ဝေဖန်ခံနေရသည့် g-string ၀တ်ပြီး တင်ပါးအလှပြ ထားသော သီချင်းခွေ ကာဗာ ဓာတ်ပုံအပေါ်

Nicki Minaj တစ်ယောက် သူမရဲ့နောက်ဆုံး single သီချင်း Anaconda အတွက် cover art မှာ ဘာမှ မဖုံးကွယ်ထား သလောက် ၀တ်ဆင်ထားပြီး အရိုက် ခံထားတဲ့ ဓာတ်ပုံ တစ်ပုံကို အသုံးပြုခဲ့ပါ တယ်။ အင်္ဂါနေ့က သူမရဲ့ Instagram စာမျက်နှာ မှာ အဲဒီ့ပုံကို တင်ခဲ့တာဖြစ်ပြီး ပန်းရောင်း g-string အဆင့်ရှိ အောက်ခံ ဘောင်းဘီကို ၀တ်ဆင် ပြီး သူမရဲ့ တင်ပါးအလှ အပြည့်အစုံကို ပြသထား တဲ့ ပုံဖြစ်ပါတယ်။ အဲဒီ့ပုံကြောင်း များစွာသော ဒေါ်သ ထွက်နေတဲ့ tweet တွေနဲ့ မှတ်ချက်တွေ Instagram မှာ ပြည့်လျှံ ခဲ့ပါတယ်။ ဒါပေမယ့် အခြား ဓာတ်ပုံတွေကို တင်ပြီး အမျိုးသမီးတွေရဲ့ ဗလာကျင်း နောက်ခြမ်းကို ပြသပြီး လူ့အဖွဲ အစည်းထဲမှာ လက်သင့်ခံ တဲ့အတွက် ဘယ်သူတွေ ဘာထ င်ထင် ဂရုမစိုက်ကြောင်း ပြောပါတယ်။ Nicki ရဲ့ မကြာမီ ထွက်ရှိမယ့် album The Pink Print မှာ ပါဝင်တဲ့ Anaconda ကို iTunes ကနေ ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်မှာ ဖြစ်ပါတယ်။


Ref:starpulse.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...