အရက်မမူးတဲ့ တီကောင်မျိုးစိတ် တီထွင်

တက္ကဆက် ပြည်နယ်က သိပ္ပံပညာ ရှင်တွေဟာ အရက် သောက်ပြီး လုံးဝ မမူးနိုင်တဲ့ တီကောင် တစ်မျိုးကို စမ်းသပ် တီထွင်နိုင် ခဲ့တယ်လို့ The Verge သတင်း တစ်ပုဒ်မှာ ဖော်ပြ ထားပါတယ်။

ပညာရှင်တွေက ဦးနှောက် အတွင်းရှိ မော်လီကျူး တွေနဲ့ အရက် ပေါင်းစပ်ပြီး ဖြစ်ပေါ် လာမယ့် တုံ့ပြန်မှု တွေကို စမ်းသပ်ရာမှာ Caenorhabditis ဆိုတဲ့ တီကောင် မျိုးစိတ်ကို အရက် မမူးတဲ့ မျိုးစိတ်တွေ အဖြစ် တီထွင်ဖန်တီး နိုင်ခဲ့တာလို့ Neuroscience ဂျာနယ်မှာ အသေးစိတ် ရေးသား ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။

ခုတီထွင်ထားတဲ့ တီကောင် မျိုးစိတ်ဟာ အရက်နဲ့ တော်တော် လေး ယဉ်ပါးနေတာကြောင့် နောက်ပိုင်းမှာ အရက်မူးသူတွေကို ကုသနိုင်မယ့် ဆေးဝါး တစ်မျိုးမျိုး တီထွင် လာနိုင်ဖွယ်ရာ ရှိတယ်လို့ The Verge မှာ ရေးထားပါတယ်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...