ဖုန်းနံပါတ် သုံးခုအား တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှု စတင်

မိုဘိုင်းဖုန်း သုံးစွဲသူများ အတွက် Friends and Family Service ဝန်ဆောင်မှု Promotion အစီအစဉ် အဖြစ် ယနေ့မှ စတင်ပြီး မိမိတို့၏ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တို့၏ မိုဘိုင်းဖုန်း များကို တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်ပြီ ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုအား နိုင်ငံပိုင် သတင်းစာများ တွင် အောက်ပါအတိုင်း ကြေညာထားသည်။

ယနေ့မှစ၍ သြဂုတ် (၃၁) ရက်နေ့အထိ Friends and Family Service ဝန်ဆောင်မှု Promotion အစီအစဉ်ကို ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင် ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်လိုသူသည် 1331 သို့ message ပေးပို့ရန်သာ လိုအပ်ပါသည်။

(က)ဦးစွာ မိမိမှရွေးချယ်ထားသည့် သူငယ်ချင်း/ မိတ်ဆွေ/ မိသားစုဝင်တို့၏ မိုဘိုင်းဖုန်း နံပါတ်များကို 1331သို့ စာရင်းပေး သွင်းနိုင်ရန် အတွက်ADD နှင့်(ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်ပြီး Message ပေးပို့ရပါမည်။ နမူနာ- ADD 095888999

(ခ)ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့် အခါ အောက်ပါ Message ကို လက်ခံရရှိမည် ဖြစ်ပါသည်။ "Success! you can call 095888999 for 25Kyats/min until 2014-8-31"

(ဂ) အကယ်၍ မိုဘိုင်း ဖုန်းနံပါတ် (၃)ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Message ကို လက်ခံရရှိ ပါမည်။
"Sorry you have exceeded friend list, you can add only 3 friends, for more info please call 1876"

(ဃ)စာရင်းပါဖုန်းနံပါတ်များကို ပြန်လည် ကြည့်ရှုလိုပါက မိမိ၏ဖုန်းတွင် VIEW ဟုရိုက်ပြီး 1331 သို့ Message ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။
နမူနာ "Your friend lis is =09111222 094777888 095111222"

(င)စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ်(၃) ခုကို အခြား မိုဘိုင်းဖုန်း နံပါတ်နှင့် အစားထိုး ပြောင်းလဲလို ပါက မိမိ၏ဖုန်းတွင် MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲ လိုသော ဖုန်းနံပါတ် အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင် ပါသည်။
နမူနာ- MODIFY 094111222 094777888

(စ)ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကို ရရှိပါမည်။
"Number 094777888 is now your new friend list"

သတိပြုရန်အချက်များ
==============

(၁)ယခုဝန်ဆောင်မှု အစီအစဉ်တွင် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ကျပ်ကို ဝန်ဆောင်မှု အသုံးပြုမည့်သူ၏ GSM /WCDMA မိုဘိုင်းဖုန်း၏ လက်ကျန်ငွေမှ နှုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့ထားသော မိုဘိုင်းဖုန်းနံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေ့မှ စ၍ ရက်ပေါင်း (၃၀) အတွင်း ခေါ်ဆိုအသုံး ပြုနိုင်မည်ဖြစ်ပါသသည်။

(၂)လောလောဆယ် အနေဖြင့် GSM/WCDMA မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ် တစ်ခု လျှင် မိုဘိုင်းဖုန်းနံပါတ် အများဆုံး (၃) ခုကိုသာ ဤ ဝန်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင် ဆောင်သူများ အတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက် ရှိပါသည်။

(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ဖြစ်ပါသည်။ သို့သော် လက်ကျန်ငွေ (၂၅၀၀) ကျပ် အနည်းဆုံး ရှိရန် လိုအပ်ပါသည်။

(၄)ADD (သို့မဟုတ်)MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် တစ်ခုသာ ဆောင်ရွက် ရပါမည်။

(၅)စာရင်းပေးသွင်းထားသော ဖုန်းနံပါတ်(၃) ခုအနက် နှစ်သက်ရာ (၁) ခုကို (၁) ကြိမ်သာ လျှင် အစားထိုးပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။

(၆) အသေးစိတ်သိရှိလိုပါက www.mcit.gov.mm သို့ဝင်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင် ပါသည်။


ref;TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...