Aperture နှင့် iPhoto နေရာတွင် Photos app ဖြင့် အစားထိုးရန် Apple စီစဉ်



Apple သည် OS X အတွက် iPhoto နှင့် Aperture app ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုကို ရပ်ဆိုင်း ပြီး ၎င်း၏နေရာတွင် WWDC ပွဲ၌ မိတ်ဆက်ပေးခဲ့သော iPhotos app သစ်ဖြင့် အစားထိုးရန် စီစဉ်လျက် ရှိသည်။

OS X အတွက် Photos app ကို လာမည့်နှစ်မှသာ အသုံးပြုနိုင်ဖွယ်ရှိသော်လည်း ပရော်ဖက်ရှင်နယ် ဓာတ်ပုံပြုပြင်နိုင်သည့် Aperture ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း Apple က ဆိုခဲ့သည်။

“Photos app နဲ့ iCloud Photo Library တို့က iCloud မှာရှိတဲ့ ဓာတ်ပုံအားလုံးကို လုံလုံခြုံခြုံနဲ့ သိမ်း ပေးနိုင်သလို သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေကိုလည်း ဘယ်နေရာကမဆို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Aperture အတွက် တီထွင်ဆန်းသစ်မှုကို ဆက်လက်ဆောင်ရွက်တော့မှာ မဟုတ်ပါဘူး။ OS X အတွက် Photos app ကို လာမယ့်နှစ်မှာ တင်ပို့ရောင်းချတဲ့အခါ သုံးစွဲသူတွေအနေနဲ့ Aperture library တွေကို Photos for iOS ထံ ပြောင်းလဲ အသုံးပြုနိုင်ပါလိမ့်မယ်” ဟု Apple ၏ ကြေညာချက်တွင် ဖော်ပြ ခဲ့သည်။

ထို့အပြင် Apple သည် Apple iLifte suite တွင် ဆယ်စုနှစ်ကြာ ထည့်သွင်းခဲ့သည့် iPhoto ဖွံ့ဖြိုးတိုး တက်မှုကိုလည်း ရပ်ဆိုင်းမည် ဖြစ်သည်။ Photos app အသစ်တွင် iPhotos feature အများအပြား ပါဝင်လာသောကြောင့် သုံးစွဲသူများအနေနှင့် iOS 8 ကဲ့သို့ တူညီသော အတွေ့အကြုံများဖြင့် အသုံးပြုနိုင် မည်ဟု သိရသည်။


Ref: CultOfMac
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...