သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာစေဖို့ အွန်လိုင်းက တစ်ဆင့် လေ့လာ သင်ယူသွားနိုင်

မေသော် on 2014-07-29 11:56 
ခုလို တိုးတက် လာတဲ့ ခေတ်ကြီးမှာ ကိုယ်တိုင် လေ့လာ သင်ယူနိုင်မယ့် အရာတွေ အများကြီး ရှိလာပါပြီ။ နည်းပညာတွေ တိုးတက်လာ တာနဲ့အမျှ သင့်ရဲ့ ပင်ကိုယ် အရည်အသွေး တွေကို မြှင့်တင်ဖို့ အခွင့်အရေး တစ်ခုလည်း ရရှိလာတာပါပဲ။ ဒီတော့ အွန်လိုင်းက တစ်ဆင့် သင်ဘာတွေ လေ့လာ သင်ယူနိုင်မယ် ဆိုတာ တစ်ချက်ပြောပြပေး ချင်ပါတယ်။

၁။ Excel in Excel: Microsoft Excel


ကွန်ပျူတာစကိုင်ပြီဆိုတာနဲ့ မဖြစ်မနေ လေ့လာရတဲ့ အပိုင်းကတော့ Excel ပါပဲ။ စာရင်းဇယားတွေချဖို့ မဖြစ်မနေ လိုအပ်ချက် တစ်ခုဟာ စီးပွားရေလုပ်ငန်း လုပ်ကိုင်မယ့် သူတွေအထိ ကြီးကြီးမားမားကို အသုံး တည့်တာပါ။ ဒီတော့ လေ့လာချင်တဲ့သူတွေအတွက် chandoo.org ဒီဆိုက်ကလေးက တစ်ဆင့် ၀င်ကြည့်နိုင် ပါတယ်။

၂။Code: Coding

Coder တွေဟာ ကမ္ဘာကို ပြောင်းလဲပစ်ခဲ့တဲ့ သူတွေပေါ့။ အဝေးကြီးမစဉ်းစားနဲ့ Bill Gates နဲ့ Mark Zuckerberg ကိုပဲ ကြည့်။ ဒါတွေမရှိရင် ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်လို့တောင် မရဘူး။ ဒီတော့ သင်က HTML၊ CSS၊ Javascript၊ Python၊ jQuery နဲ့ PHP စတာတွေကို စိတ်ဝင်စား တာ ဆိုရင်တော့ codecademy.com ဆိုက်မှာ လေ့လာနိုင်တယ်နော်။

၃။Website Building

ကိုယ်ပိုင် Website လေး ဖန်တီးကြည့်ချင်တာလား။ ဒါဆိုရင်တော့ programming နဲ့ ပတ်သက်တာတွေ သိထားမှရတော့မှပေါ့။ iwanttolearnruby.com ဒီဆိုက်က တစ်ဆင့် သိချင်တာလေးတွေ ရှိရင် ၀င်လေ့ လာနိုင်ပါတယ်။

၎။စိတ်ပညာပိုင်းဆိုင်ရာ Psychology

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ၊ အပြုအမူ၊ အတွေးအခေါ် စတာတွေနဲ့ ပတ်သက်ပြီး သင်ဟာ လေ့လာဖို့ စိတ်ဝင်စားသူဆိုရင်တော့ coursera.orgopen2study.comcoursera.org နဲ့ skilledup.com စတဲ့ဆိုက်တွေမှာ လေ့လာနိုင်ပါတယ်။ ဒီလိုလေ့လာခြင်းအားဖြင့် သင်ဟာ လူတွေရဲ့ သဘောထားကို သူများတွေထက် ပိုသိနိုင်ပြီး marketing နဲ့ ပတ်သက်တဲ့အလုပ်တွေ၊ အကြံပေး ပိုင်းဆိုင်ရာ အလုပ်တွေအတွက် တကယ်ကို ထိရောက်မှုရှိရှိ ဒီပညာကို အသုံးချနိုင်ပါတယ်။

၅။Graphic Design

ခုချိန်မှာ Graphic Design တတ်ထားမှ လူရာဝင်တယ်လို့တောင် ဆိုနေကြရပါပြီ။ Adobe Photoshop၊ Illustrator CS6၊ Dreamweaver CS6 စတာတွေကို အိမ်မှာနေရင်းနဲ့ သိရှိ နားလည် သွားနိုင်အောင် လေ့လာချင်တယ် ဆိုရင်တော့ udemy.com lifehacker.com နဲ့ youtube.com ဆိုက်လေးတွေမှာ တစ်ချက်ကြည့် လိုက်နော်။


Ref:mensxp.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...