စိတ်ဖိစီးမှုနဲ့ နှလုံးတိုက်ခိုက်ခံရမှု ဆက်နွှယ်ချက်ကို ပညာရှင်တွေက ရှင်းပြ

ရေရှည် စိတ်ဖိစီးမှုက နှလုံး တိုက်ခိုက်ခံ ရမှုနဲ့ လေဖြတ်ခြင်း ဆီသို့ ဦးတည် သွားပုံကို ဖော် ထုတ်နိုင်ခဲ့ ကြောင်း သိပ္ပံပညာရှင် တွေက ၂၀၁၄၊ ဇွန် ၂၂ ရက်မှာ ပြောကြား ခဲ့တယ်။ စိတ်ဖိစီးမှုဟာ ရောဂါပိုးတွေကို တိုက်ခိုက်ရာမှာ သုံးတဲ့ သွေးဖြူဥတွေ အမြောက်အမြား ထွက်ရှိဖို့ လှုံ့ဆော် ပေးပြီး၊ သွေးဖြူဥ ပမာဏ များပြား တာဟာ ဘေး ဥပါဒ် ဖြစ်စေနိုင် တယ်လို့ ဆိုတယ်။ ပိုလျှံသွားတဲ့ သွေးဖြူဥဆဲလ် တွေဟာ သွေးလွှတ်ကြော အတွင်းနံရံ တွေမှာ တွယ်ငြိကာ စုခဲသွားကြပြီး၊ သွေးစီးဆင်းမှု ကို အကန့်အသတ်ဖြစ် စေကာ သွေးခဲတွေ ဖွဲ့စည်းဖြစ်ပေါ်စေဖို့ အားပေးတယ်။ အဲဒီသွေးခဲတွေဟာ သွေးလှည့်ပတ် စီးဆင်းမှုကို ဟန့်တား တာဖြစ်စေနိုင်သလို ပြုတ်ထွက်ပြီး ခန္ဓာကိုယ် တခြား အစိတ် အပိုင်းတွေ ဆီကိုလည်း ရောက်ရှိသွားနိုင်တယ်။

““ရောဂါပိုးကို တိုက်ဖျက်ဖို့နဲ့ အနာကျက်ဖို့ သွေးဖြူဥဆဲလ်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် ပမာဏ များလွန်းရင် ဒါမှမဟုတ် မှားယွင်းတဲ့နေရာကို ရောက်သွားရင် ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်”” လို့ အခု လေ့လာချက်ကို ပူးတွဲရေးသားခဲ့သူ ဘော်စတွန်မြို့ ဟားဗတ်ဆေး ကျောင်းမှ မက်သီယာနာရန်ဒေါ့ဖ်က ပြောကြားခဲ့တယ်။

အခုဆက်နွှယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ နာရန်ဒေါ့ဖ်နဲ့အဖွဲ့ဟာ အထူး ကြပ်မတ်စောင့်ရှောက် ကုသခန်းမှာ အလုပ်လုပ်တဲ့ ဆေးဝန်ထမ်း ၂၉ ဦးကို လေ့လာခဲ့တာဖြစ်တယ်။

အရင်က ဆရာဝန်တွေက ရေ ရှည်စိတ်ဖိစီးမှုဟာ နှလုံးနဲ့ သွေးကြော ရောဂါတွေဆီသို့ ဦးတည်သွား စေနိုင်ကြောင်း သိရှိခဲ့ကြပြီးဖြစ်ပေမယ့်လည်း အဲဒီလိုဖြစ်ရတဲ့ဖြစ်စဉ်ကို နားလည်သဘောပေါက်တာ မရှိခဲ့ပါ။

အထူးကြပ်မတ် စောင့်ရှောက် ကုသခန်းမှာ အလုပ်လုပ်ရတဲ့ ဆေးဝန်ထမ်းတွေဟာ သေရေးရှင်ရေး ဆုံးဖြတ်ချက်တွေအတွက် ကြီးလေးတဲ့ တာဝန်ကိုယူရတာကြောင့် ရေရှည်စိတ်ဖိစီးမှု ဒဏ်ခံရသူတွေလို့ ယူဆသတ်မှတ်ထားတာ ဖြစ်တယ်။

အဲဒီဆေးဝန်ထမ်းတွေကို အလုပ် လုပ်ချိန်အတွင်းနဲ့ အလုပ်ချိန်ပြင်ပတို့မှာ သွေးနမူနာတွေရယူပြီး နှိုင်း ယှဉ်လေ့လာတာနဲ့ စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာတွေ ပြုလုပ်ခဲ့ရာမှာ သုတေသန ပြုလုပ်သူတွေဟာ စိတ်ဖိစီးမှုနဲ့ ကိုယ်ခံအားစနစ်တို့အကြား ဆက် နွှယ်ချက်ကို တွေ့ရှိခဲ့တာဖြစ်တယ်။
သူတို့ဟာ အထူးသဖြင့် စိတ်ဖိစီးမှုက ရိုးတွင်းခြင်ဆီအတွင်းရှိ ပင်မဆဲလ်တွေကို လှုံ့ဆော်ပေးပြီး သွေးဖြူဥဆဲလ်တွေ အလွန်အကျွံ ထုတ်လုပ်အောင် နှိုးဆော်ပေးတာကို သတိပြုမိခဲ့ကြတယ်။ သွေးဖြူဥ အလွန်များပြားတာဟာ သွေးလွှတ် ကြောနံရံတွေ ထူလာတဲ့ရောဂါ တစ်မျိုးဖြစ်တဲ့ atherosclerosis ကိုလည်း ဖြစ်ပွားစေနိုင်တယ်။ 


ညွန့်လွင် (စက်မှုတက္ကသိုလ်)
Ref;AFP
Health Updates Journal No. 127
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...