Baby powder (ခေါ်) ကိုယ်လိမ်းပေါင်ဒါ



ကလေး ကိုယ်လိမ်းပေါင်ဒါများဟာ ခန္ဓာကိုယ်ပေါ်က ပိုလျှံတဲ့အဆီများနှင့် စိုစွတ်မှုတို့ကို အချိန်တိုအတွင်း မှာ စုပ်ယူပစ်နိုင်ရုံသာမက၊ အသားအရေကို သန့် စင်စေကာ၊ အနံ့ ဆိုးများကိုလည်း ဖယ်ရှားပေးနိုင် ပါ တယ်။

ဒါကြောင့် ရှုးဖိနပ်ဝတ်၍ ခြေထောက် အနံ့ဆိုးထွက်တတ်တဲ့ ဖေဖေများအတွက် Baby powder က ဖြေ ရှင်းပေးနိုင်ပါတယ်။ ရှုးဖိနပ်မစီးခင် ခြေချောင်းပေါ်ကို ပေါင်ဒါ ဖြူး၍သော် လည်းကောင်း၊ ခြေထောက် အဆီပြန် သက်သာစေဖို့အတွက် ညအိပ်ယာဝင်ခါနီးမှာ ခြေဖ၀ါးနှင့် ခြေချောင်းများကြားထဲကို ပေါင်ဒါ လိမ်း အိပ်၍ သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး လမ်းများများလျှောက်ခြင်း (သို့ မဟုတ်) လေ့ကျင့်ခဏ်း လုပ်ခြင်းကြောင့် ပေါင်ပွန်း တတ်သော ဖေဖေမေမေ တို့ က အဲဒီ ကလေးပေါင်ဒါကို ပေါင်ခြံကြားထဲသို့  လိမ်းပေးပါ။

ဒါ့ပြင် မျက်တောင်မွှေးအတု သုံးလေ့ရှိတဲ့ မေမေများက၊ ထိုမျက်တောင်တု အပေါ်ကို ကလေးပေါင် ဒါ လေး အနည်းငယ် သုတ်လိမ်း၍ ဘရက်ရှ်ပျော့ပျော့ဖြင့် ပေါင်ဒါမှုန့် တွေကို ခပ်ဖွဖွ ပြန် လည်ခြစ်ထုတ် လိုက်ခြင်းအားဖြင့် မျက်တောင်တုပေါ်က ပေါင်ဒါနှင့်အတူ ချွေးအဆီတို့  ပါသွားပြီးနောက်၊ မျက်တောင် တုလေးဟာ ပကတိအတိုင်း သစ်လွင်သွားပါလိမ့်မယ်။

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...