ဗီတာမင်ဒီနှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာ

Edinburgh တက္ကသိုလ်မှ သုတေသီ အဖွဲ့တစ်ခုမှ သွေးနမူနာပေါင်း ၁၆၀၀ကို စမ်းသပ် စစ်ဆေးရာမှ သွေးတွင်းရှိ Vit D နှင့် အူလမ်းကြောင်း ဆိုင်ရာ ကင်ဆာနှင့် ဆက်စပ်မှုကို တွေ့ရှိရပါသည်။

သွေးတွင်း Vit D ပမာဏ မြင့်တက်မှုသည် သေဆုံး နှုန်း ၅၀ ရာခိုင်နှုန်း အထိ လျော့ချပေး နိုင်သည်ကို တွေ့ရှိရသည်။ သွေးတွင်း Vit D ပမာဏမြင့်သူ လူနာသည် Vit D နည်းသော လူနာများထက် ၅ နှစ်ပိုမို နေထိုင်ရသည် ကိုလည်း တွေ့ရှိရသည်။ အဆင့် ၂ ကင်ဆာ ဖြစ်ပွားနေသူ များအနေနှင့် ကင်ဆာအကျိတ် ဆက်လက်ကြီး ထွားခြင်း မရှိတော့ဘဲ တခြား အင်္ဂါများသို့ မပျံ့နှံ့ကြောင်း တွေ့ရှိရသည်။ သို့သော် သဘာဝအားဖြင့် မည်သို့ ပြုလုပ်ပေးသည် ကိုတော့ တိကျစွာ မသိရသေးပါ။ ရောဂါ၏ နောက်ဆက်တွဲ အကောင်း အဆိုးကို သွေးတွင်းရှိ Vit D ကို တိုင်းတာ၍ သိရှိနိုင်ပြီဖြစ်သည်။

ကင်ဆာဆိုင်ရာ ဂျာနယ်တွင် ရေးသားနေသော Prof: Malcolm Dunlop က ““ အခုလောလောဆယ် အရတော့ သွေးထဲက Vit D ပမာဏကို တိုင်းတာပြီး ကင်ဆာရောဂါ၏ နောက်ဆက်တွဲ အလားအလာ ဖြစ်တဲ့ အကောင်းအဆိုးကို သိနိုင်ပါပြီ။ ဆက်လက်ပြီး လုပ်ဆောင်လေ့လာစရာတစ်ခုက Vit D ဆေးဝါး ကို ဖြည့်စွက်အနေနှင့်ပေးလျှင် ကောင်းကျိုးရှိမရှိကို လေ့လာရပါဦးမယ်””ဟု ပြောပါသည်။

Vit D နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါနှင့် ဆက်စပ်မှု အရင်က အမေရိကန်အခြေစိုက် Harvard School of Public Health rS Multiple Sclerosis (MS)်ရောဂါတွင် ရောဂါတိုးတက်မှုကို နှေးကွေးစေသည်ကို တွေ့ရှိရသည်။ ထို့အတူ ချီကာဂိုနိုင်ငံမှ သုတေသီများကလည်း Vit D သည် ဆီးချို (Type 2 DM) လူနာတွေမှာ နာကျင်မှုနှင့် စိတ်ကျခြင်းကိုလည်း လျော့ချပေးသည်ဆိုသည်ကို တွေ့ ရှိခဲ့ပါသေးသည်။


မာဃ
Ref: Netdoctor
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...