ဝမ်းချုပ်မှုမှ လိပ်ခေါင်း ရောဂါထိ ဖြစ်လာနိုင်

ဝမ်းချုပ်ခြင်းကို လူတိုင်း ခံစားဖူး ကြပါတယ်။ ဝမ်းချုပ် ရတာဟာ ဝမ်းဗိုက် ထဲမှာ ရှိတဲ့ အူသိမ် တွေရဲ့ လှုပ်ရှားမှု နည်းပြီး အူလမ်းကြောင်း တစ်လျှောက်လည်း အစာတွေ ဖြတ်သန်းမှု နှေးလာ လို့ပါ။ အစာမာမာတွေ စားလို့ဖြစ်စေ ခန္ဓာကိုယ်ထဲမှာ အစာမကြေ လို့ဖြစ်စေ ဝမ်းချုပ် တတ်ကြ ပါတယ်။ ဝမ်းချုပ်တာကို တအားခံစား ရတဲ့အခါ မျက်ရည်ကျ လောက်ရတဲ့ အထိ ဖြစ်နိုင်ပြီး တအား ဆိုးရွားတဲ့ ဝမ်းချုပ်မှုတွေ ကနေ လိပ်ခေါင်း ရောဂါအထိ ဖြစ်လာနိုင် ပါတယ်။

မကြာခဏ ဝမ်းချုပ်နေရပြီ ဆိုရင် မိမိကိုယ်ကို သတိထားရ ပါတော့မယ်။ ဆေးဝါးဆိုတာ သောက်တိုင်း ကောင်းမွန်တာ မဟုတ်လို့ ဝမ်းချုပ်တတ် သူတွေ အနေနဲ့ ဆေးကို မှီဝဲတာထက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုပြီးစားပေးရ ပါမယ်။ အမျှင်ဓာတ်တွေက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေ ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ် သူတွေ အတွက် စားရလွယ်တဲ့ ဈေးကွက် ထဲမှာ အလွယ်တကူ ရနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ် စားတတ်ဖို့ ဖော်ပြ လိုက်ပါတယ်။

၁။ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများ

ဘယ်ရီသီး၊ မက်မန်းသီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ ဂွေးသီး၊ သင်္ဘောသီးစတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ အမျှင်ဓာတ်ဟာ အခြားအသီးတွေမှာထက် ပိုပါဝင်ပါတယ်။ ဒီအသီးတွေကို ဒီတိုင်းဒါမှမ ဟုတ် ဖျော်ရည်လုပ်သောက်ရင် အမျှင်ဓာတ်တွေရရှိပြီး ဝမ်းချုပ်တာကို သက်သာပါလိမ့်မယ်။

၂။ ဟင်းသီးဟင်းရွက်များ

အသားငါးတွေမှာ အမျှင်ဓာတ်မပါပါဘူး။ အသားငါးတွေ စားတာထက် ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ အစိမ်းရင့်ရောင် အနီရောင် အဝါရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။

ဥပမာ-ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဟင်းနုနယ်။

၃။ ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ဟင်းသီးဟင်းရွက်ထက် အမျှင်ဓာတ်နှစ်ဆပါဝင်တာကြောင့် ပဲမှန်သမျှ အကုန်စားသင့်ပါ တယ်။ ပဲထောပတ်၊ ပဲနီလေး၊ ဘိုကိတ်ပဲ စတာတွေမှာ အမျှင်ဓာတ်လုံလောက်စွာ ပါဝင်ပါတယ်။

၎။ အစေ့အဆန်များ

ဗန်ဒါစေ့၊ နေကြာစေ့၊ မြေပဲစတာတွေ စားပေးရင်လည်း အမျှင်ဓာတ်တွေ ရရှိပါတယ်။ ဒါကြောင့် အစေ့ အဆန်တွေ စားဖို့လည်း မမေ့သင့်ပါဘူး။

၅။ ကောက်နှံများ

ကောက်နှံမှာ အမျှင်ဓာတ်များ စွာပါဝင်လို့ ကောက်နှံ တစ်ခုလုံး ပါဝင်တဲ့ အစားအစာကို မနက်တိုင်းစား သင့်ပါတယ်။ အထက်ပါ အစားအစာတွေ ပုံမှန်စားသောက်ပေးရင် ဝမ်းချုပ်ခြင်းကို ပူစရာမလိုတော့ပါ ဘူး။ ဝမ်းချုပ်ခြင်း မဖြစ်စေဖို့အတွက် ရေများများသောက်ဖို့လည်း လိုပါတယ်။ ရေသောက်နည်းတာက လည်း ဝမ်းချုပ်စေတဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။ ရေကိုတစ်နေ့ ရေသန့်ဘူးနှစ်ဘူးမှ သုံးဘူးအထိ သောက် သင့်ပါတယ်။ နောက်ပြီး ဝမ်းသွားချင်တဲ့ အခါလည်း အောင့်မထားပါနဲ့။ မြန်မြန် ကိစ္စရှင်းလိုက် တာက အကောင်းဆုံးပါပဲ။ ဝမ်းချုပ်မှုအတွက် ဆေးဝါး မှီဝဲတာထက် အထက်ပါ အစားအစာတွေကို ပုံမှန်လေးပဲ စားရင်တောင် ဝမ်းချုပ်မှုကို သက်သာစေပြီး နောက်ပိုင်း ဝမ်းမချုပ်နိုင်တော့ပါ။ 


ကြေးမုံသတင်းစာ
ဇူလိုင် (၂၄) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...