Myanmar Ooredoo Using Guide


Ooredoo အသုံးပြုရန် အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင် ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့ အတွက် ဘာတွေ သိသင့်လဲ ဘာတွေ လိုအပ်လဲ ဆောင်ရန် ရှောင်ရန် လေးပါ။ 

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစား ဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ ရဦးမှာဖြစ် ပါတယ်။ Ooredoo Sim Card ကို အသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့ သိပ်အဆင်မပြေ ကြောင်းသိရပါတယ်။ Samsung တွေနဲ့ ဆိုရင်တော့ အိုခေတယ်လို့ ပြောကြ ပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက် ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေး ထားတဲ့ default ဖုန်းဆိုတာ ကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲ ဖြစ်ပါတယ် ခဗျာ … ဖုန်း အဝင်အထွက် ဈေးနှုန်းတွေကတော့ ၂ မျိုး ရှီကြောင်း သိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ ဖုန်း ၁ ခုပဲ ရှိသေးကြောင်း သိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှီကြောင်း သိရ ပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှီကြောင်း သိရပါတယ်။ 

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။ 

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲ ဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/ Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင် အသုံးပြုလို့ ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/ Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာ ပါဝင်ပြီးသား ဖြစ်သည့်အတွက် အောက်ပါ Link များတွင် Download ရယူနိုင်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့် လုပ်သွားဖို့ပါပဲ … 

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ … အခြားသော အပိုင်းများအား စာရေးသူ ထပ်မံသိရှီရပါက ဆက်လက် ဝယ်မျှပါဦးမည်။ 

pCloud 
https://my.pcloud.com/publink/show?code=XZDs07ZbUIj49CcRC8USgeB1UXVEST8WtQ7

Mediafire 
http://www.mediafire.com/download/cdm2ekbyy8kvecu/Ooredoo_Activation.apk

Ziddu 
http://downloads.ziddu.com/download/23937551/Ooredoo-Activation.apk.html

Zippyshare 
http://www25.zippyshare.com/v/52251324/file.html


Sharing – Thaw Tar

ref;commaspace.com
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...