ဖြစ်နေသည်မှာ လက်ရှိမြန်မာ့ပညာ ရေးအဆင့်အတန်းကို သက်သေ ခံနေသည်မဟုတ်ပါလား။ မြန်မာ စာနှင့် ဗုဒ္ဓဘာသာစာပေများအတွက် မြန်မာနိုင်ငံကို လာရောက် ပညာသင်ယူကြသော နိုင်ငံခြား သားများတော့ရှိကြပါသည်။

မြန်မာ့ပညာရေးအဆင့် အတန်းကိုကြည့်လျှင် ဘာသာရပ် ဆိုင်ရာ သင်ရိုးညွှန်းတမ်းများက တော့ ယခင် စစ်အစိုးရလက်ထက် ကတည်းကပင် နိုင်ငံတကာအ ဆင့်မီသည်ဟုပြောရပါမည်။ သို့ သော်လည်း ပညာရေးစနစ်ကို အဓိက စီမံခန့်ခွဲသူများနှင့် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်သူများ၏ အားနည်း ချက်များကြောင့် အရည်အချင်း ပြည့်မီသော နိုင်ငံတကာစံချိန်မီ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ များနှင့် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များ လွန်စွာရှားပါး ခဲ့ရပါသည်။ ပညာရေးစနစ်တစ် ခုမည်မျှ ကောင်းမွန်သည်ကို ပြောဆိုနိုင်ရန် အဓိကအခြေခံအချက်များစွာ ရှိပါသည်။ အရေးကြီးသော အချက် များမှ အချို့ကိုပြောဆိုရလျှင် (က) မှန်ကန်သော ပညာရေးစီမံခန့်ခွဲမှုစနစ်၊ (ခ)စစ်မှန်သော ပညာရှင်များ ၏ဦးဆောင်မှုနှင့် မှန်ကန်သော ဆုံးဖြတ်နိုင်မှုစွမ်းအား၊ (ဂ) ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ (ဃ) ပညာရေးစနစ်ကို လက်တွေ့အကောင်အထည်ဖော်ကြရမည့် ဆရာ၊ ဆရာမများ၏အရည်အ သွေးပြည့်ဝ မှုနှင့် အရည်အသွေးကို အပြည့်အ၀အသုံးချနိုင်မှု၊ (င) ပညာရေးဆိုင်ရာဘတ်ဂျက် သုံးစွဲနိုင်မှု၊ (စ) ပညာရေးနှင့် ဆက်နွှယ်သော လက်တွေ့အသုံးချသုတေသနဖွံ့ဖြိုးမှု၊ (ဆ) အရည်အသွေးအာမခံနိုင်မှု (Quality Assurance)၊ (ဇ) စက်မှုလက်မှု ကဏ္ဍများ၊ သိပံ္ပနှင့် နည်းပညာ ကဏ္ဍများနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍများစသည့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ပညာရေးမှ နည်းပညာ အထောက်အပံ့ ပေးစွမ်းနိုင်မှု စသည့် အထက်ပါ အခြေခံအချက်များ ကောင်းမွန်နေပြီဆိုလျှင် ယင်းပညာရေးစနစ်သည် စံချိန်မီပညာရေးစနစ်၊ နိုင်ငံတကာအဆင့်မီပညာရေးစနစ်ဟုဆိုနိုင်ပေမည်။ နိုင်ငံတကာနှင့် တန်းတူညီ သော ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများရှိရုံဖြင့် နိုင်ငံ တကာအဆင့်မီပညာရေးစနစ်ဟု ပြောလျှင်ဖြင့် လူရယ်စရာပင်ဖြစ်ပေလိမ့်မည်။

ပညာရေးစနစ်ကောင်းမွန် စေရန် မူဝါဒများကို မည်သို့ပင် ချမှတ်စေကာမူ လက်တွေ့အ ကောင်အထည် ဖော်နိုင်မှုအား နည်းနေလျှင် အေင်မြင်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ လက် ရှိပညာရေးစနစ်သည် ၁၉၇၃ ခုနှစ် ပညာရေးဥပဒေများကို အ ခြေခံထားသော ပညာရေးစနစ် ဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက် ပိုင်း စစ်အစိုးရတက်လာပြီး နောက် ၁၉၇၃ ခုနှစ် ပညာရေး ဥပဒေများကို ပြင်ဆင်မွှမ်းမံခဲ့ သော်လည်း စီမံခန့်ခွဲမှုနှင့် လက် တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းသောကြောင့် အောင် မြင်မှုမရရှိခဲ့ပေ။ ပညာရေးတွင် ပညာရှင်များ၏ လွတ်လပ်စွာ စီမံ ဆောင်ရွက်ခွင့်မရှိခြင်း၊ ပက တိအခြေအနေမှန်နှင့် လိုက်လျောညီထွေမရှိခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းတို့သည် ပညာရေးဖွံ့ ဖြုးတိုးတက်ရေးအတွက် အဓိက အတားအဆီးများဖြစ်ခဲ့သည်။ ဗဟိုချုပ်ကိုင်မှုစနစ်တွင် ပညာ ရေးကို အဓိကဦးဆောင်သူသည် ပညာရေးကိုနားလည်တတ်ကျွမ်း သူ မဟုတ်ပါက ယင်းပညာရေး အဆင့်အတန်းသည် အောက်ဆုံး အထိ ကျဆင်းသွားမည်မှာ မလွဲ ဧကန်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိတက္က သိုလ်ပညာရေးကို ကြည့်လျှင် သင်ကြားရေးနှင့် သုတေသနပိုင်း ဆိုင်ရာများ တွင် အားနည်းချက် လွန်စွာကြီးမားလျက် ရှိဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်စုစုပေါင်း ၁၆၈ ခုအနက် အချို့ဝန်ကြီးဌာနများအောက်ရှိ အသက်မွေးဝမ်းကျောင်းတက္က သိုလ်ကောလိပ်အနည်းငယ်မှလွဲ ၍ ကျန်တက္ကသိုလ်ကောလိပ် အများစုတွင် သင်ထောက်ကူဆိုင် ရာ ပစ္စည်းများမပြည့်စုံခြင်း၊ ကျွမ်း ကျင်သော အရည်အသွေးမြင့် ဆရာ၊ ဆရာမများ နည်းပါးနေ ခြင်းတို့က ပညာရေးအတွက် အဓိကအရေးတကြီးလိုအပ်ချက်များပင်ဖြစ်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဘွဲ့ရလူငယ်အမြောက်အမြား ထွက်ပေါ်လာခဲ့သော်လည်း အ ရည်အသွေးနှင့် အဆင့်အတန်း အာမခံနိုင်မှု (Quality Assuance) မရှိခြင်းက ဘွဲ့ရလူငယ်များအ တွက် အနာဂတ်ကို မရေမရာဖြစ် စေခဲ့ပါသည်။ လက်ရှိအဝေးသင် တက္ကသိုလ်မဆိုထားနှင့်၊ ကျန်တက္ကသိုလ် ဒီဂရီကောလိပ် များ သည်ပင်လျှင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အခြေအ နေရောက်အောင် နှစ်အတော်အ တန်လျှောက်လှမ်းရဦးမည်ဖြစ်သည်။

လက်ရှိ အဝေးသင်တက္က သိုလ်ကျောင်းသားများသည် ဆရာ၊ ဆရာမများနှင့် ထိတွေ့ သင်ယူမှု အလွန် နည်းပါးခြင်း၊ ၎င်းတို့ကိုယ်တိုင် အဝေးသင်ပညာ ရေးကို ယုံကြည်မှုမရှိခြင်း၊ ဘွဲ့တစ်ခုရရှိရေးအတွက် ကျူရှင်ကိုသာအဓိကအားထားနေကြ ရ ခြင်း၊ ရုပ်မြင်သံကြားသင်ခန်းစာ ပို့ချချက်များကို ကြည့်ရှုသင်ယူမှု မရှိသလောက်နည်းပါးခြင်း၊ ဗီစီ ဒီသင်ခန်းစာပို့ချချက်မှတစ်ဆင့် လေ့လာသင်ယူမှုနည်းပါးနေ သေးခြင်း၊ အဝေးသင်စာစဉ် (Assignments) များကို ကိုယ် တိုင်ဖြေဆိုမှုနည်းပါးပြီး အသင့် ဖြေဆိုပြီးသား စာစဉ် အဖြေစုံများမှ ၀ယ်ယူကူးချခြင်းနှင့် တစ်ပွဲထိုး အလွတ်ကျက်စနစ်ကို သုံပြီး စာမေးပွဲဖြေဆိုနေကြခြင်း တို့သည် ယနေ့အဝေးသင်ကျောင်းသားများ၏ ဘွဲ့တစ်ခုရရှိရေးအတွက် လက်တွေ့ပြုမူဆောင်ရွက်နေပုံ များပင်ဖြစ်သည်။ ထို့အပြင် အဝေးသင်တက္ကသိုလ်သည် သင်ကြားရေးနှင့် လက်တွေ့ဘာသာ ရပ်များ အတွက် ကိုယ်ပိုင်ဆရာ၊ ဆရာမများမရှိဘဲ အခြားတက္က သိုလ်များမှ ဆရာ၊ ဆရာမများ ၏ အကူအညီကို ယူနေကြရခြင်း က အဝေးသင်တက္ကသိုလ်၏ အား နည်းချက်ဖြစ်သည်။ ဤအခြေအ နေတွင် အသက်မွေး ၀မ်းကျောင်း ဘာသာရပ်များကိုပါ သင်ကြားဦး မည်ဆိုလျှင်တော့ ဟုတ်ပါ့မလား ဟုပင် မေးခွန်းထုတ် စရာဖြစ်နေပါ သည်။

အဆောက်အအုံ တစ်ခု ဆောက်မည်ဆိုလျှင် အခြေခံ အုတ်မြစ်ခိုင်မာဖို့တော့ လိုပါမည်။ သို့မဟုတ်ပါက အဆောက်အအုံတစ်ခုလုံးပြိုကျပျက်စီးလိမ့်မည်ဖြစ်သည်။ ပညာရေးစနစ်ကောင်း တစ်ခုတည်ဆောက်မည် ဆိုလျှင်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။

အောက်ခြေအထိ ဆင်းပြီး ပကတိအခြေအနေအမှန် ကို ဦးစွာမြင်အောင် ကြည့်ရပါမည်။ ထိုသို့မဟုတ်ဘဲ ပညာရေး နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်း၊ မူဝါဒများချမှတ်ခြင်း၊ ဥပ ဒေများရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်နေရုံမျှဖြင့် မြန်မာ့ပညာ ရေးအဆင့်အတန်း မြင့်မားလာ နိုင်မည် မဟုတ်ပေ။

နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ အနေဖြင့် အောက်ခြေအထိ ဆင်းသည်ဆိုရာ တွင်လည်း အဓိပ္ပာယ် ရှိရန်လိုအပ်ပါသည်။ ယနေ့ဌာနဆိုင်ရာ အတော်များများသည် အထက်လူကြီးများ ကို အလွန် ကြောက်ရွံ့တတ်ကြသော ကြောင့် အမှန်တရားကို မခြွင်းမ ချန်ရဲရဲဝံ့ဝံ့တင်ပြရဲသော စိတ် ဓာတ်များ ပျောက်ဆုံးလျက်ရှိ သည်။ အထက်မှ လူကြီးလာစစ် မည်ဟု ကြိုသိထားလျှင် လူကြီး စိတ်ကျေ နပ်အောင် ကြိုတင် ပြင်ဆင်ထားတတ်သည့် အလေ့ အထများထွန်းကားဆဲပင်ဖြစ်သည်။ ကြိုတင်ပြင်ဆင် သည်ဆို ရာဝယ် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်းတင်ပြ မည့်အချက်အလက်စာရင်း ဇယား များကို မဆိုလိုပါ။ ပကတိ အခြေအနေအမှန်ကို ပြောင်းလဲ ထားခြင်းများ၊ အမှားကို ဖုံးကွယ်ထားခြင်း များ၊ လူကြီးနှင့် အဆင် မပြေနိုင်သည်ဟု ယူဆရသည့် လူပုဂ္ဂိုလ်များကို ရှင်းထုတ်ဖယ် ရှားထားခြင်းများ၊ လူကြီးနှင့် ဆက်ဆံရေးအဆင်ပြေမည့်သူ များကို စုစည်းကြိုဆိုခြင်းများ စသည်တို့ကို ဆိုလိုပါသည်။ ထို့ အပြင်အရေးကြီးသည်မှာ ဗိုလ် ချုပ်လူထွက်များထက် အမှန်တ ကယ်တတ်ကျွမ်းသော ပညာရှင်များကို နေရာပေးပြီး တက္ကသိုလ် ကောလိပ်များကို လွတ်လပ်စွာ စီမံလုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။ ဗဟိုကသာ ချုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ပညာရေး အနာဂတ် မ ကောင်းနိုင်ပါ။

နိုင်ငံတော်အကြီးအကဲများ မှအစ အထက်ဟုခေါ်အပ်သော လူကြီးမင်းအားလုံးသည် ပကတိ အမှန် တရားကို သိလိုလျှင် မလို အပ်ဘဲ ကြိုတင်အကြောင်းမကြား ဘဲနှင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်း များကို မကြာခဏ ပြုလုပ်ပါဟု လေးစားစွာ အကြံ ပြုလိုပါသည်။ ကြိုတင်အကြောင်းကြားလျှင်ဖြင့် အမှန် တရားကို ဖုံးကွယ်တင်ပြခြင်းများရှိလာနိုင်သည့်အပြင် လူကြီးစိတ်ကျေနပ်မှုရရှိစေရေးအတွက် မည်မျှပင် ဌာနဆိုင်ရာငွေကြေး၊ အသုံးစရိတ်မပြည့်စုံစေကာမူ လူကြီးမင်းတို့အား ဧည့်ဝတ်ကျေပွန်စွာ တခမ်းတနား ကြိုဆိုကြမည်သာဖြစ် သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ဌာနဆိုင်ရာလူကြီးမင်းများဧည့်ခံစရိတ်သည် ကျပ် သန်းပေါင်းများစွာရှိပါသည်။ ယင်းငွေများဖြင့် စာသင်ကျောင်းများ၊ ဆေးရုံဆေးပေးခန်းများ၊ လမ်းတံတား များတည်ဆောက်လျှင် နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည်ဖြစ် သည်။

မည်သို့ပင်ဆိုစေ၊ တာဝန်ရှိ သူအသီးသီးသည် အောက်ခြေအ ထိ မဖြစ်မနေဆင်းကြည့်ရန် လိုအပ်ပေ သည်။ သို့မှသာ ပကတိ အခြေအနေမှန်ကို မြင်နိုင်ပြီး လက်တွေ့ကျသည့် စီမံဆောင် ရွက်မှုများပြုလုပ်နိုင် မည်။ သို့မ ဟုတ်ပါက အောက်ခြေမှ တင်ပြ ချက်များကို စားပွဲပေါ်တွင်သာ ထိုင်ဖတ်နေမည်ဆိုပါက ပကတိ အမှန်တရားနှင့် ဝေးနေဦးမည် ဖြစ်သည်။ ထို့ပြင် အထက်လူကြီးကို ကြောက်ရွံ့သည့် အလေ့အ ထ မရှိစေရေးအတွက် မိမိ၏ လက် အောက်ဝန်ထမ်းများကို ခြိမ်း ခြောက်ဆူပူပြောဆိုခြင်းထက် အပြု သဘောဆောင်သည့် ပဲ့ပြင် ဆုံးမပြောဆိုခြင်းက အကြီးအကဲ နာယကဂုဏ်နှင့် ညီညွတ်ပေမည်။

အပြန်အလှန် ရိုသေလေး စားသည့် အမူအကျင့်များ မထွန်း ကားဘဲ ကြောက်ရွံ့တတ်သည့် အလေ့အထ များဖြစ်ထွန်းနေသ ရွေ့အမှန်တရားနှင့် ဝေးနေဦး မည်ဖြစ်သည်။ ရိုသေလေးစားခြင်းနှင့် ကြောက်ရွံ့ခြင်း သည် မတူပါ။ ကြောက်ရွံ့ခြင်းသည် အာဏာရှင်၏ စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ယဉ်ကျေး မှုမပျောက်သမျှ ကာလပတ်လုံး မည်သည့်ကဏ္ဍအတွက် မည်သည့်မူဝါဒများ ချမှတ်ဆောင် ရွက်စေကာမူ မည်သို့မျှ အောင် မြင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မြန်မာ့ပညာရေး အဆင့်အတန်းကို စိတ်ရင်းအမှန် ဖြင့် တိုးတက်စေချင်လျှင် အထက်အောက် အပြန်အလှန်လေး စားခြင်း၊ အပြန်အလှန်နား ထောင်တတ်ခြင်း၊ အောက်ခြေအထိ ဆင်းပြီး ပကတိ အခြေအနေ မှန်ကို မြင်အောင် ကြည့်တတ် ခြင်း၊ အောက်ခြေမှ အထက်သို့ မှန်မှန်ကန်ကန် တင်ပြရဲခြင်း စသည့် ယဉ်ကျေးမှုဖြစ်ထွန်းရန် မဖြစ်မနေ လိုအပ်ပါကြောင်း စေတနာအမှန်ဖြင့် ရေးသားလိုက်ရပါ သည်။


7Day News Journal
No.425 Monday, June 30, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ချော်လဲမကျစေရန် ကာကွယ်သင့်သည့် အချက်အလက်များ

Monday, June 30, 2014

pic;anticap.wordpress.com

ချော်လဲကျခြင်းမှာ သင်ထင်ထားသည်ထက် ပြဿနာများစွာ ပိုလာနိုင်သည်။ လူလတ်ပိုင်းများနှင့် အသက်ကြီး သူများ မသန်မစွမ်းဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ချော်လဲခြင်းကြောင့်ဖြစ်သည်။ လူများ အသက် ပိုကြီးလာချိန်တွင် ခန္ဓာကိုယ်ဟန်ချက်ညီစေသည့်အာရုံမှာ အားနည်းလာလေ့ရှိသည်။ သို့သော် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အသက်အရွယ်ကြောင့် ဖြစ်တတ်သော အကျိုးသက် ရောက်မှုများကို ပြောင်းပြန်လှန်ပစ်နိုင်သည်ဆိုခြင်းကို လူအများစုမသိကြပေ။

ရေကူးကန်တစ်ဝိုက်၊ ပန်းခြံထဲနှင့် သင်၏အိမ်ရှေ့လမ်းတို့တွင်မိုးရာသီစိုစွတ်နေချိန်၌ ခြေချော်ကျနိုင်မည့် အန္တရာယ်များကို လျစ် လျူမရှုပါနှင့်။ ယခင်က ထိမိ၊ တိုက်မိ၍ ပွန်းပဲ့ခြင်းတို့ကို စဉ်းစားပါ။နှစ်ကြိမ်ထက်ပို၍ သင်ဝင်တိုက်မိဖူးသော စားပွဲစွန်း(သို့မဟုတ်) အခြားပရိဘောဂများရှိပါက ဖယ်ရှားရှင်းလင်းပစ်ပါ။ ပရိ ဘောဂ အစိတ်အပိုင်းတစ်ခုတည်းကို တစ်နှစ်အတွင်း အကြိမ်များစွာ ၀င်တိုက်လေ့ရှိသဖြင့် ပွန်းပဲ့တတ် ခြင်းကို အမှန်တကယ် လျစ်လျူရှုတတ်သောလူများ ရှိတတ်ပါသည်။

ချော်လဲနိုင်သော ဖိနပ်များတွင် မြဲမြံစေမည့် အလွှာတစ်ခု ကပ်လိုက်ပါ။ ချော်လဲကျစေလုနီးပါး ဖြစ်စေ သည့် (သို့မဟုတ်) ချော်လဲကျစေသည့် ဖိနပ်တစ်ရန်စီ လူတိုင်းနီးပါးတွင် ရှိတတ်ကြသည်။ သို့သော် ယင်း ဖိနပ်များကို တန်ဖိုးကြီးကြီး ပေးဝယ်ထားရ၍ (သို့မဟုတ်) ယင်းဖိနပ်ကို ကြိုက်နှစ်သက်၍ သင်ဆက်စီးလို သည်ဆိုပါက ဖိနပ်ခွာတွင်မြဲမြံစေမည့် အလွှာတစ်လွှာကို ဖိနပ်ချုပ်သမားထံသွား၍ ကပ်လိုက်ပါ။

နေအိမ်အတွင်း ချော်လဲကျနိုင်သော နေရာများတွင်လည်း ခြေမြဲစေမည့် အလွှာတစ်လွှာ ကပ်လိုက်ပါ။ ရေချိုးခန်းကြမ်းပြင်၊ ရေချိုးဇလုံတို့ကို ပုံမှန် တိုက်ချွတ်သန့်စင်ခြင်း မပြုပါက ချော်လဲကျတတ်သည်။ ယင်း သို့ ပုံမှန်တိုက်ချွတ်ဆေးကြောလေ့မရှိပါက ချော်မလဲနိုင်သော ကော်ဇောကြမ်းကဲ့သို့ ချထားလိုက်ပါ။

အကယ်၍ တုတ်ကောက် (သို့မဟုတ်) လမ်းလျှောက်တုတ်အသုံးပြုနေရပါက ရေခဲပြင်စီး ဖိနပ်ကဲ့သို့ ဖိနပ် မျိုးကို အသုံးပြုပါ။ တုတ်ကောက်အသုံးပြု လမ်းလျှောက်နေရသူများအနေဖြင့် စိုစွတ်သော ရာသီဥတုအ တွက် ရေခဲပြင်စီး ဖိနပ်ကဲ့သို့ ချော်လဲမကျနိုင်စေရန် အထူးပြုလုပ်ထားသည့် ဖိနပ်များသုံးသင့်သည်။ ယင်း ဖိနပ်များကို ချိုင်းထောက်အသုံးပြုနေရသူများလည်း သုံးသင့်ပါသည်။

ချော်လဲကျနိုင်သော ကော်ဇောများ၊ ပစ္စည်းများကို ရှင်းပစ်ပါ။ နေအိမ်ထဲ ချော်လဲကျနိုင်သော ကော်ဇော များကို ဖယ်ရှားပစ်ပါ။သင်အများဆုံးသွားလာလေ့ရှိသော နေရာများတွင် အနှောင့်အယှက်ဖြစ်စေနိုင်သော ပန်းပင်၊ ဖုန်စုပ်စက်၊ စာရွက်ပုံစသည့်ခလုတ်တိုက်လဲနိုင်သော ပစ္စည်းများကို ဖယ်ရှားရှင်းလင်းပစ်ပါ။ 


-Internet
7Day News Journal
No.425 Monday, June 30, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ပြည်ပတွင် ပညာသင်လိုသူများနှင့် စကော်လာငါးမျှားချိတ်

Monday, June 30, 2014


ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိတို့ရရှိခဲ့သည့် တက္ကသိုလ်ဝင်တန်း အမှတ် စာရင်းများကို ထုတ်ယူကြည့်ရှုကာ မိမိတက်ရောက်နိုင်သည့် တက္ကသိုလ်များကိုလည်း ခန့်မှန်းရွေး ချယ်နိုင်ပြီဖြစ်သည်။

ထို့အတူ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်၊ ကောလိပ်များသို့ သွားရောက် ပညာသင်ကြားရန် ပြင်ဆင်နေကြ သည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း မိမိတက်ရောက်လိုသည့် တက္ကသိုလ်များ၊ နိုင်ငံများကို ရွေးချယ်၍ ၀င်ခွင့်ရရှိရန် ပြင်ဆင်နေကြပြီဖြစ်သည်။

နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များသို့ ၀င်ခွင့်ရရှိရန် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများဖြစ်သော TOEFL(Test of English as a Foreign Language)၊IELTS( International English Language Testing System စာမေးပွဲများ၊LCCI(The London Chamber of Commerce & Industy)၊ ACCA (The Association of Chartered Certified Accountants)၊ IGCSE (International General Certificate of Secondary Education) နှင့် အမေရိကန်တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေး ပွဲဖြစ်သော SAT(Scholastic Aptitude Test)၊ ACT(American College Test) စသည့် စာမေးပွဲများကို ဖြေဆိုရန်နှင့် အခြားလိုအပ်သည့် သင်တန်းများ တက်ရောက်နေကြပြီဖြစ်သည်။

သတိထားရမည့် အချက်တစ်ခုမှာ နိုင်ငံတကာကျောင်းများတွင် အခမဲ့ပညာသင်ကြားနိုင်မည့် ပညာတော် သင်ဆု(စကောလားရှစ်)ပင် ဖြစ်သည်။ အဆိုပါပညာတော်သင်ဆုများတွင် ပညာတော်သင်ဆုနှင့် ပညာ သင်ထောက်ပံ့ကြေးများ ကွဲပြားလေ့ရှိသည်။ ထို့ကြောင့် စကောလားရှစ်ရရှိပြီး ကျောင်းတက်ရောက်သည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အခြားကျောင်းစရိတ်များကို ထပ်မံပေးဆောင်နေရသည်။

ပြည်တွင်းတွင် ပညာတော်သင်ဆုစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ပြီး ၇၅ ရာခိုင်နှုန်းအထိရရှိကာ ကျောင်းသို့ သွားရောက်အပ်နှံရာတွင် ၇၅ရာခိုင်နှုန်းမှာ စာသင်စရိတ်(Tution Fee)ကိုသာ ပေးခြင်းဖြစ်ပြီး အခြားသော ကျောင်းစရိတ် ဘတ်ခြောက်သောင်းကျော်ကို ပေးသွင်းရမည်ဟု တောင်းခံခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံရှိ ရန်ကမ်ဟမ်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

ပြည်တွင်းရှိ ပညာရေးအေဂျင်စီအချို့မှာ ပညာတော်သင်ဆု (Scholarship)ကို ဈေးကွက်ရှာဖွေသည့် မက်လုံးတစ်ခုအနေဖြင့် အသုံးပြုလေ့ရှိကြသည်။

‘‘စကော်လာပေးတယ်ဆိုတာက ကိုယ်ကိုယ့်ကိုယ်ကြည့်သင့်တယ်။ မထူးချွန်ဘဲ စကော်လာပေးမယ် ဆိုရင်တော့ ငါးမျှားချိတ်နောက်ပါသွားမယ်။ များသောအားဖြင့် မှန်မှန်ကန်ကန် အေဂျင်စီကြီးကြီးမားမား တွေက အသေအချာ ရှင်းပြကြတာများတယ်။ အေဂျင်စီအသေးတွေကသာ အဆင်မပြေဖြစ်ကြတာ။ တစ်ခါတလေ စကောလားရှစ်ပေးမယ်။ မားကက်တင်းသဘောအရ သုံးကြတာများတယ်’’ဟု ပြည်တွင်း အေဂျင်စီတစ်ခုမှ ပညာရေးအကြံပေးတစ်ဦးကပြောသည်။

အမှန်တကယ်ထူးချွန်သည့် ကျောင်းသူ၊ ကျောင်းသားများကိုသာ နိုင်ငံတကာအစိုးရများနှင့် ပြင်ပအဖွဲ့ အစည်းများက နိုင်ငံခြား တက္ကသိုလ်များတွင် လေ့လာသင်ယူနိုင်ရန် ပညာတော်သင် ထောက်ပံ့ကြေးဆု များကို ပေးအပ်လေ့ရှိပြီး သာမန်ကျောင်းသားများကို ပညာတော်သင်ဆု စကော်လာပေးအပ်မည်ဆိုပါက သတိထားရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

အချို့ပညာတော်သင်ဆုများတွင် ပညာတော်သင်ဆုရယူ၍ ကျောင်းပြီးဆုံးသွားသည်နှင့် အဆိုပါနိုင်ငံများ တွင် အလုပ်ပြန်လည်လုပ်ကိုင်ပေးရမည့် စာချုပ်များ ချုပ်ရလေ့ရှိကြောင်း သိရသည်။

‘‘သူနာပြုတက္ကသိုလ်တစ်ခုမှာ သူတို့က စကော်လာပေးတယ်။ ဒါပေမဲ့ ကျောင်းပြီးသွားရင် သူတို့ဆေးရုံမှာ လေးနှစ်ပြန်ပြီး အလုပ်လုပ်ပေးရမယ်လို့ စာချုပ်ချုပ်ရတယ်။ အဲဒီတော့ ကလေးတစ်ယောက်အနေနဲ့ ဆယ်နှစ်လောက်ကို အချိန်ပေးရတော့မယ်။ အဲဒီလိုအစား တခြားစကော်လာမရတဲ့ တက္ကသိုလ်တစ်ခုခုကို ရွေးချယ်ပြီး တက်တာမျိုးလုပ်သင့်တယ်’’ဟု ပြည်တွင်းရှိ ပညာရေးအေဂျင်စီတစ်ခုမှ ပညာရေးအကြံပေး တစ်ဦးက ပြောပြသည်။

ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များသို့ သွားရောက်၍ ပညာသင်ကြားရန် ပညာသင်စရိတ်နှင့် နေထိုင်မှု စရိတ်မှာ မိမိတက်ရောက်မည့် ကျောင်းအမျိုးအစား၊ ဘာသာရပ်အပေါ်မူတည်၍ ငွေကုန်ကျမှု အနည်းအ များ ကွာခြားမည်ဖြစ်ပြီး အကြမ်းအားဖြင့် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြား စရိတ်နှင့် နေထိုင်စရိတ်များမှာ တစ်နှစ်လျှင် ငွေကျပ်သိန်း ၁၅၀ မှ သိန်း ၅၀၀ အတွင်း၊ သြစတြေးလျနိုင်ငံ တွင် ငွေကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အတွင်း၊ စင်ကာပူနိုင်ငံတွင် ငွေကျပ်သိန်း ၂၀၀ နှင့် သိန်း ၂၅၀ ကြား ကုန်ကျမည်ဖြစ်သည်။

ပညာသင်နှစ်များမှာ အင်ဂျင်နီယာနှင့် ပတ်သက်သည့် ဘာသာရပ်များမှာ ငါးနှစ်နှင့် ကျန်ဘာသာရပ်များ မှာ သုံးနှစ်မှလေးနှစ်အထိ ပညာသင်ကြားရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ကြား ရာတွင် အဓိကတွေ့ကြုံရသည့်အခက်အခဲမှာ နေထိုင်မှုပုံစံမတူညီခြင်း၊ သင်ကြားရေးနည်းစနစ်များ မတူ ညီခြင်း၊ အုပ်စုဖွဲ့သင်ကြားခြင်းများတွင် အားနည်းခြင်းများကို တွေ့ကြုံရတတ်သည်။

‘‘အဓိအားဖြင့် နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူတွေ အဓိကကြုံရတာက Corporative လုပ်ရမယ့် Assignment တွေမှာ ပူးပေါင်းမဆောင်ရွက်နိုင်ကြဘူး။ အရင်သင်လာရတာက ဒါသင်၊ ဒါမေး၊ ဒါဖြေ ပုံစံမျိုးနဲ့ အလွတ်ကျက်ပြီး ဖြေလာတာမျိုးဆိုတော့ အဲဒီလိုအခက်အခဲတွေက တွေ့တတ်ကြတယ်’’ဟု စင်ကာပူနိုင်ငံရှိ ပိုလီတက္ကသိုလ်တွင် သွားရောက်သင်ကြားခဲ့သည့် ကိုပြည့်ဖြိုးကပြောပြသည်။

အဆိုပါကလေးများအနေဖြင့် ပြည်ပတက္ကသိုလ်များသို့ မတက်မီ လိုအပ်သည့်ပြင်ဆင်ချိန်ကို တစ်နှစ်ခွဲ အထိ အချိန်ယူပြင်ဆင်ပြီးမှ တက်ရောက်လိုသည့်ကျောင်းသို့ သွားရောက်သင်ကြားသင့်ကြောင်း ပညာရေး အကြံပေးများက အကြံပြုထားသည်။

‘‘ကလေးတွေက ဘာကိုဝါသနာပါလဲဆိုတာကို သိဖို့လိုတယ်။ ၀ါသနာပါတာကိုသိရင်တောင်မှ လုပ်နိုင်မှု စွမ်းရည်ရှိ၊ မရှိကိုပါ ထည့်စဉ်းစားသင့်တယ်။ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အရေး ရှိ၊မရှိကို ကြည့်ပြီးရွေးချယ်တယ်။ ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နိုင်ငံ၊ ကိုယ်သင်မယ့်ဘာသာရပ်ကို ရွေးပြီးတော့မှ အတိအကျပြင်ဆင်ဖို့ အကြံပေးချင်ပါတယ်’’ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း ကပြောသည်။

နိုင်ငံရပ်ခြားရှိ တက္ကသိုလ်များတွင် ပညာသင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါသည့်၊ အသက်မွေးလိုသည့် ဘာသာရပ်ကို ရွေးချယ်ရမည်ဖြစ်ပြီး တက္ကသိုလ်နှင့် နိုင်ငံကို ကုန်ကျစရိတ်၊ ကြာမြင့်ချိန်တို့နှင့် ချိန်ညှိ၍ ရွေးချယ်ရမည်ဖြစ်သည်။

‘‘သမီးက ခုဆယ်တန်းအမှတ်က ၅၈၁ မှတ်ရထားတယ်။ စီးပွားရေးတက္ကသိုလ်တစ်ခုခုတက်ပြီးတော့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်ချင်တယ်’’ဟု ပညာရေးပြပွဲတစ်ခုသို့ တက်ရောက် နားထောင်ခဲ့သူ မသီရိမွန်ကပြောပြသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်သင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်း ကျောင်းပြုလုပ်မည့် မိမိစိတ်ဝင်စားသည့် ဘာသာရပ်များကို ရွေးချယ်သင်ယူ၍ ပူးပေါင်းဆောင်ရွက်လို စိတ်၊ ကိုယ့်အားကိုယ်ကိုးသည့်စိတ်ဓာတ်၊ စဉ်းစားတွေးခေါ်ဉာဏ်ပညာတို့ကို အသုံးချပြီး ပြီးမြောက်သည် အထိ ဆောင်ရွက်နိုင်သည့် ဇွဲလုံ့လဖြင့် ကြိုးစားသင်ယူရမည်ဖြစ်သည်။ ။


7Day News Journal 
အတွဲ (၁၃)၊ အမှတ် (၁၆) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ်မွေးခွေးလေးများ

Monday, June 30, 2014


လူသားများ၏ အကောင်းဆုံးသော မိတ်ဆွေများအဖြစ် ခွေးများကို သတ်မှတ် ညွှန်းဆိုလေ့ ရှိကြသည်။ ခွေးများ၏ ပင်ကိုသဘာဝ၊ သစ္စာစောင့်သိမှု၊ ရိုးသားမှုနှင့် လိမ္မာတတ်သိမှုများကြောင့် သမိုင်းတစ်လျှောက် လူသားများအတွက် ခင်မင်စရာ အကောင်းဆုံး အဖော်များအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် နိုင်ငံအလိုက်၊ ဒေသအလိုက် ပေါက်ဖွားမှု ကွဲပြားသည့် ခွေးမျိုးစိတ် အမျိုးမျိုး ရှိနေသလို ၎င်းတို့၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မျိုးရိုးတို့ကိုလိုက်ပြီး တန်ဖိုးသတ်မှတ်ချက်များလည်း ကွာဟလေ့ရှိ သည်။

အိမ်မွေးခွေးမျိုးနွယ် အများအပြားအနက် ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး၊ တန်ဖိုးအရှိဆုံးအဖြစ် ရပ်တည်နေသည့် (၁၀)မျိုးကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ Chow Chow



အမွေးပွပွနှင့် ခွေးကြီးများသည် တရုတ်နိုင်ငံ ဇာတိဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကတည်းက အဆင့်ဆင့် ပေါက်ဖွားဆင်းသက်လာသည့် မျိုးနွယ်များ ဖြစ်ကြသည်။

ကြီးမားသော ဦးခေါင်းနှင့် အမွေးစုတ်ဖွား အမြီးများ ရှိတတ်သည်။ ၎င်းတို့သည် လူကို သေသည်အထိ ကိုက်နိုင်သည့်အတွက် အန္တရာယ်ရှိသော ခွေးမျိုးစိတ် တစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။ အိမ်စောင့် ခွေးများအဖြစ် အသုံးပြုရန်မူ အထူးသင့်လျော်သည်။

Chow Chowတို့သည် လူစိမ်းများကို ရန်လိုလေ့ရှိသော်လည်း သခင်ဖြစ်သူ အပေါ်တွင်မူ အလွန်ရင်းနှီး ကျွမ်းဝင်ပြီး သစ္စာစောင့်သိလေ့ ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် တစ်ကောင်လျှင် ပျမ်းမျှ ဒေါ်လာ (၃၀၀၀)မျှဖြစ်သည်။

၉။ Pharaoh Hound



ရှေးဟောင်းအီဂျစ် လူ့အဖွဲ့အစည်းများ ကတည်းက အိမ်မွေးခွေး ဖြစ်ခဲ့သည့် မျိုးစိတ်အဖြစ် လူအများက ယူဆထားကြသည်။ အီဂျစ်ဖာရိုး ဘုရင်များ၏ သင်္ချိုင်းဂူများတွင် နံရံ၌ Pharaoh Hound ခွေးများ၏ ပုံကို ရေးဆွဲထားလေ့ရှိသောကြောင့် ဖြစ်သည်။

သို့သော်လည်း Pharaoh Houndတို့၏ မူရင်းဇာတိမြေမှာ မော်လ်တာဘက်မှဖြစ်ပြီး ယုန်လိုက်သည့် ခွေးများအဖြစ် မုဆိုးများက လေ့ကျင့် အသုံးချလေ့ရှိသည်။

Pharaoh Hound ခွေးများအကြောင်း ပြောဆိုသည့်အခါ ယင်းတို့၏ ခွန်အားကောင်းမွန်မှု၊ ဉာဏ်ရည် ထက်မြက်မှု၊ သစ္စာရှိမှု၊ ဇွဲကြီးမှုတို့က အဓိက ဝိသေသများ အနေဖြင့် ပါဝင်မည် ဖြစ်သည်။

သို့သော်လည်း လွတ်လွတ်လပ်လပ် နေတတ်ပြီး ခြေဦးတည့်ရာ သွားလာချင်သည့် ဉာဉ်မျိုးကြောင့် အတူ တကွ လမ်းလျှောက်ထွက်သည့်အခါ ယင်းတို့ကို မဖြစ်မနေ သိုင်းကြိုးချည်ထားရန် လိုအပ်မည် ဖြစ်သည်။ Pharaoh Hound ခွေးတစ်ကောင်၏ ပျမ်းမျှတန်ဖိုးသည် ဒေါ်လာ (၃၀၀၀)ကျော်မျှ ကျသင့်သည်။

၈။ Akita



Akita ခွေးများကို မြစ်ဖျားခံရာ ဇာတိဒေသ နှစ်ခုတွင် ကွဲပြားတွေ့မြင်နိုင်သည်။ တစ်နေရာမှာ အမေရိကန်ဖြစ်ပြီး တစ်နေရာကမူ အာရှတိုက်မှ ဂျပန်နိုင်ငံ ဖြစ်သည်။

အနီ၊ အဖြူ၊ အညို အစရှိသဖြင့် အရောင်အမျိုးမျိုး ကွဲပြားလေ့ရှိပြီး တုတ်ခိုင်သန်စွမ်းသော ခန္ဓာကိုယ်မျိုး ရှိသည်။ လူစိမ်းများနှင့် အခြားသော ခွေးများကို ရန်လိုတိုက်ခိုက်လေ့ ရှိသဖြင့် ကိုယ်ပိုင်ဝင်းခြံနှင့် သီးခြား မထားရှိနိုင်ပါက မမွေးသင့်သော ခွေးမျိုးဖြစ်သည်။

Akita ခွေးများကို ငယ်စဉ်ကတည်းက အခြားသော သတ္တဝါများနှင့် လိုက်ဖက်ညီစွာ နေထိုင်တတ်အောင် သင်ကြားပေးထားပါက ပတ်ဝန်းကျင်နှင့် သဟဇာတ ပိုဖြစ်နိုင်သည့် အခြေအနေရှိသည်။

သစ္စာရှိမှု၊ သခင်အပေါ် တွယ်တာရင်းနှီးမှုများကြောင့် နာမည်ကောင်းရသည့် ခွေးမျိုးစိတ်သည် တစ်ကောင်လျှင် ဒေါ်လာ (၃၅၀၀)ဝန်းကျင်မျှ တန်ဖိုးရှိတတ်သည်။

၇။ Chinese Crested Hairless



Hairlessဟူသော အမည်သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ခန္ဓာကိုယ်ပေါ်တွင် အမွေးအမှင် မရှိသော ခွေးကလေးများ ဖြစ်ကြသည်။ သို့သော်လည်း တစ်ကိုယ်လုံး အမွေးကင်းမဲ့နေခြင်း မဟုတ်ဘဲ ဦးခေါင်း၊ အမြီးနှင့် ခြေလက်အောက်ပိုင်းတို့တွင် အမွေးများ ထူထူထပ်ထပ် ရှိနေတတ်သည်။

ယင်းတို့နှင့် ဆက်နွှယ်သည့် Powderpuff မျိုးနွယ်များမှာမူ ခန္ဓာကိုယ် တစ်ခုလုံး အမွေးများ ဖုံးအုပ်နေလေ့ ရှိသည်။ အမွေးကင်းမဲ့သော ခွေးလေးများသည် နေလောင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အသားအရေ ခန်းခြောက်ခြင်း အစရှိသည့် အရေပြား ပြဿနာများကို ကြုံရလေ့ရှိသည်။ ယင်းတို့၏ တန်ဖိုးသည် ဒေါ်လာ (၅၀၀၀)ဝန်းကျင် ဖြစ်သည်။

၆။ Tibetan Mastiff



အာရှအလယ်ပိုင်းမှ အစပြု ပေါက်ဖွားလာသည့် ခွေးကြီးများသည် ခွန်အားသန်မာပြီး ဉာဏ်ရည် မြင့်မား သည်။ တိဗက်တွင် ယင်းတို့ကို လမ်းပြခွေး အဖြစ်လည်းကောင်း၊ ကျွဲနွားများကို စောင့်ရှောက် ထိန်းကျောင်းပေးသည့် အစောင့်အရှောက်ခွေး အဖြစ်လည်းကောင်း အသုံးပြုလေ့ရှိသည်။

ဦးခေါင်းက အရွယ်အစား ကြီးမားပြီး လည်ဆံမွေးများ ထူပြောစွာ ရှိနေရာ ယင်းတို့၏ အသွင်အပြင်သည် ခြင်္သေ့ကြီးများသဖွယ် ဖြစ်နေတတ်သည်။

သဘာဝအားဖြင့် သူစိမ်းများကို ရန်လိုတတ်သော်လည်း လူအများနှင့် ရင်းနှီးကျွမ်းဝင်အောင် သင်ပြပေး သည့်အခါ အဆင်ပြေသည့် ဉာဏ်ရည်ထက်မြက်သော ခွေးများဖြစ်သည်။ ဒေါ်လာ(၅၀၀၀)ကျော်တန် ခွေးကြီးများသည် နေ့ဘက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတတ်ပြီး ညပိုင်းတွင် နိုးနိုးကြားကြား ကင်း လှည့်နေတတ်သည့် အစောင့်ခွေးများ အနေဖြင့်လည်း လူသိများသည်။

၅။ Canadian Eskimo Dog



မြောက်အမေရိကတွင် မျိုးရိုးအခြေပြု ဆင်းသက်လာသည့် ခွေးကြီးများသည် ယနေ့တိုင် မျိုးနွယ်ရော စပ်ခြင်း မရှိသည့် အရှားပါးဆုံး မျိုးစိတ်တစ်ခုလည်း ဖြစ်သည်။

ဖြူလွသော အရောင်အဆင်းရှိပြီး အမေရိကန် နှင်းဝံပုလွေများသဖွယ် ခံ့ညားလှပပြီး သန်မာအားကောင်း သည့် ခန္ဓာကိုယ် တည်ဆောက်မှုကိုလည်း ပိုင်ဆိုင်ထားသည်။

ဉာဏ်ရည်ထက်မြက်ခြင်း၊ သစ္စာရှိခြင်း၊ သတ္တိကောင်းခြင်း၊ နိုးကြားခြင်းနှင့် သခင်အပေါ် တွယ်တာခြင်း တို့သည် ဒေါ်လာ (၆၀၀၀)ကျော်တန် ခွေးကြီးများ၏ ထူးခြားသော အရည်အသွေးများ ဖြစ်ကြသည်။

၎။ German Shepherd



ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် ခွေးမျိုးစိတ်တစ်ခု ဖြစ်သည့်အပြင် ယင်း၏ ထူးခြားသော အရည်အသွေးကောင်းများကြောင့် ဂျာမန်သိုးထိန်းခွေးများကို ခွေးချစ်သူများက အလွန်လိုလား နှစ်သက်လေ့ရှိသည်။

ဂျာမနီမှ စတင်ပေါက်ဖွားလာသော ခွေးများသည် အစောင့်ခွေးအဖြစ်လည်းကောင်း၊ သိုးအုပ်များကို ဝံပုလွေရန်မှ ကာကွယ်စောင့်ရှောက် ပေးရာတွင်လည်းကောင်း လူအများကို ကူညီပေးလေ့ရှိသည်။

သတ္တိရှိခြင်း၊ နိုးကြားခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း၊ သခင့်အလိုကို နားလည်ခြင်း၊ ခွန်အားကြီးခြင်းနှင့် ခိုင်းစေမှုကို အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်း အစရှိသည့် ဝိသေသကောင်းများကို အခြားသော ခွေးမျိုးစိတ်များထက် ပီပြင်ထင်ရှားစွာ ပိုင်ဆိုင်ထားတတ်ကြသည်။

သခင်၏ အမိန့်ကို တစ်သဝေမတိမ်း နာခံတတ်ပြီး လူစိမ်းများကို ယဉ်ပါးမှုမရှိဘဲ သံသယကြီးလွန်းခြင်းက အစောင့်ခွေး ကောင်းကောင်း ပိုင်ဆိုင်လိုသူများအတွက် အကြိုက်တွေ့စေမည့် အရည်အသွေးများ ဖြစ် သည်။

ဂျာမန်သိုးထိန်းခွေးများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်များတွင်လည်း အသုံးပြုလေ့ရှိပြီး စစ်ရေးနှင့် မှုခင်းရေးရာ အထောက်အကူပြု ခွေးများအဖြစ် လေ့ကျင့်ပေးနိုင်သည်။ အဆိုပါခွေး တစ်ကောင်၏ ပျမ်းမျှတန်ဖိုးမှာ ဒေါ်လာ(၆၅၀၀)မျှရှိသည်။

၃။ Samoyed



အမွေးနုနုများနှင့် ချစ်စရာ ခွေးကြီးများသည် ဆိုက်ဘေးရီးယား ဒေသမှ စတင်ပျံ့နှံ့ပေါက်ဖွားလာခြင်း ဖြစ်သည်။ ယင်းတို့ကို Bjelkierဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်လေ့ရှိသည်။

ဆိုက်ဘေးရီးယားတွင် စွပ်ဖားဆွဲသော ခွေးများဖြစ်ပြီး အုပ်စုဖွဲ့ နေထိုင်လေ့ ရှိကြသည်။ ပျော်ပျော်နေ တတ်ပြီး အဆော့သန်သည့် ခွေးများဖြစ်ရာ ကလေးငယ်များနှင့်ပင် စိတ်ချလက်ချ လွှတ်ထားနိုင်မည် ဖြစ် သည်။

အခြားသော လူနှင့် တိရစ္ဆာန်များကို ရန်လိုလေ့ မရှိသောကြောင့် အစောင့်ခွေး အနေဖြင့်မူ Samoyed များက အသုံးဝင်မည် မဟုတ်ချေ။ ဒေါ်လာ (၆၅၀၀)ကျော်တန် ခွေးကြီးများသည် နေအိမ်သို့ ဧည့်သည် လာပါက ဝမ်းပန်းတသာ ကြိုဆိုတတ်သည့် ဧည့်ကြိုခွေးများဖြစ်သည်။

၂။ Rottweiler



ကမ္ဘာအနှံ့အပြားတွင် ပေါက်ဖွားရှင်သန်နိုင်သည့် ခွေးများဖြစ်ကြသည်။ ယခင်က ကျွဲနွားအုပ်များကို စောင့်ရှောက် ထိန်းကျောင်းရန်အတွက် Rottweilerများကို လူအများက အသုံးပြုခဲ့ကြသည်။

ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်မျိုး ရှိနေပြီး အလွန်ခွန်အားသန်မာကြသည်။ ဒေါ်လာ(၇၀၀၀)တန် ခွေးကြီးများသည် လူစိမ်းသူစိမ်းများကို ရန်လိုတိုက်ခိုက်တတ်သည့် အစောင့်ခွေး အမျိုးအစားကောင်းများ ဖြစ်ကြသည်။

ယင်းတို့ကို သင်တန်းပေး လေ့ကျင့်စေပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့တွင် အထောက်အကူပြု ခွေးများ အဖြစ် လည်း အသုံးပြုလေ့ရှိသည်။

၁။ Lowchen



ကမ္ဘာပေါ်တွင် အရှားပါးဆုံး စာရင်းဝင် ခွေးမျိုးစိတ် တစ်ခုဖြစ်ပြီး တန်ဖိုးလည်း အမြင့်ဆုံးဖြစ်သည်။ Lowchenတို့ကို Little Lion Dogဟုလည်း ခေါ်ဝေါ်လေ့ရှိသည်။

ဥရောပ ဒေသမှ စတင်ဆင်းသက် ပေါက်ဖွားလာသည့် ခွေးလေးများသည် ခြင်္သေ့များနှင့် သဏ္ဌာန်တူပြီး ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့တွင် အိမ်မွေးတိရစ္ဆာန်လေးများအဖြစ် စတင်ရေပန်းစား လူကြိုက် များလာခဲ့သည်။

Lowchenတို့တွင် ကျယ်ပြန့်သော ဦးခွံဖွဲ့စည်းမှု ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် အမွေးများ ထူထူထပ်ထပ် ဖုံးအုပ်ထားသည်။ ဉာဏ်ရည်ထက်မြက်ပြီး အဆော့သန်ကာ လူအများကို ခင်မင်ရင်းနှီးစွာ နေထိုင်တတ် သည်။

ထို့အပြင် သစ္စာရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အမိန့်နာခံလွယ်ခြင်း၊ ကလေးများနှင့် အကျွမ်းတဝင် နေထိုင် တတ်ခြင်းတို့ကြောင့် မိသားစု မွေးမြူသင့်သည့် ခွေးလေးများအဖြစ် လူသိများသည်။ ယင်းတို့၏ ဈေးနှုန်း သည် ဒေါ်လာ(၇၀၀၀)ကျော်မျှ ရှိသည်။ 


_Top Teny
7Day Daily No.425 Monday, June 30, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဒီနည်းလမ်းတွေက ကူညီပေးနိုင်

Monday, June 30, 2014

မေသော် on 2014-06-30 16:30

သင်က မနက်ပိုင်း စောစော ထတတ်တဲ့သူ ဖြစ်ရင်တောင် ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ် တဲ့သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်က မနက်ပိုင်း လေ့ကျင့်ခန်း လေးလုပ်၊ ပေါ့ပေါ့ပါးပါး ရုံးသွား၊ အလုပ်သွားနိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ခုပြောပြ ပေးမယ့် နည်းလမ်းလေးတွေက သင့်ကို ကူညီပေးနိုင် ပါလိမ့်မယ်။

၁။အထုပ်အပိုး ပြင်ထားပါ။

ညနေအလုပ်က ပြန်ရောက်ပြီဆိုတာနဲ့ GYM ကစားတဲ့အခါ ယူသွားမယ့် အိတ်ထဲကို အရင်ဝတ်နေကျ အားကစားဝတ်စုံ အဟောင်းတွေ ဖယ်ပြီး အသစ်တစ်စုံ ထည့်ထားလိုက်ပါ။ မနက်ကို အရမ်းစောစောထ ပြင်ဆင်ဖို့ အချိန်ပေးစရာ မလိုတော့ဘူးပေါ့။

၂။ဘယ်သူ့ အကူအညီမှ မပါပဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။

နှိုးစက်နာရီရဲ့ အကူအညီမပါဘဲ ကိုယ့်ဘာသာကိုယ် မနက်ထနိုင်အောင် ကြိုးစားပါ။ လူတစ်ယောက် အတွက် အခက်ခဲဆုံး အပိုင်းက မနက်ထရတာပါပဲ။ အိပ်ယာကနိုးပြီ၊ ထနိုင်ပြီဆိုလို့ကတော့ လေ့ကျင့်ခန်း လုပ်ရတာ ဒီလောက်ကြီး ပင်ပန်းခက်ခဲတာ မဟုတ်ပါဘူး။ အဓိကက အိပ်ယာထနိုင်အောင် လုပ်ပါ။

၃။ရင်ပြည့်ရင်ခံစေမယ့် အစားအစာတွေ အများကြီး မစားပါနဲ့။

လေ့ကျင့်ခန်း မလုပ်ခင် စားတဲ့ မနက်စာဟာ အများကြိး မဖြစ်သင့်ပါဘူး။ အဲ့ဒီလို အများကြီးစားပြီး လေ့ကျင့်ခန်းလုပ်ရင် ဖျားတတ်တယ်ဆိုတာ သိထားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးမှ ဗိုက်ပြည့်အောင် စားပါ။

၎။ညက သောက်တာများသွားရင် မနက် ရေများများသောက်ပေးပါ။

မနေ့ညက ၀ိုင်သောက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေ ဆုံလို့ အရက်၊ ဗော်ကာ စတာတွေ သောက်မိထားတာကြောင့် မနက်ပိုင်း ခေါင်းမကြည်ဘူးဆိုရင် ရေများများသောက်ပေးပါ။

၅။မနက်စောစော အိပ်ယာထထားတာမို့ ညပိုင်း နောက်ကျတဲ့အထိ မနေပါနဲ့။

ပုံမှန် အချိန်ဇယားလေးတစ်ခု ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းကမ်း၊ နည်း လမ်းတွေကို လိုက်နာပါ။ မနက်စောစောထားပြီး လေ့ကျင့်ခန်းလုပ်ထားတာမို့ အဲ့ဒီညကို စောစောအိပ် ပေးဖို့ လိုပါတယ်။ ပုံမှန်အိပ်ချိန် သတ်မှတ်ပါ။

၆။GYM ဆော့တဲ့နေရာမှာ သူငယ်ချင်း ရှာထားပါ။

ကိုယ်က GYM သွားဖို့ ပျင်းနေရင်တောင် သူငယ်ချင်းနဲ့ ချိန်းထားပြီးသားမို့ မဖြစ်မနေ သွားဖြစ်သွားပါလိမ့် မယ်။ သူနဲ့အတူ လေ့ကျင့်ခန်းလုပ်တာ ပျော်စရာကောင်းမှန်း သိလာပါလိမ့်မယ်။ ကိုယ်မလာချင်ဘူး ဆိုရင်တောင် သူကဖုန်းဆက်ပြီး ခေါ်တာမို့ သွားဖြစ်သွားပါလိမ့်မယ်။

၇။ဘယ်ရက်မှ ဘယ်လောက် ၀ိတ်ကျရမယ်ဆိုပြီး ရက်စွဲနဲ့ သတ်မှတ်ပြီးကစားပါ။

ဘယ်နေ့ရောက်ရင်တော့ ငါဘယ်နှစ်ပေါင် ၀ိတ်ကျနေပြီးသားဖြစ်ရမယ် ဆိုတဲ့ စိတ်ဓာတ်လေးနဲ့ ကစားပါ။ ဒါဆို အဆင်ပြေလာပါလိမ့်မယ်။


Ref:womenshealthmag.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

အချစ်ရေးနဲ့ပတ်သတ်ပြီး စဉ်းစားနေပါပြီလို့ ဖွင့်ဟလိုက်တဲ့ မိုးယုစံ

Monday, June 30, 2014

ခင်ဆွေသက် on 2014-06-30 15:40

သက်တန့်ရောင် နှလုံးသားဆိုတဲ့ ဗီဒီယိုကားကို ပြေတီဦး ဒါရိုက်တာနေပိုင်တို့နဲ့ ရိုက်ကူးနေတဲ့ မိုးယုစံ က ဒီဇာတ်ကား ရိုက်ပြီးရင်တော့ ခဏနားပြီး လလယ်လောက်မှ ပြန်ရိုက်မယ်လို့ ဆိုလာပါတယ်။ ချစ်စ ဖွယ် အပြုံးပိုင်ရှင် မိုးယုဟာ အနုပညာလောကထဲမှာ ချစ်ရေးချစ်ရာ ဘယ်သူဘယ်ဝါ ဆိုတာ မကြားရသူမို့ သူမရဲ့ အချစ်ရေးအကြောင်းကို ခုလို မေးကြည့်ဖြစ်တဲ့အခါ 

“အချစ်ရေးကတော့ ခုချိန်မှာ ကြည်ကြည် လင်လင် ပါပဲ။ စဉ်းစားသင့်တဲ့ အရွယ်လဲ ရောက်လာပြီဆိုတော့ စဉ်းစားနေတယ်ပေါ့နော်။ ဒါပေမဲ့လဲ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ကို စဉ်းစားတဲ့အခါမှာ မိုးယု ကိုယ်တိုင်ကလဲ အများကြီး စဉ်းစားတတ်တဲ့ လူထဲမှာ ပါတဲ့အတွက် လွယ်လွယ်နဲ့ လက်မခံတတ် ဘူး။ အပြင်လောကက လူမှ၊ အနုပညာ အသိုင်းအ၀ိုင်း ထဲကမှဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဖူးစာ ပါရင်တော့ နီးနီးပဲဖြစ်ဖြစ် ဝေးဝေး ပဲဖြစ်ဖြစ် မဆုံနိုင်ဘူးထင်ပေမဲ့လဲ ဆုံနိုင်တာပဲ။ အဓိကက ကိုယ့်ကို တကယ်ချစ်ဖို့ပဲ လိုပါတယ်” လို့ သူမက ပြောပြပေးခဲ့ပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ခေါင်းမှာ တက်တူးသစ်ထိုးလိုက်တဲ့ Kelly Osbourne

Monday, June 30, 2014

Jack the Ripper on 2014-06-30 14:50

Heavy Metal အဆိုတော်ကြီး Ozzy Osbourne ရဲ့သမီး pop star Kelly Osbourne ဟာပြီးခဲ့တဲ့ တစ်ပါတ်ထဲမှာ တက်တူးအသစ် ထိုးလိုက်ပြီး မထိုးခင်နဲ့ ထိုးပြီး ဓာတ်ပုံတွေကို တနင်္ဂနွေနေ့က Instagram ပေါ်မှာတင်ခဲ့ပါတယ်။

Kelly ဟာ သူမရဲ့ တက်တူးအသစ်ကို ကောင်းမွန်ပြီး နာကျင်လွယ်တဲ့ ဦးခေါင်းဘေးနေရာမှာထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Kelly ဟာမကြာသေးခင်က သူမရဲ့ ခရမ်းနုရောင်ဆံပင်ကို တစ်ခြမ်းရိပ်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ သူမရဲ့ရိပ်ထားတဲ့ ဦးခေါင်းဘက် အခြမ်းမှာ ‘Stories’ ဆိုတဲ့စကားလုံး တက်တူးကို ထိုးခဲ့တာဖြစ်ပါတယ်။

‘#opps ဒီည ငါဘာလုပ်မိပါလိမ့်။ စိတ်မကောင်းပါဘူး အမေနဲ့အဖေရေ ဒါပေမယ့် သမီ ဒါကိုချစ်တယ်’ လို့ ပုံစာမှာ ရေးထားပါတယ်။

Kelly ရဲ့ တက်တူးကို တက်တူးဆရာ Dr. Woo က ဟောလိဝုဒ်က Shamrock Social Club တက်တူး ပါလာမှာ ထိုးခဲ့တာဖြစ်ပါတယ်။




Ref:starpulse.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

iMobile I Style 8.2 ကို thai offical Rom ပြန်တင်နည်း

Monday, June 30, 2014

I Mobile I Style 8.2 ကို thai offical Rom ပြန်တင်ခြင်တဲ့ ဘော်ဒါများအတွက် ဈေးသက်သာပြီ မျက်နှာပြင်အရွယ်စား အနည်းငယ်ကြီးတာဖြစ် လူတောတော များများ ၀ယ်သုံးကြပါတယ် ဒီ i style 8.2
က ကျွန်တော်တို့ မြန်မာတွေအတွက် အားနည်ချက်တစ်ခုတော့ ၇ှိပါတယ် ဘာလဲဆိုတော Root ဖောက် ပြီ fontchanger နဲ့ font သွင်းလိုက်တာနဲ့ Logo မှာ ရပ်နေတက်တဲ့ error ပါဘဲ အလုံတိုင် မဟုတ်ပါ
ကြုံဖူသလောက် 5 လုံမှာ 2 လုံလောက် Firmware ပြန်တင်ရပါတယ် ကဲ Logo မှာရပ်နေပြီ တိုင်ပတ်နေ တဲ့ ဘော်ဒါတွေ အတွက် တိုင်မပတ်ရအောင် အောက်မှာ လိုအပ်တဲ့ဖိုင်းတွေ ဒေါင်းလိုက်ပါ


I Style 8.2 Firmware ကိုဒေါင်းရန်

ကျန်တဲ့အပိုင်က တစ်ခြာ I Style ဖုန်းတွေ Rom တင်သလိုပါဘဲ



ပြီရင် ဇယာကွက်ပုံစံ flash toot တက်လာပြီဆိုရင် ဒုတိယစာတန် Seatter-Loading နေရာမှာနှိပ်ပြီ စောစောက ဒေါင်းထားတဲ့ ဖိုင်းဝဲလ်ဖိုဒါ ကိုဖွင့်လိုက်ပြီ အထဲက MT65xx........ စာတန်ကိုရွေးပေးလိုက် ပါ ဒါဆိုအာလုံ အိုကေနေပါပြီ firmware တင်မဲ့ဖုန်းမှာ အရင်ဆုံ ဖုန်းကိုပိတ်ပြီ ဘတ်ထရီးဖြုတ်လိုက်ပါ ပြီရင် usb ကြိုးထိုးပြီ ချိတ်ဆက်ပေးလိုက်ပါ ပြီရင်ဘတ်ထရီ ပြန်ထဲပြီ ဒီအတိုင်ထားလိုက်ပါ ပါဝါဖွင့်စရာ မလိုပါဘူ ကွန်ပျူတာက ဖုန်းကို သိပြီဆိုရင် အပေါ်က downloand နေရာမှာနှိပ်ပြီ ထားလိုက်ပါ ခဏနေ အောက်နားမှာ ရာခိုင်နှုန်း တန်းတက်လာပါမယ် ၁၀၀ ရာခိုင်နှုန်ပြည့်ပြီဆိုရင် ဖုန်းကိုဖြုတ်လိုက်ပြီ ဘက်ထရီပါ ထုတ်လိုက်ပြီး ခဏထားတာပါ







ဒီပုံမျို အစီမ်ရောင်း အ၀ိုင်လေးပေါ်လာရင် အာလုံးအောင်မြင်ပါပြီ ဖုန်းကိုချိတ်ဆက်မူကို ဖြုတ်လိုက်ပြီ
ဘက်ထရီး ခဏပြန်ထုတ်လိုက်ပါ ပြီရင်ခဏထားပြီ ဘက်ထရီးပြန်တက်ပါ ပြီးရင် ပါဝါကို ဖွင့်ပေးပြီလိုက် ပါ ဒါဆို အားလုံးအိုကေပါပြီ firmware တင်စမှာ boot တက် နည်းနည်းကြာပါတယ်


post by SmartGhost

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

မှတ်စုများကို Dropbox နဲ့ Google Drive မှာ သိမ်းပေးမယ့် Sync Notes

Monday, June 30, 2014


Android အတွက် မှတ်စုမှတ်တဲ့ App များစွာ ရှိပါတယ်။ Google Keep က ကောင်းမွန်တဲ့ Note App တစ်ခုဖြစ်ပြီး မှတ်ချင်တာတွေကို အလွယ်တကူ မှတ်သားနိုင်ပါတယ်။ မှတ်သားထားတာတွေကို သင့်ရဲ့ Google Account မှာ Sync လုပ်ပြီး သိမ်းပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် မှတ်စုများကို သင်ဘယ်နေရာ ရောက်ရောက်အသုံးပြုနိုင်ပါတယ်။ Evernote က စွမ်းဆောင်ချက်များစွာ ပါတဲ့ App ဖြစ်ပြီး Android , iOS ,Windows, Mac တို့အပြင် Platform များစွာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ချက် များစွာပါတဲ့ အတွက် Evernote ဟာ အသုံးပြုရတာ လွယ်ကူမှုမရှိပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ မှတ်စုမှတ်သား တဲ့ App ကို အသုံးပြုချင်ရင် Sync Notes ကို အသုံးပြုပါ။ နာမည်အတိုင်းပဲ မှတ်စုများကို Dropbox နဲ့ Google Drive မှာ Sync လုပ်ပေးမှာဖြစ်ပါတယ်။ အဲဒီအတွက် မှတ်စုများကို သင်ဘယ်နေ ရာရောက် ရောက် အသုံးပြုနိုင်ပါတယ်။ Sync Notes ရဲ့ User Interface က ရိုးရှင်းပြီး အသုံးပြုရတာ လွယ်ကူပါ တယ်။ 

Sync Notes မှာ စွမ်းဆောင်ချက် သိပ်မပါဘဲ မှတ်စုများ လျှင်မြန်စွာ မှတ်သားနိုင်အောင် ဒီဇိုင်းလုပ်ထား ပါတယ်။ Sync Note ဟာ မှတ်စုများကို Cloud မှာ သိမ်းပေးတယ်ဆိုပေမယ့် သင့်ရဲ့ Android ဖုန်းမှာ လည်း သိမ်းပေးထားပါတယ်။ မှတ်စုများ၊ အလုပ်များကို Online ရော Offline ပါ မှတ်သား အသုံးပြုနိုင်ပါ တယ်။

Sync Notes ကို အင်စတော လုပ်ပြီးရင် ညာဘက် အပေါ်ထောင့်မှ Plus Icon ကိုနှိပ်ပြီး မှတ်စုတစ်ခု ဖန်တီးနိုင်ပါတယ်။ မှတ်စုကို Work, Ideas, Personal စသဖြင့် ကဏ္ဍသုံးခုထဲက တစ်ခုမှာ သိမ်းနိုင်ပါ တယ်။ ဒီလို ကဏ္ဍခွဲခြားပြီး သိမ်းဖို့ အပေါ်မှ Drop Down Arrow ကို နှိပ်ပြီး ရွေးချယ်ပေးပါ။ မှတ်စုရဲ့ ခေါင်းစီး ဒါမှမဟုတ် နာမည်ကို Title မှာ ရေးသားပြီး Subject နေရာမှာ မှတ်သားချင်တာများကို ရေး သားပါ။ ဒါဆိုရင် မှတ်စုတစ်ခု ပြုလုပ်ပြီးပါပြီ။ Back Button ကိုနှိပ်ရင် Main Screen ကို ရောက်ရှိသွား မှာ ဖြစ်ပြီး မှတ်စုများကို တွေ့မြင်နိုင်ပါတယ်။ မှန်ဘီလူးပုံကိုနှိပ်ပြီး မှတ်စုများကို အလွယ်တကူ ရှာဖွေနိုင် တယ်။

မှတ်စုတစ်ခုကို Edit ပြုလုပ်ဖို့ အဲဒီမှတ်စုကို တစ်ချက်နှိပ်ပါ။ မှတ်စုရေးတဲ့ Screen ဒါမှမဟုတ် Edit လုပ် တဲ့ Screen ကို ရောက်သွားမှာဖြစ်ပါတယ်။ အဲဒီမှာ T+ အိုင်ကွန်ကို နှိပ်ပြီး Small, Medium, Large စတဲ့ ဖောင့်အရွယ်အစား သုံးမျိုးကို ရွေးချယ်နိုင်ပါတယ်။ နောက်ခံအရောင်ကို ပြောင်းဖို့အတွက် Canvas အိုင်ကွန်ကို နှိပ်ပြီး အ၀ါ၊ အစိမ်း ၊ လိမ္မော် ၊ ပန်းရောင် လေးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ရိုးရှင်းတဲ့ အဖြူရောင် နောက်ခံကိုပဲ အသုံးပြုချင်ရင် Plain ကို ပြန်ရွေးချယ်ပေးပါ။ ဖောင့်အမျိုးအစားကို ပြောင်းလဲဖို့ ညာဘက်အပေါ်ထောင့်စွန်းမှ အစက်သုံးစက်ပုံကို နှိပ်ပြီး Font ကိုနှိပ်ပါ။ ဖောင့်သုံးမျိုးရှိပြီး နှစ်သက်ရာ ဖောင့်ကို အသုံးပြုနိုင်ပါတယ်။ မှတ်စုများ ရေးသားပြီး ဖောင့်အရွယ်အစားများ ၊ နောက်ခံအရောင်များ၊ ဖောင့်အမျိုးအစားများကို သတ်မှတ်ပြီးရင် Back Button ကို နှိပ်လိုက်တာနဲ့ မှတ်စုကို သိမ်းပေးမှာဖြစ်ပါ တယ်။ Main Screen မှာ မှတ်စုတစ်ခုကို ဖိထားရင် Delete, Save လုပ်ဖို့နဲ့ Dropbox , Google Drive မှာ သိမ်းဖို့ ပြုလုပ်နိုင်ပါတယ်။ Save လုပ်ရင် မှတ်စုကို SD Card မှာ သိမ်းပေးမှာဖြစ်ပါတယ်။ Cloud မှာ သိမ်းဖို့ တိမ်ပုံ အိုင်ကွန်ကို နှိပ်ပြီး Google Drive ဒါမှမဟုတ် Dropbox ကိုရွေးချယ်ပေးပါ။ ပြီးရင် သက် ဆိုင်ရာ Cloud Account ရဲ့ User Name , Password ထည့်ပေးပါ။ နောက်အဆင့်မှာ Permission တောင်းရင် Grant ကိုရွေးပေးပါ။

ဘယ်ဘက်အပေါ်ထောင့်မှ Sync Notes ကို နှိပ်ရင် Cloud Account များနဲ့ ချိတ်ဆက်ဖို့ ပြုလုပ်နိုင်ပါ တယ်။ Labels အောက်မှာ မှတ်စုများကို ကဏ္ဍအလိုက်အရောင်များနဲ့ ခွဲခြားပြသပေးထားပါတယ်။ Work ကို အပြာ၊ Important ကို အနီ၊ Ideas ကို အစိမ်း၊ Personal ကို အ၀ါရောင်များနဲ့ ပြသပေးထားပါတယ်။ Work ကို နှိပ်ရင် Work နဲ့ ပတ်သက်တဲ့ မှတ်စုများကိုပဲ ပြသပေးမှာဖြစ်တဲ့အတွက် အလုပ်နဲ့ ပတ်သက် တဲ့မှတ်စုများကို လျှင်မြန်လွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။ Labels ရဲ့ ညာဘက်မှ Settings အိုင်ကွန် ကိုနှိပ်ရင် Label Manager Screen ကို ရောက်သွားမှာဖြစ်ပြီး Plus Icon ကို နှိပ်ရင် Label အသစ်တစ် ခုနဲ့ အဲဒီ Label ရဲ့ အရောင်ကို သတ်မှတ်နိုင်ပါတယ်။

နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်က မှတ်စုများကို အခြားသူများ မသိရှိအောင် App ကို Lock လုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့ Main Screen ရဲ့ ညာဘက်အပေါ်ထောင့်စွန်းမှ အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲသွားပါ။ Security Settings အောက်မှ Enable Lock Screen မှာ အမှန်ခြစ်ပေးပြီး Set password ကို တစ်ချက်နှိပ်ပါ။ နောက်အဆင့်မှာ Password သတ်မှတ်ပေးပြီး Confirm လုပ်ပေးပါ။ Settings ရဲ့ Main Screen ရှိ Date Display မှာ မှတ်စု စတင်မှတ်သားတဲ့ နေ့ရက် ဒါမှမဟုတ် Modify လုပ်တဲ့ နေ့ရက်ကို ရွေးချယ်နိုင်ပါတယ်။ မှတ်စုများကို နေ့ရက်နဲ့တကွ Main Screen မှာ ပြသပေးထားကို တွေ့မြင်နိုင်ပါတယ်။ Settings ထဲမှာပဲ ဖောင့်အမျိုးအစား၊ စာသား အရွယ်အစားနဲ့ Themes များကို ရွေးချယ်နိုင်ပါသေးတယ်။

Sync Notes ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး Google Play Store မှာ အခမဲ့ရယူနိုင် ပါတယ်။

http://goo.gl/pyzg3S


Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Mobile Browser များမှာ ၀က်ဆိုက်များရဲ့ Desktop Version ကို ကြည့်ရှုနိုင်မယ့် နည်းများ

Monday, June 30, 2014


ဝက်ဆိုက်အများစုက မိုဘိုင်းဖုန်းများအတွက် Mobile Version များ ပြုလုပ်ပေး ထားကြပါတယ်။ Mobile Version များက Bandwidth ကို လျှော့ချပေးသလို မျက်နှာပြင်သေးတဲ့ ဖုန်းများမှာ ကြည့်ရှုရ အဆင်ပြေ စေပါတယ်။ ဒါပေမယ့် ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို မိုဘိုင်းဖုန်းကနေ အသုံးပြုချင်တဲ့ အခြေအနေများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းဟာ မျက်နှာပြင်ကြီးရင် Desktop Version နဲ့ ၀က်ဆိုက်များ ကြည့်ချင်မှာပါ။ အချို့ဝက်ဆိုက်များက မိုဘိုင်းဗားရှင်းမှာ စွမ်းဆောင်ချက်အချို့ကို ဖယ်ရှားထားတဲ့အတွက် အဲဒီစွမ်းဆောင်ချက်များကို အသုံးပြုချင်ရင် Desktop Version ကို အသုံးပြုချင်မှာပါ။ မိုဘိုင်းဗားရှင်းရဲ့ အားနည်းချက်နောက်တစ်ခုက Navigate ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ 

ဥပမာ အားဖြင့် IMDB ၀က်ဆိုက်ကိုကြည့်ပါ။ IMDB ၀က်ဆိုက်မှာ ဟာသရုပ်ရှင်မင်းသား Will Ferrell ပါဝင်ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများကို ကြည့်ချင်တယ်ဆိုပါစို့။ ဘရောက်စာကနေ Will Ferrell ရဲ့ IMDB Page ကို သွားပါ။ Full Filmography ကို နှိပ်ပါ။

ဒါဆိုရင် Will Ferrell ပါဝင်ပတ်သက်တဲ့ ကဏ္ဍများကို လင့်များအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ လင့်တစ် ခုချင်းစီကို နှိပ်ပြီး ဇာတ်ကားတစ်ခုချင်းစီမှ မင်းသားရဲ့ ပါဝင်တဲ့ အခန်းကဏ္ဍကို ကြည့်ရမှာဖြစ်ပါတယ်။ ဒါဟာ အချိန်တော်တော် ကုန်စေပြီး အဆင်မပြေလှပါဘူး။ Desktop Version မှာဆိုရင်တော့ မင်းသား ပါဝင်ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားအားလုံးကို Web Page တစ်ခုထဲ ကနေမြင်တွေ့ရ မှာဖြစ်ပါတယ်။ ကံကောင်းတဲ့အချက်က IMDB ၀က်ဆိုက်က Desktop Version ကို အလွယ်တကူ ပြောင်းကြည့်လို့ ရအောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ၀က်ဆိုက်အများစုကတော့ Desktop Version ကို ပြောင်း ကြည့်ဖို့ ပြုလုပ်ပေးထားခြင်းမရှိပါဘူး။ ဒီလိုအခြေအနေမှာ မိုဘိုင်းဘရောက်စာများရဲ့ Settings ကနေ Desktop Version ကို ပြောင်းလဲ ကြည့်ရှုဖို့ပြုလုပ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။

iOS Device
---------------
iPhone , iPad များရဲ့ Default Browser ဖြစ်တဲ့ Safari မှာ Desktop Version ကို ပြောင်းလဲကြည့်ရှုဖို့ စွမ်းဆောင်ချက်ကို Apple က ပြုလုပ်ပေးထားခြင်း မရှိပါဘူး။ အဲဒီစွမ်းဆောင်ချက် ပါရှိတဲ့ ဘရောက်စာ ကတော့ Google Chrome ဖြစ်ပြီး Apple App Store ကနေ အခမဲ့ရယူနိုင်ပါတယ်။ Chrome Browser မှာ ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို ပြောင်းလဲကြည့်ရှုချင်ရင် ညာဘက်အပေါ်ထောင့်က Menu ကို နှိပ်ပြီး Request Desktop Site ကို နှိပ်ပါ။

Chrome ရဲ့အားနည်းချက်က Desktop Version ကို Default အားဖြင့် Enable ပြုလုပ်လို့မရပါဘူး။ ဆိုလိုတာက ၀က်ဆိုက်တစ်ခုကို ဖွင့်တိုင်း Mobile Version ကနေ Desktop Version ကို အပေါ်က နည်းအတိုင်း အမြဲပြောင်းလဲပေးရမှာပါ။ Desktop Version ကို Default အားဖြင့် Enable ပြုလုပ်ပေးနိုင် တဲ့ မိုဘိုင်းဘရောက်စာက Puffin Web Browser ဖြစ်ပါတယ်။ Puffiin Web Browser ကို အခမဲ့အ သုံးပြုနိုင်ပြီး ၀က်ဆိုက်တစ်ခုရဲ့ မိုဘိုင်းဗားရှင်းကို အလွယ်တကူ Disable လုပ်နိုင်ပါတယ်။ Puffin Web Browser ဟာ အခပေးဗားရှင်းလည်းရှိပေမယ့် အခမဲ့ဗားရှင်းမှာ Desktop Version ကို အသုံးပြုနိုင် ပါတယ်။ Puffin Web Browser ကို အင်စတော လုပ်ပြီးရင် ညာဘက်အပေါ်ထောင့်က Menu ကိုနှိပ်ပါ။ More > Settings > User Agent ထဲသွားပြီး User Agent ကို Desktop ပြောင်းပါ။

ဒါဆိုရင် Puffiin Browser ကနေ ၀က်ဆိုက်တွေကြည့်တိုင်း Desktop Version နဲ့ ပြပေးမှာဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းကို ပြန်အသုံးပြုချင်ရင် အပေါ်ကနည်းအတိုင်း User Agent ထဲသွားပြီး iPhone ကို ရွေး ချယ်ပေးပါ။

Android
-----------
Google က Android ရဲ့ Default Browser ဖြစ်တဲ့ Chrome မှာ Desktop Version ကို အလွယ်တ ကူပြောင်းလဲနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ၀က်ဆိုက်တစ်ခုကို ဖွင့်ပြီး ဖုန်းရဲ့ Menu ခလုတ်ကိုနှိပ် ပါ။ Request desktop site မှာ အမှန်ခြစ်ပေးပါ။

Chrome ရဲ့ အားနည်းချက်က iOS မှာလိုပဲ Desktop Version ကို အမြဲတမ်း Enable လုပ်လို့မရပါဘူး။ ဒီလိုလုပ်ဖို့အတွက် Puffin Web Browser ကိုပဲ အသုံးပြုနိုင်ပါတယ်။ Puffin Web Browser ကို Google Play Store မှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဘရောက်စာကို အင်စတော လုပ်ပြီးရင် ညာဘက်အပေါ် ထောင့်က Menu ကိုနှိပ်ပါ။ Settings ထဲသွားပြီး Mobile Browser Mode မှာ အမှန်ခြစ်ဖြုတ်ပေးပါ။

Windows Phone
--------------------
Windows Phone ရဲ့ Default Browser ဖြစ်တဲ့ Internet Explorer မှာ မိုဘိုင်းဗားရှင်းကို အမြဲတမ်း Disable လုပ်နိုင်ပါတယ်။ Internet Explorer ရဲ့ More > Settings > Website preference မှာ မိုဘိုင်းဗားရှင်းကနေ Desktop Version ကို ပြောင်းလဲနိုင်ပါတယ်။

အရိုးရှင်းဆုံးနည်း
--------------------
မိုဘိုင်းဖုန်းများမှာ ၀က်ဆိုက်တစ်ခုရဲ့ Desktop Version ကို အသုံးပြုဖို့ အရိုးရှင်းဆုံးနည်းက ၀က်ဆိုက် မှာ Desktop Version ကို ပြောင်းနိုင်တဲ့ လင့် ကို နှိပ်တာဖြစ်ပါတယ်။

ဒါပေမယ့် ၀က်ဆိုက်တိုင်းမှာတော့ အဲဒီစွမ်းဆောင်ချက်ကို ထည့်ပေးထားခြင်းမရှိပါဘူး။ အဲဒီလိုအခြေ အနေမှာ အပေါ်က နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။


သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Online Account များကို ကာကွယ်ဖို့ နည်းငါးနည်း

Monday, June 30, 2014


Internet မှာ အကောင့်တွေ Hack ခံရတဲ့ သတင်းတွေ နေ့ တိုင်းကြားနေပါတယ်။ အဲဒီအတွက် သင့်ရဲ့ Online Account တွေကို ကာကွယ်ထားဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ သင့်အကောင့်တွေကို ကာကွယ် ဖို့နည်း (၅) နည်းကို တင်ပြလိုက်ပါတယ်။

Strong Passwords တွေကို အမြဲအသုံးပြုပါ။
-------------------------------------------------
Passwords တွေကို ရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့ အတွက် သင့် Passwords တွေကို Strong ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့ အကောင်းဆုံးပါပဲ။ ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်က အချက်တွေကို လိုက်နာသင့်ပါတယ်။

• Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
• Special Characters, Numbers တွေကို အသုံးပြုပါ။
• Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
• စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
• Birthdate, Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊ စကားလုံးတွေကို အသုံးမပြုသင့်ပါ။ 

မှတ်ရလွယ်ပြီး ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။
• Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ ဥပမာ ။ thuzar အစား thuz@1
• Sentence တစ်ခုကစကားလုံးတွေ ရဲ့  ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
• စကားလုံးတစ်ခု ကို Reverse လုပ်ပြီးသုံးပါ။ ဥပမာ ။ neighborhood ကနေ doohrobhgien ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။

အပေါ်က ဥပမာ ပေးထားတဲ့ Passwords တွေက အရမ်းတော့ ကောင်းမွန်မှု မရှိပါဘူး။ Numbers , Letters, Special Characters တွေ ပါဝင်ပြီး ရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံး ပါ။ ဥပမာ။ E1d_1D!4Y Passwords ပေးဖို့ မစဉ်းစားတတ်ရင် Password Generator ၀က်ဆိုက်တွေကို Google ကနေ ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ ၀က်ဆိုက်တစ်ခုကို အောက်က လင့် ကနေ သွားရောက်နိုင်ပါတယ်။

http://goo.gl/Xmu5X8

မတူညီတဲ့ Passwords တွေသုံးပါ။
---------------------------------------
အင်တာနက် အသုံးပြုသူ တော်တော်များများက အကောင့် Password တွေကို မှတ်ရလွယ်အောင် တူညီ တဲ့ Password တွေ အသုံးပြုလေ့ ရှိပါတယ်။သင့် Google Account ရဲ့  Passwords ကိုပဲ Online Banking Account မှာသုံးမယ်ဆိုရင် Google Account ကို တစ်ခြားသူတစ်ယောက်က Hack သွားခဲ့ရင် သင့်ရဲ့ ငွေကြေး ဆုံးရှုံးနိုင်ပါတယ်။ အဲဒီအတွက် မတူညီတဲ့ Passwords တွေကို အသုံးပြုဖို့ အရေးကြီးပါ တယ်။

Password Manager တွေသုံးပါ။
------------------------------------
အင်တာနက် စွဲလမ်းသူတွေ အတွက်တော့ Online Account တွေ ရာဂဏန်းလောက် ရှိမယ်ထင်ပါတယ်။ အဲလောက်များတဲ့ အကောင့်တွေမှာ မတူညီတဲ့၊ မှန်းဆရခက်တဲ့ Passwords တွေကို သင်ဘယ်လို Manage လုပ်မလဲ? LastPass လို Password Manager ကိုသုံးရင် Master Password တစ်ခုသာ မှတ်ထားရမှာဖြစ်ပြီး ကျန်တဲ့ Passwords အားလုံးကို မေ့ထားနိုင်ပါပြီ။ LastPass က Features တွေ များစွာပါရှိပါတယ်။ ကောင်းမွန်တဲ့ Features အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။ Password Generator ပါရှိပြီး ဖောက်ထွင်းရခက်တဲ့ Passwords တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Passwords တွေ ကို ကဏ္ဍတွေခွဲပြီးမှတ်သားပေးနိုင်သလို Auto Login, Auto Fill လုပ်ပေးနိုင်ပါတယ်။ Passwords သာ မကဘဲ Secure Notes, Auto Fill Form တွေကိုပါ မှတ်သားပေးနိုင်ပါတယ်။ LastPass က Online , Offline ရောသုံးနိုင်ပါတယ်။ Online မှာလည်းသင့်အကောင့်တွေကိုသိမ်းထားတဲ့အတွက် Device အားလုံးကနေ Sync လုပ်ပြီးသုံးနိုင်ပါတယ်။ Online မှာသိမ်းထားလို့  စိတ်ချရပါ့မလား? အဲဒီအတွက် LastPass က Security Features တွေများစွာပြုလုပ်ပေးထားပါတယ်။ Google Authenticator ကိုသုံးပြီး 2-step verification ပြုလုပ်နိုင်သလို တစ်ခြား Multi Factor Authentication လုပ်နိုင်တဲ့ Features တွေ လည်းရှိပါတယ်။ LastPass က Free/Premium နှစ်မျိုးရှိပြီး Windows,Mac,Linux တို့ မှာ Free သုံးနိုင်ပါ တယ်။ Premium ၀ယ်သုံးရင်တော့ Mobile ,Tablet တွေမှာပါသုံးနိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါ တယ်။ Password တွေကို Online မှာမသိမ်းချင်ရင် KeePass လို Open Source Freeware ကို သုံးနိုင် ပါတယ်။ KeePass က LastPass လောက် Features တွေ မစုံသလို အသုံးပြုရတာ သိပ်ပြီးအဆင်မပြေ လှပါဘူး။

Two-Factor Authentication အသုံးပြုပါ။
---------------------------------------------
Google, Facebook, Microsoft စတဲ့ Service တွေက Two-Factor Authentication ကို Support ပေးပါတယ်။ အဲလို မျိုး Service တွေမှာ Two-Factor Authentication ကို အသုံးပြုခြင်းဖြင့် သင့်အ ကောင့်တွေကို Passwords နှစ်ထပ်ခတ်ပြီး လုံခြုံမှုရှိစေပါတယ်။ Two-Factor Authentication က သင့်အကောင့်နဲ့ သင့်ဖုန်းကို ချိတ်ဆက် ထားတာဖြစ်ပါတယ်။ ဒီ Feature ကိုသုံးခြင်းဖြင့် သင့်အကောင့် Password တွေကို တစ်ခြားသူက သိသည့်တိုင်အောင် သင့်ဖုန်းသူ့ မှာ မရှိတဲ့အတွက် သင့်အကောင့်ကို သူဝင်လို့ မရတော့ပါဘူး။ Two-Factor Authentication က သင့်အကောင့်ကို သင့် Mobile Phone နဲ့ ပူးချည်ထားသလို ဖြစ်ပါတယ်။

Password Recovery ပြုလုပ်ဖို့  မတူညီတဲ့ အီးမေးသုံးပါ။
---------------------------------------------------------------
Websites တော်တော်များများမှာ Password မေ့သွားရင်ဖြစ်ဖြစ်၊ ဖောက်ထွင်းခံရရင်ဖြစ်ဖြစ် Recover လုပ်နိုင်ဖို့  တစ်ခြား အီးမေးတစ်ခုကို အသုံးပြုလို့ ရပါတယ်။ Passwords မမေ့ခင်ကတည်းက Account Setting ထဲမှာ Setup လုပ်ထားဖို့ လိုပါတယ်။ အဲဒီ Feature ကို အသုံးပြုခြင်းဖြင့်သင့်အကောင့် Hack ခံရရင် ပြန်ပြီး Recover လုပ်နိုင်မှာပါ။

အချုပ်အားဖြင့်ပြောရရင် အင်တာနက် အသုံးပြုနေရင်တော့ ဘယ်အရာမှ စိတ်မချရပါဘူး။ ဒါပေမယ့် အပေါ်က နည်းတွေကို အသုံးပြုပြီး သင့်အကောင့်တွေကို အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

Xperia Z1 C6903 အတွက် version 4.4.4 Firmwares

Monday, June 30, 2014


Xperia Z1 အတွက် version 4.4.4 Firmware တွေ့လို့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

Xperia Z1 User များ စိတ်ဝင်စားရင် Download ရယူနိုင်ပါတယ်။


Xperia Z1 14.4.A.0.108 firmware update

https://mega.co.nz/#!EUB1iShT!LvuRjifeagbPj2MF-h4HpTNPVy7P4QnR4B3BjNjsBBk (C6903_14.4.A.0.108_Generic FR 1276-5833_R5C)

https://mega.co.nz/#!0BcmSZYQ!36kF6xadD0EuVJst-DceYyQoTzZhV2NJmbAXp5eWQAY (C6903_14.4.A.0.108 – KitKat 4.4.4 – Conan206_Customized AE)

https://mega.co.nz/#!EIY0UBpZ!nbqPqDqcJGeFpv-tyX3yoGyGagpfPKjGzSGLzy7hvSc
(C6903_14.4.A.0.108_1276_7937_R3C Customized SG.ftf)


Credit ; Original Owner

……….::::: အဆင်ပြေပါစေ :::::……….
Source;MMAS
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

oppo r831 ကို root ဖောက် မယ် firmware ပြန်တင်မယ်

Monday, June 30, 2014


oppo r831 ကို root ဖောက် ပြီး တိုင် ပါတ် နေ တဲ့  ဘော်ဒါ တွေ အတွက်ပါ။ ကျ နော် တော့  font changer တွေ သုံး တာ များ လို့  firmware ပါ လှည့်  တင် လိုက် ရ တယ်။ဒီ ပိုစ့် လေး မှာ တော့  root ဖောက်တာ ရော မြန်မာစာ မှန်ကန် အောင် သွင်း ယူ ပုံရော firmware ပြန် တင် နည်းပါ တစ်ခါ တည်း ဖော် ပြ ပေး လိုက် ပါတယ်။အားလုံး ကို ကွန်ပျူ တာ မလို ပဲ လုပ် ဆောင် နိုင်ပါတယ်။

root ဖောက် ရန် ပြင် ဆင်ခြင်း
======================

အရင်ဆုံးလိုအပ် တဲ့  root apk ကို ဒီမှာ ဒေါင်းပါ။

ပြီးရင် ထုံးစံအတိုင်း setting ကနေ unknown source ကို အမှန်ခြစ်ပေးပြီးရင် install လုပ်ဆောင် ပါ။

root apk ကို install လုပ်ပြီးရင် update တောင်းလာပါ လိမ့် မယ်။ update ပေးလိုက်ပါ။ပြီးရင် အပေါ် က root ဆို တာလေး ကို နိုပ် လိုက်ပါ။ ဖုန်းမှာ restat မကျ ပဲ root acess ရသွားပါပြီ။

မြန်မာစာမှန်ကန် အောင် သွင်းယူ နည်း
============================== 

အရင်ဆုံး mmaio font changer ကို ဒီမှာ install လုပ်ပါ။
zawgyi font ကို ဒီမှာ install လုပ်ပါ။
ကီးဘုတ် အတွက် ဒီမှာ ဒေါင်းပါ။

ပြီး ရင် အားလုံးကို install လုပ်ပါ။ zawgyi font ကိုဖွင့် ပြီး 4.2 /4.2 အတွက် သီးသန့် font ကို ဒေါင်းယူပါ။ ပြီးရင် mmaio font ကို ဖွင့် ပြီး font change ချ ပါ။ မြန်မာစာမမှန် ကန် သေးတဲ့ အတွက် fepz 2.1 ကို ဒီမှာ install လုပ်ပါ။ ဒါဆို ရင် မြန်မာစာ မှန်ကန် သွားပါပြီ။

firmware ပြန် တင် နည်း ကို ဆက်လက် လေ့ လာ ချင် တယ်ဆို ရင် ဒီမှာ သွား လိုက်ပါ။

oppo r813 ကို firmware ပြန်တင် နည်း လေးပါ။
=============================== 

root ဖောက်ပြီး ကလိ လွန် သွား လို့  firmware ပြန်တင် ချင် တဲ့ မိတ် ဆွေ တွေ အတွက် ဆိုင် သွား စရာ မလို ပဲ အလွယ် တစ်ကူ ပြု လုပ် နိုင် မဲ့  နည်းလမ်း လေးပါ။ တစ်ခြား oppo အမျိုး အစား တွေ လည်း ယခု လို ပဲ တင် နိုင်ပါတယ်။ firmware ပြန် တင် တော့ မယ် ဆို ရင် sd card ကောင်းကောင်း လိုပါတယ် formart ချ ပြီး firmware ဖိုင် ကို zip ဖြေ ပြီး blank ဖြစ် နေတဲ့  sd card ထဲ ကို ထည့် ပြီး video file လေးအတိုင်း လုပ်လုပ် ရင်အဆင်ပြေ ပါ ပြီ။ မိမိ နဲ ကိုက် ညီတဲ့  firmware ကို အမျိုး အစား အလိုက် ဒီမှာ ဒေါင်း ပါ။

(1 ) recover mode ကို ဝင် ရန် အတွက် power + volume down +home button ကို သုံးခု ပြိုင် ပြီးနိုပ် ပါ။ logo ပေါ်လာရင် volume up နဲ့  ဝင် လိုက် ပါ။

(2 ) wipe data and cache လုပ်ပါ။

(3 ) install from sd card မှာ ရွေး ပြီး မိမိ သိမ်းထား တဲ့  firmware ဖိုင်ကို ပြပေးလိုက်ပါ။

http://www.oppomobile.vn/ho-tro/download.html


စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )

www.saithu102.blogspot.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

ZawgyiOne-Ghost TTF မြန်မာဖောင့်(စမ်ဆောင်း 4.3 အထက်ဖုန်းများ မြန်မာစာ 100% မှန်အောင်လုပ်နည်း.... )

Monday, June 30, 2014

ဇော်ဂျီသရဲ မြန်မာဖောင့် ပန့်ပန့်အော်တာမှ ကြိုက်တဲ့ ကိုကိုမမများအတွက်..... စမ်ဆောင်းဖုန်းမှာ ပါဝင် လာတဲ့ ZawgyiOne2008 မြန်မာဖောင့်ကို ဇော်ဂျီသရဲဖောင့်လေး ထပ်လုပ်ပေး လိုက်ပါတယ် ။

““ အသုံးပြုရန် မိမိဖုန်းမှာ Root ရှိထားဖို့ လိုအပ်ပါတယ် ””

မှတ်ချက် ။ ။ စမ်ဆောင်းမှာပါတဲ့ 2008 ကို သရဲအဖြစ် ပြုပြင်ထားခြင်းဖြစ်လို့ မိမိဖုန်းရဲ့စာမှန်မှု အနေ အထား တိုင်းသာ ရမှာဖြစ်ပါတယ် ။

ဘာဆော့ဝဲမှ ထောက်ပံ့ပေးစရာ မလိုပါဘူး ကျနော်ပေးထားတဲ့ ဖိုင်လေးကို ညွှန်ပြထားတဲ့ ဖိုဒါထဲသို့ ထည့်ပေးလိုက်ယုံနဲ့ မြန်မာစာ 100% မှန်သွားမှာ ဖြစ်ပါတယ်

ဒီမှာလေ့လာ ဖတ်ရှု လုပ်ဆောင်လိုက်ပါ

http://freemobilesharing.blogspot.com/2014/05/43-100.html

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

TTF မြန်မာဖောင့် ထည့်နည်းကတော့ အရမ်းလွယ်ကူပါတယ် အားလုံးလဲ သိပြီးသားဖြစ်မှာပါ ။.

မြန်မာစာပါဝင်လာတဲ့ Samsung ဖုန်းတွေကတော့ ကျနော့် TTF ဖိုင်လေးကို ZawgyiOne2008 ဆိုပြီး နာမည်ပေးပြီး ညွှန်ပြထားတဲ့ ဖိုဒါထဲကို သွားထည့်ပြီး လုပ်ပေးလိုက်ယုံပါပဲ ။

မြန်မာစာ မပါဝင်တဲ့ Samsung ဖုန်းနဲ့ တခြားဖုန်းတွေကတော့ ကျနော့် TTF ဖိုင်လေးကို DroidSansFallback ဆိုပြီး နာမည်ပေးပြီး ညွှန်ပြထားတဲ့ ဖိုဒါထဲကို သွားထည့်ပြီး လုပ်ပေးလိုက်ယုံပါပဲ ။

နောက်ပိုင်းထွက်ရှိလာတဲ့ Sony ဖုန်းတွေကတော့ ကျနော့် TTF ဖိုင်လေးကို padauk ဆိုပြီး နာမည် ပေးပြီး ညွှန်ပြထားတဲ့ ဖိုဒါထဲကို သွားထည့်ပြီး လုပ်ပေးလိုက်ယုံပါပဲ ။

မြန်မာပြည်က မြန်မာစာပါဝင်ပြီးဖြစ်တဲ့ HTC ဖုန်းတွေကတော့ ဖောင့်နာမည်ကို Sanpya လို့ ပြောင်းပြီး ထည့်လိုက်ယုံပါပဲ ။

HTC ရဲ့ သူထည့်ထားတဲ့ မြန်မာဖောင့်နာမည်က Sanpya ပါ။ (သူ့ဖောင့်နဲ့ ကိုယ့်ဖောင့် ချိန်းဝင် လိုက်ခြင်းပါ :) )

xxxxxxxxxxxxxxxxxxxxx

( မြန်မာဖောင့် ထည့်နည်း )

အကျဉ်းချုပ်ကတော့ ကျနော့် TTF ဖောင့်ဖိုင်လေးကို သက်ဆိုင်ရာ နာမည်ပေးပြီး Root Explorer ဆော့ဝဲ ထဲကိုဝင်လိုက်ပါ >>> system ဖိုဒါထဲ ဝင်လိုက်ပါ >>> fonts ဆိုတဲ့ ဖိုဒါထဲကို ထို TTF ဖိုင်လေး ထည့်ပေးလိုက်ယုံပါပဲ ။

ပြီးရင် မိမိထည့်လိုက်သော TTF ဖောင့်ဖိုင်လေးကို RW--R--R ဆိုပြီး အမှန်ခြစ်လေး ရွေးပေးရပါမယ် ။

Root Explorer Pro ဆော့ဝဲနှင့် RW -- R -- R ပေးနည်းကို မသိပါက ဒီမှာ သွားရောက်လေ့လာ ဒေါင်းယူပါ ။

http://freemobilesharing.blogspot.com/2013/12/root-explorer-permissions.html

ပြီးရင်တော့ ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါ သရဲဖောင့်လေးနဲ့ လန်းသွားတာကိုမြင်တွေ့ရပါမယ် :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ZawgyiOne-Ghost - DjjoeMan(MMF) ကို အောက်မှာကြိုက်ရာ လင့်ကနေ ဒေါင်းယူပါ :)

ZawgyiOne-Ghost - DjjoeMan(MMF) ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို Uploadmb လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို FileDropper လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို Tiny လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို dataFile Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို Mega လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို SendSpace လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို YourFileLink လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို FileCargo လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို SpeedyShare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

ZawgyiOne-Ghost - DjjoeMan(MMF) ကို Solidfiles လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။


Post By : DjjoeMan(MMF)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

တရုတ်မှ တင်သွင်းလာသော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်းမပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်

Monday, June 30, 2014
Written by: မင်းသီဟဇော်

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်း မပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ကြေင်း သတင်းရရှိ သည်။

အဆိုပါ သတိပေး ထုတ်ပြန်ချက်တွင် ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် မှတ်ပုံ တင်ခွင့်ပြုထားခြင်း မရှိသော အဆိပ်ရှိပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ကျင်းထုံခြင်ဆေးခွေများ ၀င်ရောက် လျက်ရှိကြောင်း၊ ၎င်းခြင်ဆေးခွေများအား ပြည်သူများ သုံးစွဲခြင်း မပြုကြရန် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျင်းထုံခြင်ဆေးခွေ အမည်ဖြင့် မည်သည့်ခြင်ဆေးခွေကိုမျှ ပိုးသတ်ဆေး ဥပဒေနှင့် အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်တွင် တွေ့ရှိရသော ကျင်းထုံတံဆိပ် ခြင်ဆေးခွေ နမူနာများကို စစ်ဆေးခဲ့ရာတွင် ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေများပေါ်၌ ဖော်ပြထားသော အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ၀ ဒသမ ၀၈ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အများဆုံး ပါဝင်ရမည့် ပမာဏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းထက် ပိုမိုပါဝင်နေသဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကို များစွာထိခိုက် စေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားမ၀င် တင်သွင်းလာသော အခြားခြင်ဆေးခွေများကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေး ဓာတ်ခွဲခန်းတွင် စစ်ဆေးလျက် ရှိကြောင်း၊ ခြင်ဆေးခွေ တင်သွင်းရောင်းချသူများ အနေဖြင့် တင်သွင်းလာသော ခြင်ဆေးခွေတွင် အဆိပ် ရှိပစ္စည်း ပါဝင်မှု စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို သီးနှံကာကွယ်ရေး ဌာနခွဲသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။

တရုတ်မှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေများကို သုံးစွဲခြင်း မပြုကြရန်နှင့် တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးမှုများကို တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က ထပ်မံသတိပေး ကြေညာထားကြောင်း သိရသည်။


Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
အပြည့်အစုံသို့ >>

တင်ခဲ့ပြီးသော Posts များ ဆက်လက်ဖတ်ရှုရန်...

                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...