အခက်အခဲကို အခွင့်အလမ်းသို့ပြောင်းပါ



လူတိုင်းဘ၀မှာ အောင်မြင်မှုတွေ အသီးသီးကို လိုချင်ကြပါတယ်။ အောင်မြင်မှု ပန်းတိုင်ကို ရောက် အောင်လည်း လျှောက်လှမ်းနေကြပါတယ်။ ကျွန်တော် တို့အားလုံးသိတဲ့ အတိုင်းပါပဲ။ အောင်မြင်မှုသို့ သွားရောက်ရတဲ့ လမ်းခရီးဟာ လွယ်ကူချောမွေ့မှာတော့ မဟုတ်ပါဘူး။ ခက်ခဲနိုင်တယ်။ ကြမ်းတမ်းနိုင် တယ်။ ရှုံးနိမ့်မှုတွေ အကြိမ်ကြိမ်လည်း ကြုံတွေ့ရနိုင်ပါတယ်။

လူအများစု တွေးထင် ထားကြတာကတော့ အောင်မြင်မှုလမ်းနဲ့ ရှုံးနိမ့်မှု လမ်းဟာ တစ်လမ်းစီခြားနေ တယ်လို့ ထင်နေကြပါတယ်။ အဆိုးဆုံး ကတော့ အောင်မြင်မှုလမ်းမကို ချောမွေ့နေတာပဲလို့ ထင်မှတ် မှားတာပါ။ အမှန်တော့ အောင်မြင်မှုသို့ သွားရာလမ်းဟာ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ကျော်ဖြတ် ပြီးမှသွားရ တဲ့ လမ်းကြမ်းကြီးတစ်ခုပါ။ လောကမှာ အောင်မြင်သူတွေ နည်းပါး ကြတဲ့အချက်က အခက်အခဲနဲ့ ဆုံးရှုံးမှု တွေများတဲ့ ဒီလမ်းကြမ်းကြီးကို ဖြတ်ကျော်ရဲတဲ့ သတ်္တိမရှိကြလို့ပါပဲ။

အောင်မြင်ချင်ရင် အခက်အခဲတွေကို မကြောက်ရပါဘူး။ ရင်ဆိုင်ကျော်ဖြတ်ရဲရပါမယ်။ ထက်မြက်တဲ့ ဓားတစ်ချောင်းရဖို့ ကြမ်းတမ်းတဲ့ ဓားသွေးကျောက်ပေါ်တင်သွေးရပါတယ်။ ထက်မြက်အောင်မြင်တဲ့ ဘ၀တစ်ခု ကို ပိုင်ဆိုင်ဖို့ ကြမ်းတမ်းတဲ့ လောကဓံအခက်အခဲတွေက သင့်စိတ်ဓာတ် ကိုလေ့ကျင့်ပေးမှာ ပါ။ အခက်အခဲဆိုတာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူကို တည်ငြိမ် ရင့်ကျက်စေပါတယ်။

ပန်းတိုင်ကို ရောက်အောင်သွားတဲ့ အောင်မြင်ရေးလမ်းခရီးမှာ အခက်အခဲ (Difficulties) တွေကတော့ အနည်းနဲ့အများရှိမှာပါ။ ကျွန်တော်တို့ ဟာ အောင်မြင်မှုပန်းတိုင်ကို သွားတဲ့အခါမှာ အခက်အခဲ အတား အဆီးတွေကို အာရုံစိုက်နေရင် အခက်အခဲတွေပဲ မြင်တွေ့နေမှာဖြစ်ပါတယ်။ အခက်ခဲ အတားဆီးပေါ်မှာ အာရုံစိုက်ခြင်း (Focus on Obstacles) ဟာ အောင်မြင်မှု ပန်းတိုင်ကိုေ၀၀ါးပျောက်ဆုံးသွားစေပါတယ်။

ဒီလို အခက်ခဲအတားဆီး (Difficulties and Obstacles) တွေကို အာရုံ မစိုက်ဘဲ ရှေ့က အောင်မြင်မှု ပန်းတိုင်ကိုသာ အာရုံစိုက်ထားမယ်ဆိုရင် အနာဂတ်ဘ၀ရဲ့ ပန်းတိုင် (Goals) တွေဟာ ထင်ရှားပြတ် သားလာပြီး အခက်အခဲ (Difficulties) တွေဟာေ၀၀ါးပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။

အောင်မြင်သူနဲ့ ကျရှုံးသူ အဓိကကွာခြားတဲ့ အချက်က အခက်အခဲတွေ ကို ဘယ်လိုရှုမြင် တုံ့ပြန်သလဲ ဆိုတာပါပဲ။ အခက်အခဲရှိမှ အောင်မြင်မှု ကိုဖြစ်စေမယ်လို့သာ ခံယူထားလိုက်ပါ။ အောင်မြင်သူတွေဟာ အခက်အခဲ (Difficult) ကို စိန်ခေါ်မှု (Challenge) လို့သာ ခံယူထားပါတယ်။

အောင်မြင်ကြတဲ့ သူတိုင်းဟာ အောင်မြင်မှုအပေါ်မှာပဲ စိတ်ဝင်စားစွာ အာရုံစိုက်ခဲ့ လို့ဖြစ်ပါတယ်။ အောင်မြင်မှုအပေါ် အာရုံစိုက်ခြင်း (Focus on Success) လို့ခေါ်ပါတယ်။ အခက်အခဲအတားအဆီး (Obstacles) တွေ၊ မဖြစ်နိုင်ဘူး (Can't) ဆိုတဲ့ အတွေးတွေကို လုံးဝ စိတ်မ၀င်စားပါဘူး။ အာရုံမစိုက်ပါ ဘူး။ သူတို့ စိတ်ဝင်စားတာ အောင်မြင်မှုပဲဖြစ်ပါတယ်။

အောင်မြင်သူတွေနဲ့ ကျရှုံးသူတွေဟာ အာရုံစိုက်မှုတွေ မတူတာနဲ့ အမျှ တစ်ယောက်နဲ့တစ်ယောက် မြင်တဲ့ အမြင်တွေလည်း မတူညီကြပါ ဘူး။ အောင်မြင်သူတွေဟာ အခက်အခဲတွေထဲက (in the Difficulties) အခွင့်အလမ်းတွေကို မြင်တွေ့တတ်တဲ့သူတွေ (see the Opportunities) ဖြစ်ပါတယ်။ ရှုံးနိမ့်သူတွေကတော့ အခွင့်အလမ်းတွေထဲကမှ (in the Opportunities) အခက်အခဲတွေကိုသာ မြင်တွေ့သူတွေ (see the Difficulties) ဖြစ်ပါတယ်။ “အဆိုးထဲက အကောင်းမြင်သူ” နဲ့ “အကောင်း ထဲက အဆိုးမြင်သူ” တွေပေါ့။

ဒီတော့ ကိုယ့်ဘ၀ရဲ့အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းတဲ့ လမ်းကြောင်းမှာ အခက်အခဲတွေ ရှိနေ ပါစေ ပန်းတိုင်ကို မျက်ခြေမပြတ် အာရုံ စိုက်ပြီး အရောက်လှမ်းရမှာဖြစ်ပါတယ်။ တကယ်တော့ အခက် အခဲဆို တာ ဘ၀အောင်မြင်မှုရဲ့ လှေကားထစ်တွေပါ။ လှေကားထစ်တွေ မရှိဘဲ အမြင့် တစ်နေရာကို တက်လှမ်းလို့မရပါဘူး။ ဒီလိုပါပဲ အခက်အခဲတွေ မရှိဘဲ အောင်မြင်မှုပန်းတိုင်ဆီ တက်လှမ်းလို့မရပါဘူး။ ကြုံတွေ့လာတဲ့ အခက်အခဲတိုင်းကို လှေကားထစ်တွေအဖြစ် နင်းတက်သွားမှသာ ကိုယ့်ဘ၀ဟာ မြင့် သည်ထက် မြင့်လာမှာဖြစ်ပါတယ်။

အခက်အခဲကို အခွင့်အလမ်းကို ပြောင်းနိုင်ဖို့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ အမှားတွေ၊ ရှုံးနိမ့် မှုတွေထဲက သင်ခန်းစာကောင်းတွေ ယူတတ်ခြင်းပါပဲ။ အရှုံးတွေထဲက အမြတ်ထွက်အောင်၊ အခက် အခဲတွေထဲ က အခွင့်အလမ်းတွေထွက်အောင် လုပ်ဆောင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အောင်မြင် သူတွေ တော်တော်များများသိကြပါတယ်။ ရှုံးနိမ့်မှုတွေ ကို အောင်မြင်မှုတွေဖြစ်လာစေအောင် အသွင်ပြောင်းနိုင်ဖို့ လေ့ကျင့်သင်ယူ ထားရပါမယ်။

အများစုကတော့ အမှားတွေလုပ်မိမှာ၊ ဆုံးရှုံးမိမှာကို ကြောက်တတ်ကြ ပါတယ်။ ဒါကြောင့်လည်း မမှားအောင်၊ မရှုံးအောင် လုပ်နေကြတာ နဲ့ပဲအောင်မြင်အောင်လုပ်ဖို့ မေ့နေတတ်ကြတာပေါ့။ လူတွေ ဟာ အမှားတွေ လုပ်မိတဲ့အခါမှာ မလုပ်မိသလို ဟန်ဆောင်တတ်ကြတယ်။ အခက်အခဲတွေ ကြုံတဲ့အခါ မှာ မသိသလိုနဲ့ ခေါင်းရှောင်သွားတတ်ကြတယ်။ မမှားပါဘူး လို့လည်း ငြင်းဆန်တတ်ကြတယ်။ ရှုံးနိမ့်မှု အခက် အခဲတစ်စုံတစ်ရာအတွက် သူတစ်ပါးကို အပြစ်ပုံချတတ်ကြတယ်။ ဒါတွေ ဟာ အရှုံးသမားတွေရဲ့ လုပ်ရပ်တွေပါပဲ။

အောင်မြင်ရေးသမားဖြစ်ချင်တယ်ဆိုရင်တော့ အမှားတွေ ကျူးလွန် မိခြင်း၊ ရှုံးနိမ့်သွားရခြင်း၊ အခက်အခဲ တွေကြုံတွေ့ရခြင်းဟာ သင်ခန်းစာယူဖို့ အခွင့်အလမ်းဖြစ်ပြီး စိတ်စွမ်းရည် ပိုမိုတိုးတက်မြင့်မား လာစေ တယ်လို့ ခံယူ ထားဖို့လိုပါတယ်။ အခက်အခဲကြုံတွေ့တာဟာ ကောင်းတဲ့လက္ခဏာ တစ်ခုပါလို့ကို ရှုမြင် ထားပါ။ အခက်အခဲကို အခွင့်အလမ်းသို့ပြောင်းပစ်ပါ။ ကံဆိုးခြင်းကို ကံကောင်းခြင်းသို့ ပြောင်းပစ်ပါ။ အဆိုးထဲက အကောင်း တွေ ကို ထုတ်ယူတတ်အောင်လေ့ကျင့်ပါ။

ဘ၀ရဲ့အောင်မြင်မှုဟာ သင့်ရဲ့ လက်တစ်ကမ်းအလိုမှာတင်ရှိနေပါပြီ။ သင်ကိုယ်တိုင် စတင်လှမ်းယူနိုင် ဖို့အတွက် လှုပ်ရှားလုပ်ဆောင်ရပါလိမ့်မယ်။ ဒီနေ့ ဒီအချိန်ကစပြီး အောင်မြင်မှုကို စိတ်ဝင်စား၊ အာရုံစိုက် (Focus on Success) ထားလိုက်ပါ။ သင့်ကိုယ်သင် ယုံကြည်မှု (Believe in yourself) အပြည့်အ၀ထား ရှိပါ။ သင့်ကိုယ်တွင်းမှာ အကန့် အသတ်မဲ့ စွမ်းအားပါဝါ (Unlimited Power) တွေရှိပါတယ်။ ကိုယ်ဖြစ် ချင် တဲ့အရာတွေပေါ်မှာ စိတ်အာရုံတွေ နှစ်လိုက်ပါ။ အခွင့်လမ်းကောင်းတွေ ကို အမိအရ ရှာယူပါ။ ဘယ်တော့မှ (Never, Never Give Up) လက်မလျှော့ပါနဲ့၊ အရှုံးမပေးပါနဲ့။ ဒါဆိုရင် သင်လိုချင်တဲ့ ဘ၀ရဲ့ အောင်မြင်မှု တွေကို လွယ်ကူစွာရလာလိမ့် မယ်လို့ ကျွန်တော်ကတော့ လုံးဝယုံကြည်တယ်။ သင်ကိုယ် တိုင် ယုံကြည်မှု ရှိဖို့ပဲ လိုပါတော့တယ်။

အောင်မြင်နိုင်ကြပါစေ...

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal vol.2,no.50 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...