မေ့ဆေးများက မှတ်ဥာဏ်ကို ထိခိုက်စေနိုင်

အသက် တစ်နှစ်မပြည့်မီ မေ့ဆေး ပေးခြင်းက ကြီးပြင်း လာတဲ့ ကလေးမှာ မှတ်ဥာဏ် ပျက်စီးမှု ဖြစ် ပေါ်စေနိုင်ပြီး ဘ၀တစ်သက် တာလုံးပင် ထိခိုက် စေနိုင်ကြောင်း လေ့လာချက်သစ် တစ်ရပ် က ၂၀၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ဖော်ပြခဲ့တယ်။
အသက် တစ်နှစ်မပြည့်မီ မေ့ဆေးပေး ခံခဲ့ရတဲ့ ကလေးတွေကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး၊ ပြန်လည် မှတ်မိခြင်းနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သိပ္ပံပညာရှင်တွေက အခုလိုတွေ့ရှိ ခဲ့ရတာ ဖြစ်တယ်။

သူတို့က အသက်ခြောက်နှစ်က ၁၁ နှစ်အတွင်းရှိတဲ့ ကလေး ၂၈ ဦးစီကို နှစ်အုပ်စုခွဲပြီး၊ တချို့သော ပုံတွေနဲ့ အထဲရှိ အသေးစိတ်အချက် တွေကို ပြန်လည်မှတ်မိခြင်းစွမ်းရည်အား ဆယ်လကြာ စမ်းသပ် စစ်ဆေးခဲ့ တာ ဖြစ်တယ်။ အသက် တစ်နှစ် မပြည့်မီ မေ့ဆေးပေးခံခဲ့ရတဲ့ ကလေး တွေအုပ်စုဟာ တခြားအုပ်စုနဲ့ နှိုင်း ယှဉ်ရင် ပျမ်းမျှမှတ်မိနိုင်စွမ်း ၂၈ ရာခိုင်နှုန်းလျော့နည်းပြီး၊ ပုံတွေနဲ့ ပတ်သတ်ပြီး အသေးစိတ်မှတ်မိမှုကို စစ်ဆေးချက်မှာ အမှတ်ရရှိမှု ရာခိုင် နှုန်း ၂၀ လျော့နည်းကြောင်း တွေ့ရှိရ တယ်လို့ ဆိုတယ်။

““ အသိဥာဏ်နဲ့ အပြုအမူဆိုင်ရာ တိုင်းတာ စစ်ဆေးချက်တွေမှာ ကလေးတွေက ကွာခြားမှု မရှိပါဘူး။ ဒါပေမယ့် ပြန်လည်မှတ်မိနိုင်စွမ်း မှာတော့ မေ့ဆေးပေးခံရတဲ့ကလေး တွေက သိသိသာသာ နိမ့်ကျ ပါတယ် ”” လို့ အခုလေ့လာချက်ကို ဖော်ပြခဲ့တဲ့ Neuropsychopharmacology ဂျာနယ်ရဲ့ အကျဉ်းချုပ်ကဏ္ဍမှာ ဖော်ပြထားတယ်။

ပြန်လည်မှတ်မိနိုင်စွမ်းဟာ ကိုယ့်အကြောင်း ကိုယ်ပြန်မှတ်မိတဲ့ မှတ်ဥာဏ်၊ စာသင်ခန်းအတွင်း သင် ယူမှုနဲ့ စာဖတ်တာတွေမှာ အလွန် အရေးပါတယ်။ ““ဒါကြောင့် မှတ် ဥာဏ်နည်းနည်းလေး ချွတ်ယွင်းမှု တောင်မှလတ်တလော အကျိုးဆက် တွေရှိနိုင်ပြီး၊ အချိန်နဲ့အမျှ ကလေးငယ်ရဲ့ သင်ယူနိုင်စွမ်း အလား အလာကို လျော့ကျစေပါတယ်။ နောက်ထပ် ပိုပြီးအသေးစိတ်တဲ့ လေ့လာချက်တွေ ပြုလုပ်ဖို့တော့ လိုပါ သေးတယ် ”” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သု တေသနအဖွဲ့က ပြောကြားခဲ့တယ်။

သူတို့ရဲ့တွေ့ရှိချက်အရ မေ့ဆေးတစ်ကြိမ်သာ ပေးခံခဲ့ရတဲ့ ကလေးငယ်တွေနဲ့ အကြိမ်ကြိမ် ပေးခံခဲ့ရတဲ့ ကလေးငယ်တွေအကြား ကွာခြားမှု မရှိကြောင်းလည်း သိရတယ်။

အခုလေ့လာချက်နဲ့ အပြိုင် အဆိုပါ သုတေသနပြုလုပ်ခဲ့တဲ့သူ တွေကပင် တစ်ပတ်သားအရွယ် ကြွက် ၃၃ ကောင်ကို မေ့ဆေးပေး ကြည့်ခဲ့တာမှာ တခြားကြွက်တွေနဲ့ နှိုင်းယှဉ်ရင် အနံ့တွေကို မှတ်မိနိုင်စွမ်း ရေရှည်ချို့တဲ့သွားကြောင်း တွေ့ရှိရတယ်။ 


ညွန့်လွင်(စက်မှုတက္ကသိုလ်)
Ref;AFP
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...