ထာဝရအလှ

Written by: နီမင်းဆွေ
Casablanca ရုပ်ရှင်ဇာတ်ကား ပိုစတာ

‘ဦးဆီက အကြံဉာဏ် တစ်ခုလောက် တောင်းချင်ပါတယ်။ ဦးကို မိန်းကလေး တစ်ယောက်က စွဲစွဲနစ်နစ် ချစ်နေပြီး ဦးရဲ့ ပျော်ရွှင်မှုကပဲ ဒီကမ္ဘာလောကကြီး တစ်ခုလုံးထဲမှာ အဲဒီမိန်းကလေးရဲ့ အလိုချင်ဆုံးအရာ ဖြစ်နေပြီ ဆိုပါတော့။ နောက် ဒါကို သက်သေပြဖို့ အဲဒီမိန်းကလေးဟာ အလုပ်တစ်ခုကို လုပ်မိခဲ့ပြီး အဲဒီအလုပ်ကလည်း လူတွေ လက်သင့်မခံနိုင်တဲ့ အလုပ်မျိုး ဖြစ်နေတယ်ဆိုရင် ဦးသူ့ကို ခွင့်လွှတ်နိုင်ပါ့ မလား’ လို့ အသက်နှစ်ဆယ်တောင် မပြည့်တတ်သေးတဲ့ မိန်းကလေး တစ်ယောက်က အသက်ငါးဆယ် ကျော်အရွယ် နိုက်ကလပ်ပိုင်ရှင်ကြီး တစ်ဦးကို အဲဒီလို မေးခွန်းမျိုးတွေကို မေးနေပါတယ်။

ဒီလို စကားပြောခန်းတွေပါတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖြစ်ရတာကလည်း အကြောင်းရှိတယ်။ အမေရိ ကားမှာ ရုပ်ရှင်ပညာရှင် ၁၅၀၀ နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ‘အမေရိကန် ရုပ်ရှင်လုပ်ငန်း’ (AFI, American Film Institute) ဆိုတဲ့ ခုံသမာဓိ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ ရုပ်ရှင်ရယ်လို့ စပေါ်လာခဲ့တဲ့ အချိန်ကစပြီး ၂၀၀၇ ခုနှစ် ရောက်တဲ့အထိ အမေရိကားမှာထွက်သမျှ ရုပ်ရှင်တွေထဲက အကောင်းဆုံးဇာတ်ကား ၁၀၀ ကို ဒီအဖွဲ့က ရွေးချယ်ထားခဲ့တာ ရှိပါတယ်။ အဲဒီဇာတ်ကား ၁၀၀ ထဲမှာ အထက်ကပြောသလို စကားပြော ခန်းမျိုးတွေပါတဲ့ အဖြူအမည်း ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ တတိယနေရာမှာ ရှိနေတာကို သတိထားမိ လို့ အဲဒီ ‘ကာဆာဘလန်ကာ’ (Casablanca) လို့ခေါ်တဲ့ ဇာတ်ကားကို ကြည့်ဖြစ်ခဲ့တာပါပဲ။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်လို့ မကြာခင် ၁၉၄၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံသား ‘ရစ်ချတ်ဘလိန်း’ ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကြီးကို ရောက်နေပါတယ်။ အဲဒီမှာ နော်ဝေနိုင်ငံသူ ‘အယ်လ်ဆာလန်း’ ဆိုတဲ့ မိန်းမချောလေးနဲ့တွေ့ပြီး တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်သွားကြပါတယ်။ လန်းဟာ  ချက်ကို စလိုဗက်ကီးယားနိုင်ငံ က မြေအောက်တော်လှန်ရေးခေါင်းဆောင် ‘လာဇလို’ ဆိုသူနဲ့ လူမသိအောင် လက်ထပ်ထားသူဖြစ်ပြီး မကြာသေးခင်ကမှ လာဇလိုဟာ ဂျာမန်စစ်အကျဉ်းစခန်း တစ်ခုမှာ ကွယ်လွန် သွားခဲ့တာပါ။ ဒီအကြောင်းတွေကို ဘလိန်းက ဘာမှမသိခဲ့ပါဘူး။ အဲဒီအချိန်မှာ ပြင်သစ်နိုင်ငံထဲကို ဂျာမန်တပ်တွေ ၀င်ရောက်ကျူးကျော်လာကြလို့ သူတို့နှစ်ဦးဟာ ပါရီကနေ မီးရထားနဲ့ ပြင်သစ်နိုင်ငံ တောင်ပိုင်းကို ထွက်ပြေးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ဟာ နောက်တစ်နေ့ ညနေ ၅ နာရီမှာ ဘူတာရုံမှာဆုံဖို့ ချိန်းလိုက်ကြပါတယ်။ ရထားထွက်ခါနီးအထိ လန်းရောက်မလာခဲ့ပါဘူး။ အဲဒီအချိန်မှာ ဘလိန်းရဲ့တပည့် ‘ဆမ်’ က နောက်ကလိုက်လာပြီး လန်းပေးသွားခဲ့တဲ့ စာကလေးတစ်စောင်ကို သူ့ဆရာ ကို ပေးလိုက်ပါတယ်။ စာထဲမှာ လန်းက သူမလာနိုင်တော့တဲ့အပြင် ဒီဘ၀မှာလည်း သူတို့နှစ်ယောက် ပြန်ဆုံနိုင်ကြဦးမယ် မထင်တော့ဘူးလို့ ရေးထားတာကို မိုးတွေရွာနေတဲ့ အကြားမှာ ဘလိန်း ဖတ်လိုက်ရ ပါတယ်။ ဒါနဲ့ပဲ သူတို့ ဆရာတပည့်နှစ်ဦးဟာ လန်းမပါဘဲ ရထားစီးပြီး ပါရီကနေ ထွက်လာခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ် ရောက်တဲ့အခါမှာ အနောက်တိုင်းကလူတွေရဲ့ ရင်ထဲမှာ ၁၉၄၂ ခုနှစ်တုန်းက ဘလိန်းနဲ့ ရေနိုတို့ရဲ့ ရင်ထဲမှာ ရှိခဲ့တဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေ၊ မနေ မသိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလို စိတ်ဓာတ်မျိုးကို သူတို့တစ်တွေ တန်ဖိုးထား မြတ်နိုးနေကြဆဲ ဖြစ်တယ်ဆိုတာကိုတော့ အကောင်းဆုံးဇာတ်ကား ၁၀၀ ရဲ့ တတိယနေရာမှာ ဒီဇာတ်ကား ရှိနေဆဲဖြစ်တာကို ကြည့်ပြီး . . . . .

နောက်တော့ သူတို့နှစ်ဦးဟာ ကုန်းတစ်တန်ရေတစ်တန် ခရီးနှင်ပြီး အာဖရိကတိုက်ရဲ့ အနောက်မြောက် ဖျားမှာရှိတဲ့ မော်ရိုကိုနိုင်ငံက ‘ကာဆာဘလန်ကာ’ မြို့ကြီးကို ရောက်လာကြပါတယ်။ အဲဒီမှာ ဘလိန်း ဟာ လောင်းကစားဝိုင်းတွေပါတဲ့ နိုက်ကလပ်တစ်ခုကိုဖွင့်ပြီး အောင်မြင်ချမ်းသာသွားပါတယ်။ ဆမ်က တော့ နိုက်ကလပ်မှာ စန္ဒရားတီးတာပေါ့။ အဲဒီအချိန်တုန်းက အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ထဲကို မ၀င်ရသေးပါဘူး။ ဒါ့ကြောင့် ကာဆာဘလန်ကာဟာ ဥရောပက စစ်ပြေးဒုက္ခသည်တွေ ကွန်းခိုရာနေရာ ဖြစ်လာခဲ့ပါတယ်။

ကာဆာဘလန်ကာကို ရောက်လာသူတွေဟာ အဲဒီကနေ ဂျာမနီလက်အောက်ကို မရောက်သေးတဲ့ ပေါ်တူဂီနိုင်ငံရဲ့မြို့တော် လစ်စဘွန်းကို လေယာဉ်နဲ့ သွားကြရတယ်။ လစ်စဘွန်းရောက်မှ သင်္ဘောစီးပြီး စစ်နဲ့ဝေးရာ အမေရိကားကို ပြေးကြရတာပါ။ ဒါ့ကြောင့် ဘလိန်းရဲ့နိုက်ကလပ်ဟာ ဥရောပတိုက်က စစ်ပြေးတွေ မြေအောက်တော်လှန်ရေးသမားတွေ နိုင်ငံကူးလက်မှတ်တွေကို ရောင်းဝယ်ဖောက်ကားရာ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ တစ်ရက်မှာတော့ ဂျာမန်တပ်မတော်က စာပို့တဲ့ စစ်သည်နှစ်ဦးဟာ ခရီးလမ်းတစ်နေရာမှာ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ကြရတယ်။ ပေါ်တူဂီ အပါအ၀င် ဥရောပတိုက် တစ်တိုက်လုံးကိုပါ သွားခွင့်ရတဲ့ ဂျာမန်ခရီးသွား လက်မှတ်နှစ်စောင်ကိုလည်း လူသတ်သမားက ရသွား တယ်။ အဲဒီလက်မှတ်ကို ပိုင်ဆိုင်သွားသူဟာ ကိုယ့်နာမည်ကိုယ်ဖြည့်ပြီး လစ်စဘွန်းကိုသွားမယ့် လေယာဉ်ပေါ် အသင့်တက်သွားရုံပဲမို့ ကာဆာဘလန်ကာမှာတော့ ဒီလက်လက်မှတ်ထက် တန်ဖိုးကြီးတဲ့ အရာ မရှိနိုင်တော့ဘူးလို့ ဆိုရမလို ဖြစ်ပါတယ်။

အဲဒီလက်မှတ်နှစ်စောင်ကို ဘယ်လိုကဘယ်လို ရလာမှန်းမသိတဲ့ ဘလိန်းရဲ့ နိုက်ကလပ်က ဖောက်သည် တစ်ဦးဟာ အဲဒီလက်မှတ်နှစ်စောင်ကို ဘလိန်းဆီ လာအပ်ထားလိုက်ပါတယ်။ မကြာခင်မှာပဲ ရဲတွေက သတင်းရလို့ အဲဒီလူနောက် လိုက်လာကြပြီး သူ့ကို ဖမ်းတဲ့အခါမှာ ထွက်ပြေးလို့ ပစ်သတ်လိုက်ကြပါ တယ်။ အဲဒီရဲတွေကို အမိန့်ပေးခဲ့တဲ့ ကာဆာဘလန်ကာမြို့ရဲ့ ရဲချုပ်ကတော့ ဘလိန်းရဲ့မိတ်ဆွေ ‘ရေနို’ ဆိုသူပါပဲ။ အဲဒီနောက် မကြာခင်မှာ လန်းဟာ ခင်ပွန်းသည်ဖြစ်သူ ချက်မြေအောက် တော်လှန်ရေး ခေါင်းဆောင် လာဇလိုနဲ့အတူ ဘလိန်းရဲ့ နိုက်ကလပ်ကို ရောက်လာပြီး ဘလိန်းနဲ့ တွေ့သွားပါတယ်။ တကယ်တော့ လန်းရဲ့ခင်ပွန်းသည်ဟာ မသေပါဘူး။ သူဟာ အသက်ရှင်နေပြီး ပါရီမြို့ထဲမှာ ပုန်းနေ တယ် ဆိုတာကို ဘလိန်းနဲ့အတူ ရထားနဲ့ထွက်ပြေးဖို့ ချိန်းထားတဲ့မနက်ရောက်မှ လန်းက သိခဲ့ရတာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘလိန်းဆီကိုပေးတဲ့ စာထဲမှာ လန်းက ဘာမှ ထည့်မရေးခဲ့ပါဘူး။ အဲဒါ လန်းတို့ ဇနီးမောင်နှံနှစ်ဦးကလည်း လစ်စဘွန်းကတစ်ဆင့် အမေရိကားကို ထွက်ပြေးဖို့ အဲဒီ နိုက်ကလပ် ကို ရောက်လာကြတာဖြစ်လို့ ဘလိန်းရဲ့ လက်ထဲမှာ လျှို့ဝှက်စွာ ရှိနေတဲ့ ခရီးသွားလက်မှတ် နှစ်စောင်ကို လန်းက သိပ်လိုချင်သွားပါတယ်။ ပထမမှာတော့ ဘလိန်းက လန်းကို အကြီးအကျယ် စိတ်နာနေလို့ လန်းဘယ်လိုတောင်းတောင်း ဘယ်လောက်နဲ့ ပေးဝယ်ဝယ် အဲဒီစာရွက်ကို မပေးပါဘူး။ ဒါပေမဲ့ လန်းရဲ့ အဖြစ်မှန်ကို နောက်ဆုံး သိသွားတဲ့ အခါမှာတော့ ဘလိန်းက လန်းသာ ကာဆာဘလန်ကာမှာ သူနဲ့အတူ တစ်သက်လုံး နေသွားမယ်ဆိုရင် ခင်ပွန်းသည် လာဇလိုကို လစ်စဘွန်းလေယာဉ်ပေါ် မရရအောင် တင်ပေးမယ်လို့ပြောတော့ လန်းက သဘောတူခဲ့ပါတယ်။ လန်း ဒီလိုလုပ်ရတာကလည်း ခင်ပွန်းသည် အမေရိကားရောက်မှ ချက်ပြည်သူတွေအတွက် တော်လှန်ရေး ဆက်လုပ်နိုင်မှာမို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် လေယာဉ်ကွင်းရောက်တော့ ဘလိန်းက သူတို့နှစ်ဦးစလုံးကို လေယာဉ်ပေါ် မပါပါ အောင် တင်ပေးလိုက်ပြီး သူတစ်ယောက်တည်းပဲ ကာဆာဘလန်ကာမှာ နေရစ်ခဲ့ပါတော့တယ်။

ဘလိန်းဟာ စီးပွားရေးသမား သက်သက်ဖြစ်ပြီး နိုင်ငံရေးကို စိတ်ဝင်စားသူ မဟုတ်ပါဘူး။ သူဟာ ဒုက္ခရောက်နေသူတွေကိုတော့ ကူညီတတ်သူ ဖြစ်တယ်။ ဥရောပတိုက်က ထွက်ပြေးလာတဲ့ ညားကာစ ဇနီးမောင်နှံနှစ်ဦး သူ့ကလပ်ကို ရောက်လာတဲ့ အခါတုန်းက မိန်းကလေးက သူနဲ့ လာတွေ့ပါတယ်။ သူနဲ့ ခင်ပွန်းသည်တို့ လစ်စဘွန်းကို လေယာဉ်နဲ့ သွားနိုင်ဖို့အရေး ငွေလိုနေတာမို့ ခင်ပွန်းသည်ကို လောင်းက စား လုပ်ခိုင်းတော့လည်း ရှုံးနေလို့ သူ့ခန္ဓာကိုယ်ကို အဲဒီညမှာ ရောင်းရတော့မယ် ဆိုတာကို ဘလိန်း ရိပ်မိသွားအောင် သွယ်ဝိုက်ပြောပြခဲ့ပါတယ်။ ဒါကြောင့် ဘလိန်းက သူတို့လိုတဲ့ငွေ ရသွားအောင် ကူညီ ပေးခဲ့ပါတယ်။ သူ့ရဲ့ နိုက်ကလပ်က ၃၆ ကောင် လောင်းကစားဝိုင်းမှာ သူခိုင်းလို့ ကောင်လေးထိုးထားတဲ့ အကွက်နံပါတ် ၂၂ ကို နှစ်ခါဆက်တိုက်ကျအောင် ဒိုင်ကိုင်နေတဲ့ တပည့်ကို မျက်ရိပ်ပြလုပ်ခိုင်းပြီး ကောင်လေးနိုင်အောင် ဘလိန်းက လုပ်ပေးခဲ့တာပါ။ အဲဒီအချိန်မှာ ရဲချုပ်ရေနိုက မင်းလုပ်လိုက်တာနဲ့ ငါဒီည စားပေါက်ပိတ်ပြီလို့ လာပြောလိုက်တဲ့အတွက် ကောင်မလေးရဲ့ အသွေးအသားကို ၀ယ်မယ့် လူဟာ ရဲချုပ်ကိုယ်တိုင် ဖြစ်နေပါလား ဆိုတာကို ဘလိန်း သိလိုက်ရပါတယ်။ ဒါနဲ့ သိပ်မရှင်းလို့ ဘလိန်း က ကောင်မလေးဆီ တစ်ခါပြန်သွားပြီး ‘နေစမ်းပါဦး၊ ညည်းက ငါ့ကိုမှရွေးပြီး လာတိုင်ပင်ရအောင်က ညည်းကို ဘယ်သူက လမ်းညွှန်လိုက်လို့တုန်း’ လို့ သူက မေးတဲ့အခါမှာ ကောင်မလေးက ‘ရဲချုပ်ရေနိုပါ’ လို့ ဖြေလိုက်ပါတယ်။ အဲဒီအခါကျမှ ကောင်မလေးနဲ့ သူ့ခင်ပွန်းသည်တို့နှစ်ယောက် ထွက်ပေါက်ရပြီး လွတ်မြောက်သွားအောင် စိတ်ကောင်းရှိတဲ့ ရဲချုပ်ရေနိုက အကွက်ဆင်ပေးခဲ့တာမှန်း ဘလိန်း သဘော ပေါက်သွား ပါတော့တယ်။

အခု ၂၀၀၇ ခုနှစ် ရောက်တဲ့အခါမှာ အနောက်တိုင်းကလူတွေရဲ့ ရင်ထဲမှာ ၁၉၄၂ ခုနှစ်တုန်းက ဘလိန်း နဲ့ ရေနိုတို့ရဲ့ ရင်ထဲမှာ ရှိခဲ့တဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေ၊ မနေ မသိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလို စိတ်ဓာတ်မျိုး ကို သူတို့တစ်တွေ တန်ဖိုးထား မြတ်နိုးနေကြဆဲ ဖြစ်တယ်ဆိုတာကိုတော့ အကောင်းဆုံးဇာတ်ကား ၁၀၀ ရဲ့ တတိယနေရာမှာ ဒီဇာတ်ကား ရှိနေဆဲဖြစ်တာကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် လောကကြီးမှာ လူလူချင်းအပေါ်ထားတဲ့ စာနာစိတ်နဲ့ အကြင်နာမေတ္တာတရားသာလျှင် ထာဝရအလှ ဖြစ်တာပါလား ဆို တာကို ဒီဇာတ်ကားကြည့်ပြီး


Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...