အမျိုးသမီးကိုယ်တွင်းရှိ လိင်အသုံးအဆောင် ပစ္စည်း ၁၀ နှစ်ကြာမှ တွေ့ရှိ

Aberdeen တော်ဝင်ဆေးရုံမှ ၀န်ထမ်းများသည် ပြည်တည်နာနှင့် ခန္ဒာကိုယ် အလေးချိန် အလွန် အမင်း ကျဆင်းသည့် ရောဂါ ခံစားနေရသော အမျိုးသမီး  တဦးအား ကုသပေးခဲ့ရာ ထိုအမျိုးသမီး သည် အင်မတန် အဖြစ်နဲသော Vesicovaginal fistula ဟူသော ဝေဒနာ ခံစားနေရကြောင်း တွေ့ရှိ ခဲ့သည်။ အဆိုပါ ဝေဒနာသည် ဆီးသွား သည့်အခါ သားအိမ် လမ်းကြောင်း အတွင်းသို့ ဆီးများ စီးဝင်စေ သည်ဟု ဆိုသည်။

ယင်း အမျိုးသမီးအား စမ်းသပ်မှု များပြုလုပ်ရာ ၎င်း၏ လိင်အင်္ဂါအတွင်း၌ ၅ လက်မ အရွယ်အစားရှိ sex toy က သူမ၏ ဆီအိမ်အပေါ် ဖိမိလျက်ရှိနေကြောင်း တွေ့ရသည်ဟု huffington post က ဖော်ပြသည်။ ယင်းကြောင့် ဆီးအိမ်ပိတ်ဆို့ပြီး ကျောက်ကပ်အတွင်း ဆီးစုစည်းမှု ဖြစ်စေသည်ဟု ဆိုသည်။

၎င်းအမျိုးသမီးက လွန်ခဲ့သော ၁၀ နှစ် အမျိုးသားတဦးနှင့် လိင်ဆက်ဆံစဉ်က ဖော်ပြပါ ကိရိယာ အသုံးပြုခဲ့ သည်ကို မှတ်မိကြောင်း၊ သို့သော် ပြန်ထုတ်မိသလော ဟူသည်ကိုမူ အမှတ် မရတော့ကြောင်း ပြောသည်။

သူမ၏ ရောဂါအခြေအနေ မျိုးသည် တွေ့ခဲ ဖြစ်ခဲဖြစ်သောကြောင့် ဆရာဝန်များက ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြရ သည်အထိ ဖြစ်ခဲ့သည်။

ပုံ - x-ray တွင်မြင်ရပုံ

Ref ; Journal of Sexual Medicine, Huffington Post

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...