Android မှာ Original ပါလာတဲ့ Apps တွေကို ဖျက်ချင် သူတွေအတွက်


Android Phone တွေမှာ ပါတဲ့ Original Application တွေကို ဖျက်ချင်တဲ့ သူတွေ အတွက် အဆင်ပြေဆုံး Application လေး ကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ ဒီ Application လေးကို အသုံးပြုနိုင်ရန် သင့်ဖုန်းမှာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် သင့်ဖုန်းပာာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်။

အသုံးပြုရ တာကတော့ တော်တော်လေး ကောင်းပါတယ်။ တစ်ချို့က ကိုယ့်ဖုန်းမှာပါတဲ့ Original Application တွေကို ဖျက်ချင်ကြပါတယ်။ ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့

Application တွေ ပါလာ တက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့က မမြင်ချင်ကြဘူး။

တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေ အသားလွတ် ယူနေတာကြောင့် ဖျက်ချင်ကြတယ်။

အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer applicationေ တွနဲ့ ဖျက်တက် ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကို

ပြန်ထည့်ချင်တဲ့အခါ အခက်အခဲတွေ့ ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Reset ချလို့မရရင် Firmware ပြန်တင်ကြနဲ့ အလုပ်တော်တော် ရှုပ်ကြရပါတယ်။ 

အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်တဲ့အပြင် ဖျက်ပြီးသား Application တွေကို ပြန်လိုချင်ရင်လဲ Restore ပြန်လုပ်လို့ရအောင် ဒီ Application ထဲမှာ Recycle Bin အနေနဲ့ ပါလာတာကိုလဲတွေ့ရပါတယ်။

ဒီတော့ အဆင်ပြေတာပေါ့ဗျာ။ File size ကလဲ 317.7 KB သာရှိတာကြောင့် Android ဖုန်းကိုင်ဆောင် သူများအတွက် ဆောင်ထားသင့်တဲ့ Application လေးတစ်ခုလဲ ဖြစ်တာကြောင့် Download  ရယူထားကြပါလို့လဲ တိုက်တွန်းချင်ပါတယ်။ 

လိုအပ်မဲ့သူများရှိရင်တော့ Download ရယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သိပြီးသား သူတွေလဲ ရှိကြမှာပါ။ ပောာင်းနေလဲ ကောင်းနေဆဲမို့လို့ လိုအပ်ရင်တော့ အောက်ကနေ Download ရယူလိုက်ပါ။


Download Here


အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။


ref; www.myanmarmobileapp.com/
------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...