ဖိုက်တာ လုပ်ချင်တဲ့ သွန်းနဒီစိုး


ခိုင်ဇာသွင်

အနုပညာလောကထဲသို့ မျိုးရိုးမရှိဘဲ ၀င်ရောက်လာခဲ့သည့် သွန်းနဒီစိုးက မော်ဒယ် အလုပ်ထက် သရုပ် ဆောင်ဘက်ကိုသာ ဦးစားပေး လုပ်ကိုင်ချင်ကြောင်း ပြောသည်။ ညီမက မော်ဒယ်အလုပ်ကို စပြီးလုပ် တော့ ရှိုးတွေလျှောက်ဖြစ်တယ်။ ပြီးတော့မှ MTV တွေ ရိုက်တယ်။ နောက်တော့မှ သရုပ်ဆောင်ဘက်ကို ရောက်လာတယ်။ ညီမကလည်း မော်ဒယ်လုပ်ရတာထက် သရုပ်ဆောင် လုပ်ရတာကို ပိုဝါသနာပါတယ်။ မျိုးရိုးလည်း မရှိတော့ အခက်အခဲတွေလည်း ရှိပါတယ်။ ညီမကအခုမှ စလုပ်တာဆိုတော့ အကုန်လုံးတော့ မလုပ်တတ်သေးဘူး။ အဲဒါကြောင့် အခက်အခဲလေးတွေ ရှိနေပါ တယ်။ ပထမဆုံးစရိုက်တုန်းကဆိုရင် ကားရိုက်ရင် စိတ်သွင်းလုပ်ရတယ်ဆိုတာကိုတောင် မသိဘူးလေ။ ဆရာတွေကတော့ စိတ်ကို အာရုံစိုက် ပြီးတော့ လုပ်မှရတယ်လို့ ပြောတယ်။ ညီမလည်း ကြိုးစားပြီးလုပ်ရတယ်။ ကြောက်စိတ်တွေလည်း ဖြစ်တာပေါ့နော်။ နောက်ပြီး ကိုယ်ကလည်း နာမည်လည်း မရှိ သေးတော့ ရှိန်တာပေါ့နော်။ ညီမ မှားတာ တွေလည်း ရှိပါတယ်။ အခုတော့လည်း အာရုံစိုက်ပြီး လုပ်လာတော့ ညီမအတွက် အဆင်ပြေလာပါတယ်။ ညီမ က အသစ်ဆိုပေမယ့် ရိုက်ချင်တဲ့ ဇာတ်ရုပ်လေးတွေ ရှိပါတယ်။ ရိုက်ချင်တဲ့ ပုံစံက နှစ်မျိုးရှိတယ်။ ပထမပုံစံလေးက ဖန်စီပုံစံလေးပါ။ နောက်ပုံစံကတော့ မင်း သမီးနှစ်လက်ဖိုက်ရတဲ့ ဇာတ်ကား ပုံစံလေး တွေ ရိုက်ချင်တာရှိပါတယ်။ ဒါက ညီမ စိတ်ကူးထဲက ရိုက်ချင်တာလေးတွေပေါ့နော်။ ဒါလေးတွေကို မရိုက်ဖူးသေးဘူး။ အခုချိန်မှာလည်း ညီမတို့လို လူငယ်တွေ အတွက် လည်း အနုပညာအလုပ်လုပ်ဖို့ လမ်းကြောင်းလေးတွေလည်း တော်တော်များများ ပေါ်လာ ပါတယ်။ ဒါပေမဲ့လည်း လမ်းကြောင်းပေါ့ နော်။ တချို့ကတော့ မော်ဒယ်ပဲလုပ်မယ်။ သရုပ်ဆောင်ဘက်ပဲ သွားချင်တာလေးတွေ ရှိကြပါတယ်။ အဲဒီအတွက်လည်း တီဗွီချန်နယ်တွေ ဂျာနယ်၊ မဂ္ဂဇင်းတွေလည်းများလာ နေတဲ့အတွက် အနုပညာ လမ်းကြောင်းပေါ် သွားဖို့အတွက်ကို လွယ်ကူတယ်။ အတွေ့ အကြုံကောင်းတွေလည်း ရတယ်လို့ ထင်ပါ တယ်ဟု သွန်းနဒီစိုးက ပြောသည်။ သွန်းနဒီစိုးသည် လတ်တလောတွင် ဓာတ်ပုံ ရိုက်ကူးမှုများပြု လုပ်နေကြောင်း၊ MRTV-4 မှ မင်းသား မင်းသမီး အသစ်များ ခေါ်ယူနေသည့် အပေါ်တွင်လည်း စိတ်ဝင် စားမှုရှိသဖြင့် လျှောက်ထားချင်ကြောင်း ပြောသည်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...