တစ်ကိုယ်တော် ဖျော်ဖြေပွဲကလွဲလို့ အခြားပွဲတွေမှာ ဝင်မဆိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ လင်းလင်း


တစ်ကိုယ်တော် ဖျော်ဖြေပွဲ အနေနဲ့ပဲ နောက်ပိုင်း ကာလတွေမှာ သီဆိုတော့ မှာဖြစ်ပြီး အများ နဲ့ရော ဆို တဲ့ ပွဲတွေမှာ ဝင်မဆိုတော့ဘူး လို့ ပြောလာသူ ကတော့ တေးရေး ၊ တေးဆို လင်းလင်း ပဲဖြစ် ပါတယ်။ သူ့ အနေနဲ့ အခုလို ဆုံးဖြတ်ချက် ချခဲ့ခြင်း အကြောင်း နဲ့ပတ်သက်ပြီး လင်းလင်း ပြောပြတာက..

“ကျွန်တော် အဲဒီလို ဆုံးဖြတ်လိုက်တာ နည်းနည်းတော့ ကြာပြီ။ အဲဒါကြောင့် အခုနောက်ပိုင်း ထဲမှာ ရန်ကုန်မှာ One Man Show တစ်ပွဲ၊ ပြင်ဦးလွင်မှာ One Man Show တစ်ပွဲပဲ ဆိုဖြစ်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သီချင်း ၇ ပုဒ်၊ ၈ ပုဒ် လောက်နဲ့ လိုက်ဆိုပြီးတော့ ပြန်ရတာ ကိုယ်တိုင်လည်း သိပ်အားမရ ဘူး။ ပြီးတော့ လာကြည့်တဲ့ လူတွေ ထဲမှာလည်း လူအစုံနဲ့ ဆိုတဲ့အခါကျ တော့ ပရိသတ်က မျိုးစုံပေါ့။ အဲဒါ မျိုးကျ ဆိုရတာလည်း သိပ်မကောင်းဘူး။ One Man Show ကျတော့ ကိုယ့်ကို ကြည့်ချင်တဲ့လူနဲ့ ကိုယ့်ကို ကြိုက်တဲ့လူပဲ သီးသန့် လာတာ။ ကိုယ်ကလည်း ပရိသတ်ကို အပြည့်အဝ ဖျော်ဖြေပေးနိုင်တယ်။ ပရိုဂရမ် ကျစ်ကျစ်လျစ်လျစ် နဲ့အပြည့်အဝ ဖျော်ဖြေချင်တယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ဆုံးဖြတ် ချက်ချ လိုက်တာက အပြင်ရှိုးပွဲ လုံးဝမဆို တော့ဘူး။

တစ်နှစ်တစ်ခါ ရန်ကုန်၊ မန္တလေး One Man Show လုပ်မယ်။ တခြားမြို့တွေဆို ရင်တော့ တစ်မျိုး စဉ်းစား မှာပေါ့။ တခြားမြို့ တွေမှာလည်း အတတ်နိုင် ဆုံးတော့ အပြည့်အဝ ဖြစ်အောင် One Man Show အနေ နဲ့တော့ စဉ်းစားထား တယ်” လို့ ပြောတာကြောင့် ဒီလိုဆုံး ဖြတ်ချက် ချဖို့အတွက် ဘယ်အရာတွေ က လင်းလင်းကို စေ့ဆော်ခဲ့ သလဲဆို တာကို ပြန်ကြည့်မိတော့ သူ ကြည့် ဖြစ်နေတဲ့ ပြည်ပ ရှိုးပွဲတွေရဲ့ သက်ရောက်မှု လည်း ပါမယ်လို့ ထင်ရပါ တယ်။ ဇွန်လ ၅ ရက်နေ့ ကပဲ စင်ကာပူမှာ ပြုလုပ်သွားတဲ့ Extreme အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲကို ပူပူနွေးနွေးသွား ရောက် ကြည့်ရှုခဲ့တဲ့ လင်းလင်းက ပြည်ပအဖွဲ့တွေ ရဲ့ ဖျော်ဖြေမှု အပေါ် မှာလည်း အခုလို သုံးသပ်ပြပါတယ်။

“သူ့နေရာနဲ့သူပေါ့။ သူတို့ကျ တော့ World Wideလည်းဖြစ်တယ်။ အခွေရောင်းအားကအစ ကမ္ဘာနဲ့ ချီပြီးရောင်းရတယ်။ ပြီးတော့ ကမ္ဘာနဲ့ ချီပြီး ကျော်ကြားသင့်တဲ့ အနေ အထားမျိုးတွေလည်း ရှိတယ်။ အသံပိုင်း စနစ်ရော၊ ဖျော်ဖြေမှု အပိုင်း ဆိုင်ရာမျိုးမှာရော အပြည့်အဝပဲ။ ပြီးတော့ ကိုယ့် Band နဲ့ကိုယ့် သီချင်း နဲ့ အမြဲ လုပ်လာတာ ဆိုတော့ အားလုံး ကပြည့်စုံနေတယ်။ ဒီမှာကျတော့ အဲဒီလို မရှိဘူး။ မရှိဘူးဆိုတဲ့ အနေ အထားကလည်း အများစု အနေနဲ့က အဆင်ပြေတဲ့ Band နဲ့ ဆိုရတာများ တယ်။ ကိုယ့် Band နဲ့ကိုယ်ကတော့ ရှိပေမယ့် ရှားသေးတယ်။

ပြီးတော့ သူတို့ဆီက ရှိုးပွဲတွေ ကျတော့ အဆို တော် တစ်ယောက်ကို တစ်လတည်း မှာ ၄၊ ၅၊ ၆ ခါ မြင်နေ ရတာမျိုး မဟုတ်ဘူး။ တစ်လ တစ်ခါ၊ ၆ လ တစ်ခါ၊ တစ်နှစ်လောက်နေမှ တစ်ခါ အဲဒီလို လုပ်ကြ တာ ဆိုတော့ ပရိသတ် ကလည်း ဒီဖျော်ဖြေချိန် ၃ နာရီ လောက် အတွင်းမှာ အပြည့်အဝ အာရုံစူးစိုက် မှုထား တယ်။ သင်ခန်းစာ ကတော့ ယူ တတ်ရင် အများကြီး ရတယ်။ အဲဒါ တွက တစ်ဆင့် ကိုယ့်ရှိုး တွေမှာဆိုရင် ဘယ်လိုလေး အဆင်ပြေအောင် လုပ်မလဲဆိုတာ ပြန်ပြီးသုံးသပ်လို့ ရတာပေါ့” လို့ ပြောတဲ့ လင်း လင်းက အခု ၂ဝ၁၄ က စ လို့ တေးသံရှင် အများ အပြား ပါဝင်တဲ့ ပွဲ မျိုးတွေမှာ မ ဆိုဖြစ်တော့ ဘဲ One Man Show အနေနဲ့ နှစ်စဉ်ပြုလုပ်ပြီး ပရိသတ်ကို အပြည့်အဝ ဖျော် ဖြေဖို့ ဆုံးဖြတ်လိုက် တာလည်း ဖြစ်ပါတယ်။

တေးသံရှင် လင်းလင်း အနေ နဲ့ ရန်ကုန်နဲ့ ပြင်ဦးလွင် တို့မှာ သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲများကို ၂ဝ၁၃ ခုနှစ် အတွင်းက ပြုလုပ်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ထဲမှာလည်း ပြီး ခဲ့တဲ့နှစ်က မပြုလုပ် လိုက် ရတဲ့ မန္တလေးမြို့မှာ တစ်ကိုယ် တော် ဖျော်ဖြေပွဲ တင်ဆက်ဖို့ရည် ရွယ်ထားကြောင်း လည်း သိရပါတယ်။ 


Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...