တစ်ခေတ်ဆန်း အလှမယ်တို့နှင့် နောက်ကွယ်မှ ၀ိရောဓိများ

ကိုရီးယားနိုင်ငံတွင် ပြုလုပ် ခဲ့သည့် ပြိုင်ပွဲတွင် Miss Asia Pacific World ဆု ရရှိခဲ့သော အလှမယ် မေမြတ်နိုးကို ပြိုင်ပွဲဝင် များနှင့်အတူ တွေ့ရစဉ်။ (ဓါတ်ပုံ)

အသံဖမ်း စက်ပေါင်း များစွာ ၀န်းရံထား သည့် အလယ်တွင် သိလိုသမျှကို ဖြေကြားနေ ရင်းမှပင် သူမ၏ မျက်ဝန်းများ ဆီမှ မျက်ရည်များ လိမ့်ဆင်း လာသည်။ တစ်ချက်တစ်ချက် ရှိုက်လိုက်ပြီး အား တင်းကာ သတင်းထောက် များ၏ အမေးကို ဖြေကြား နေသည့်ကြားမှပင် အသံများက တိုးတိမ် သွားသည်။

မြန်မာဝတ်စုံကို သေသပ်စွာ ၀တ်ဆင်ထားပြီး သတင်းထောက် များသိလိုသမျှ ဖြေကြားပေးနေသူ မှာ အသက် (၁၇) နှစ်သာရှိသေး သည့် အလှမယ် ဂျူးစံသာဖြစ် သည်။ နောက်ရက်သတ္တပတ် အနည်းငယ် တွင် အဇာဘိုင်ဂျန် နိုင်ငံတွင် ပြုလုပ်မည့်စင်မြင့်ထက် ၌ နိုင်ငံပေါင်းတစ်ရာကျော်မှ အလှမယ်များနှင့် ယှဉ်ပြိုင်မည့်မြန်မာနိုင်ငံ ကိုယ်စားပြုရွေးချယ်ခံထားရသူတစ်ဦးဆိုလျှင်လည်း မမှားပေ။

သို့သော်ထိုအခွင့်အရေးကို သူမလက်လွှတ်ဆုံးရှုံးလိုက်ရ သည်။ ၎င်းကို မြန်မာနိုင်ငံကိုယ် စားပြု Miss Globe Myanmar အဖြစ်ရွေးချယ်လေ့ကျင့်ပေးနေ သော အဖွဲ့အစည်းနှင့် စာချုပ်ကိစ္စ အပါအ၀င် လူမှုရေး အဆင်မပြေ မှုများကြောင့်ပေးအပ်ထားသည့် သရဖူရုပ်သိမ်းခံလိုက်ရကြောင်း တစ်ဖက်အဖွဲ့အစည်းက ကြေညာခဲ့သည်။

‘‘သမီးဒီလောက်ထိ ကြိုးစား ပြီး ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး သမီးရဲ့ အင်အားတွေနဲ့ ကြိုးစားခဲ့ တယ်။ ကြိုးစားခဲ့ပြီးမှ ဒီလိုဖြစ် သွားတာဆိုတာ့ ဘယ်လောက်ထိ ရင်ထဲမှာ ကြေကွဲခံစားနေရတယ် ဆိုတာကို တကယ်ပြောမပြတတ် အောင်ပါပဲ’’ဟု ဂျူးစံသာကဖြေ ကြားပြီး ပါးပြင်ထက်မှ မျက်ရည် များကို တစ်ရှူး စဖြင့် သုတ်ဖယ် လိုက်သည်။

မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲရေး များပြုလုပ်အပြီး နိုင်ငံတကာ မျက်နှာ စာ၌ သိသာထင်ရှားသော အောင်မြင်မှုများအနက် နိုင်ငံတကာ စင်မြင့်များထက်တွင် မြန်မာအလှမယ်များ ပြန်လည်လျှောက်လှမ်းခွင့် ရလာခဲ့ခြင်း သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် အလှမယ် နန်းခင်ဇေယျာ ပွဲဦးထွက်သွား ရောက်ယှဉ်ပြိုင် ခဲ့ရာ မျိုးချစ်စိတ် ဖြင့် တစ်ခဲနက်အားပေးခဲ့သည် မှ အစပြုကာ နိုင်ငံတကာပြိုင်ပွဲ ၀င်အလှမယ်များ တစ်ဦးပြီး တစ် ဦးဆက်တိုက်ပေါ်ထွက်လာခဲ့ သည်။ နန်းခင်ဇေယျာမှ အစပြု ကာ ခင်ဝင့်ဝါအလယ် မေမြတ်နိုး အဆုံး ပရိသတ်က အင်တိုက်အား တိုက်အားပေးခဲ့ကြသည်။ သိသာ ထင်ရှားသည့် အချက် တစ်ခုအနေ ဖြင့် နှစ်ပေါင်းငါးဆယ်ကျော် အတွင်း ပထမဆုံးအကြိမ်ကမ္ဘာပေါ်တွင် အကြီးဆုံးအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်သော မယ်စကြ၀ ဠာပြိုင်ပွဲသို့လည်း သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့သည်။

အညတရ သာမန်မိန်းက လေးများဘ၀မှပင် နိုင်ငံတကာ စင်မြင့်ထက်လျှောက်လှမ်းပြီး အိမ်အပြန်တွင် ပရိသတ်အသိ အမှတ်ပြု ထင်ရှားကျော်ကြားသူ တစ်ဦးအဖြစ် နေ့ချင်း၊ ညချင်း ရောက်ရှိခဲ့ကြသည်။

မီဒီယာများကို ဖြေကြားနေသည့် ဂျူးစံသာ (ဓာတ်ပုံ − ဇွဲဉာဏ်)

သို့သော် လွန်ခဲ့သောလ အနည်းငယ်မှ စတင်ကာ အောင် မြင်မှုရ အလှမယ်များနှင့် သူတို့ အား ပြုစု ပျိုးထောင်ပေးခဲ့သည့် အဖွဲ့အစည်းများတို့အကြား အက်ကြောင်းများကို စာမျက်နှာများမှ တစ်ဆင့် လူသိ ထင်ရှားဖြစ်လာခဲ့သည်။ အဖွဲ့အစည်းများက လုပ်ပိုင်ခွင့်ရသည့် ဘောင်ထဲမှ အလှမယ်များ၏ သရဖူကို သိမ်းခြင်း၊ လွှဲပြောင်းခွင့်ပိတ်ပင်ခြင်း စသဖြင့် တုံ့ပြန်ကြပြီး အလှမယ်များကလည်း သတင်းမီဒီယာများကို ပြန်လည် ရှင်းလင်းခြင်းဖြင့် အပြန်အလှန် စွပ်စွဲပြောဆိုမှုများ၊ အငြင်းပွားမှုများက ပရိသတ်များကို မှင်တက် စေခဲ့သည်။

ဆက်တိုက်ပေါ်ထွက်လာခဲ့ သော အလှမယ်များနှင့် အဖွဲ့ အစည်းများအကြား အငြင်းပွားမှု၊ မပြေလည်မှု များစွာထဲက ဂျူးစံ သာ၏ ပြဿနာမှာ သာဓကတစ် ခုပင်။ ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် ဆိုသည် ကိုတော့ မည်သူ ကမျှ မဝေခွဲတတ်ပေ။

သာမန်မိန်းကလေးတစ်ဦးမှ သည် အောင်မြင်မှုအသီးအပွင့် များခံစားပိုင်ဆိုင်လာရသည့် အလှမယ် တစ်ယောက်ဖြစ်လာသည့် အခါ အောက်ခြေလွတ် ဘ၀မေ့သဖြင့် ကာပြန်ခြင်းလော (သို့မဟုတ်)နောက် ကွယ်က ပံ့ပိုးပေးရသည်ဟူသော အဖွဲ့အစည်းများက စာချုပ်များဖြင့် အရာရာကို ထိန်းချုပ်ကန့်သတ် လိုခြင်း လောဆိုသည်ကိုမူ မည်သူကမျှ အဖြေ မထုတ်တတ်ကြပေ။

နိုင်ငံတကာပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်မည့် အလှမယ် တိုင်းသည် ၎င်းတို့ကို ရွေးချယ်စေလွှတ် ပေးသော အဖွဲ့အစည်း နှင့် အနည်းဆုံးစာချုပ် တစ်နှစ်မှ သုံးနှစ်အထိချုပ်ဆိုရပြီး ယင်းစာ ချုပ်တွင် အလှမယ်ဘက်မှ လိုက်နာရမည့်စည်းကမ်းနှင့် ရပိုင်ခွင့် များထည့်သွင်း ချုပ်ဆိုလေ့ရှိ သည်။ စာချုပ်ပါ အကြောင်းအရာ များကို အများသိအောင် ပွင့်လင်း မြင်သာစွာ ထုတ်ပြပြောဆိုလေ့ မရှိကြပေ။

မကြာသေးမီက မြန်မာကိုယ်စားပြု အလှမယ်အားလုံးထဲတွင် ပထမဆုံးနှင့် အမြင့်ဆုံးဆုဟု ပြော၍ ရနိုင်သည့် အာရှ-ပစိဖိတ် အလှမယ်ဆုကို ရရှိခဲ့သည့် မေမြတ်နိုးကတော့ ၎င်းနှင့် အဖွဲ့အစည်းကြားမှ ထိန်းချုပ်ကန့်သတ်မှုများကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် အရိပ်အမြွက်ပြော ထားသည်။ ၎င်းအနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ်၊ အက်ဖ်အမ်ဖြင့် အင်တာဗျူးဖြေကြားတိုင်း ဓာတ်ပုံတင်တိုင်း (ဖေ့စ်ဘွတ်ခ်တွင် ဓာတ်ပုံ တင်ခြင်းကို ဆိုလိုဟန်တူသည်) ၃၀ ရာခိုင်နှုန်းတောင်းဆိုသည်ဟု ရေးသားခဲ့သည်။

အာရှ-ပစိဖိတ်အလှမယ်ဆု ရ မေမြတ်နိုးနှင့် ၎င်း၏ အလှမယ် အဖွဲ့အစည်းတို့အကြား လမ်းခွဲမှု မှာလည်း ဟိုးလေးတကျော်ဖြစ်ခဲ့ သည်။ ၎င်း၏ သရဖူကို အသိမ်း ခံတော့မည်ဟုပင် သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲ ပြောဆိုမှုများက စာမျက်နှာများ ထက် ပလူပျံနေ ခဲ့သည်။

နိုင်ငံတကာ စင်မြင့်တွင် သွားရောက်ယှဉ်ပြိုင်သည့်အချိန် မှ ယခုအချိန်အထိ ပရိသတ်အား ပေးမှုကို ဆက်လက်ထိန်းထားနိုင် သူ နန်းခင်ဇေယျာက ‘‘မြန်မာ နိုင်ငံမှာက အသက်ငယ်သေးလို့ နားမလည်ဘူး လို့ ပြောကြတယ်။ နန်းခင်ပြောချင်တာက ဘယ်လို အကြောင်းကြောင့်ပဲဖြစ်နေပါ စေ စာချုပ်ကို သေချာ ဖတ်သင့် တယ်။ နားမလည်သေးပါဘူးဆို ရင် ကိုယ့်ထက်တတ်တဲ့သူတွေ၊ မိဘတွေနဲ့ တိုင်ပင်ပြီး ချုပ်မယ် ဆိုရင် နောက်ပိုင်းဘာအခက်အ ခဲမှ မရှိပါဘူး’’ဟု စာချုပ်ကိစ္စများ နှင့် ပတ်သက်၍ အကြံပြုသည်။

ယင်းမတိုင်မီ ဖြစ်ခဲ့သော ခင် ၀င့်ဝါနှင့် ၎င်း၏ ဆရာဂျွန်လွင်တို့ အကြားမှ စာချုပ်ပြဿနာ၊ မေ မြတ်နိုးနှင့် ၎င်းကို ပံ့ပိုးပေးခဲ့သည့် အဖွဲ့အစည်းကြား သရဖူကိစ္စ အပါအ၀င် အငြင်းပွားမှုများ၊ အလှမယ်ဂျူးစံသာကို စည်းကမ်း မလိုက်နာသောကြောင့် သရဖူ သိမ်း၍ ပြိုင်ပွဲ သွားရောက်ယှဉ် ပြိုင်ခွင့်ပိတ်လိုက်သည့်ကိစ္စ၊ လူ သိများထင်ရှားသည့် ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့ကို ချုပ်ဆိုထားသည့် သဘောတူ စာချုပ်သက်တမ်း မပြည့်မီ စည်းကမ်းမလိုက် နာသောကြောင့် သရဖူလွှဲခွင့်ရုပ် သိမ်းခြင်းစသည့် ပြဿနာအထွေ ထွေတို့က အလှမယ်လောကကို ဂယက်ရိုက်စေခဲ့သည်။

‘‘ပြိုင်ပွဲဝင်တဲ့အချိန် ပြိုင်ပွဲ ၀င်ဖို့ပဲ ခေါင်းထဲမှာရှိတယ်။ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးကိုယ် စားပြုချင် စိတ်ပဲရှိတယ်။ နိုင်ငံတ ကာမှာလည်း အကောင်းဆုံးယှဉ် ပြိုင်တာကို ပြသချင်တယ်။ ကိုယ့် ရဲ့ နိုင်ငံ အတွက် အကောင်းဆုံး ယှဉ်ပြိုင်စေချင်တယ်။ ကိုယ်စား ပြုချင်တဲ့စိတ်က ပိုများတယ်။ အဲဒီအခါကျတော့ စာချုပ်ထဲမှာ ကိုယ့်အတွက် မျှတရဲ့လား၊ သူတို့ဘက်က ယူတာများသွားလားဆို တာကို သေသေ ချာချာမစဉ်းစား နိုင်တာမျိုးတွေဖြစ်နိုင်တယ်’’ဟု အလှမယ် ထားထက်ထက်က ၎င်း၏ အတွေ့အကြုံများနှင့် နှိုင်း ယှဉ်ကာပြောသည်။

ထို့ကြောင့် အလှမယ်များ အနေဖြင့် စာချုပ်ချုပ်သည့် အချိန်တွင် သွားရောက်ယှဉ်ပြိုင်ရမည့် စိတ်တစ်ခု တည်းကိုသာ ဦးစားမပေးဘဲ ကိုယ်တိုင်လိုချင်သည့် အချက်များကို ကနဦးကတည်းက ထည့်သွင်း သင့်ကြောင်း ထားထက်ထက်က အကြံပြုသည်။

ထို့အတူအလှမယ်များအ တွက် အချိန်ယူပြုစုပျိုးထောင်ပေး ခဲ့ရသော အဖွဲ့အစည်းများအနေ နှင့်လည်း အောင်မြင်လာချိန်ကျမှ လက်တွဲဖြုတ်ခံလိုက်ရသဖြင့် မခံချိမခံသာဖြစ်ကာ အလှမယ်များ ရှေ့ရေးကို ပိတ်ဆို့သည့် လုပ်ရပ်များကလည်း မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း ထောက်ပြဝေဖန်မှု များ ပေါ်ထွက် လာသည်။

ထိုဟိုးလေးတကျော် ပြဿ နာများဖြစ်ပွားရခြင်းမှာ နှစ်ဦးနှစ် ဖက်အပြင် အောင်မြင်လာသည့် အချိန်တွင် အခြားကြားဝင်သော အဖွဲ့များကြောင့် ပြဿနာကို ပိုရှုပ်ထွေးစေသည်ဟု ဆိုလာသူမှာ မေမြတ်နိုးနှင့် ဂျူးစံသာတို့ နှစ်ဦးအား ပံ့ပိုးပျိုးထောင်ပေးခဲ့သော Style Plus H ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေး သင်တန်းမှ စီအီးအိုဒေါ် လှနုထွန်းဖြစ်သည်။

‘‘တခြားအဖွဲ့တွေမှာလည်း ဖြစ်နေတယ်။ ကိုယ့်ဆီမှာလည်း ဖြစ်တယ်။ အဲဒါဘာကြောင့်လဲဆို တော့ ကလေးတွေကို နောက် ကွယ်ကနေ သူတို့ရဲ့ နုနယ်တဲ့ စိတ်တွေ၊ ရိုးသားတဲ့စိတ်တွေကို အ ရောင်ဆိုး ကြတဲ့သူတွေရှိနေလို့လို့ လှနုယုံကြည်ပါတယ်။ အဲဒါ ကြောင့်လည်း အဖွဲ့အစည်းတွေ နဲ့ မယ်တွေကြားမှာ အဆင်မပြေ မှုတွေဖြစ်နေကြတာပါ’’ဟု ဒေါ်လှနုထွန်းကပြောသည်။

မယ်စကြ၀ဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ဦးဆောင်ကျင်းပ လျက်ရှိသူ Hello Madam မီဒီ ယာမှ ဒေါ်စိုးယုဝေ က ထိုပြဿနာ များနှင့် ပတ်သက်၍ ‘‘အစ်မ ထင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းမှု အားနည်း တာလည်းပါမယ်။ နောက်ပြီး အခုမှစပြီး လုပ်ကြတာဆိုတော့ အလှမယ်ဘက် ကလည်း ဒါပြီးရင် ဘာတွေလုပ်ရမယ်ဆိုတာ မသိ ဘူး။ အဖွဲ့အစည်းတွေ ဘက်က လည်း ကြိုတင် သဘောတူညီမှုယူ တဲ့အပိုင်းမှာ အားနည်းသွားတာ လည်းပါလိမ့်မယ်’’ဟု သုံးသပ် ပြောကြားသည်။

မယ်စကြ၀ဠာပြိုင်ပွဲစင်မြင့် ထက်တွင် မြန်မာနိုင်ငံကိုယ်စား ပြုအနေဖြင့် နှစ်ပေါင်း (၅၀) ကျော်ကြာမှ ပထမဆုံးပြန်လည်ယှဉ်ပြိုင် ခွင့်ရခဲ့သော မိုးစက်ဝိုင်ကလည်း ၎င်း၏အတွေ့အကြုံကို မျှဝေ သည်။

‘‘မြန်မာနိုင်ငံမှာက အခုချိန် မှ Miss တွေကိစ္စက ပေါ်ပြူလာ ဖြစ်လာတဲ့အတွက် အပြောင်းအ လဲမှာ ကြုံတွေ့နေကျ ပဋိပက္ခလေးတွေတော့ ရှိတတ်တာပါပဲ။ လုပ်ငန်းတစ်ခု စလုပ်တယ်ဆိုရင် တောင် အစ ပိုင်းမှာ အခက်အခဲ တွေရှိမှာပဲ။ အဲဒီအခက်အခဲတွေ မှာ မှားတာလည်းရှိမယ်။ မှန်တာ လည်းရှိမယ်။ တစ်ယောက်နဲ့ တစ်ယောက်က ခံယူချက်ချင်းမတူနိုင် ဘူး။ မိုးစက်ဝိုင်ပြိုင်တုန်းကတော့ အနုပညာလောက ကိုဝင်ဖို့ မဟုတ်တဲ့အတွက် မိုးစက်ဝိုင်ရဲ့ သ ဘောထားကို (အဖွဲ့အစည်းက) နားလည်ပေးတယ်။ မိုးစက်ကလည်း သူတို့လုပ်ချင်တာတွေကို လုပ်ပေးဖြစ်တယ်။ အဓိက ကတော့ ညှိနှိုင်းဆောင်ရွက်ဖို့ပါ’’ ဟု ပြောကြားသည်။

အလှမယ်တစ်ယောက်ပြီး တစ်ယောက်ကို နိုင်ငံချစ်စိတ်ဖြင့် တစ်လျှောက်လုံး လက်ခုပ်လက် ၀ါးများ တီးကာ အွန်လိုင်းတွင် မဲ ပေးရမည်ဆိုလျှင်လည်း အား တက်သရောရှိခဲ့သည့် ပရိသတ် များ၏ အားပေးမှု အရှိန်မှာ ထိုထို သော ပြဿနာများကြောင့် လျော့ကျလာခဲ့ပြီ။

မြန်မာမိန်းကလေးငယ် အချို့၏ စိတ်ကူးအိပ်မက်တစ်ခု ဖြစ်လာသည့် ‘‘မြန်မာ’’ဆိုသည့် စလွယ်ဝတ်ဆင် ကာ နိုင်ငံကိုယ် စားပြုရေးအိပ်မက်များသည် လည်း ယခုကဲ့သို့ရှုပ်ထွေးသော ပြဿနာများကြောင့်ေ၀၀ါးပျက် ပြယ်သွားတော့မည်လား . . .နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၏ စင် မြင့်ထက်တွင် တစ်ကျော့ပြန်နေ ရာယူစပြုနေပြီဖြစ်သည့် မြန်မာ နိုင်ငံ၏ ပုံရိပ်သည် ယခုလို သာဓ ကများကြောင့် မှေးမှိန်သွားတော့ မည်လောဆိုသည်မှာမူ . . . အချိန်က အဖြေထုတ်သွားပေလိမ့် မည်။။


7Day Daily
No.455 Wednesday, July 30, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...