ဝမ်းပျက် ၀မ်းလျှောရောဂါကို အများဆုံး ဖြစ်စေသည့် လက်သည်သစ် norovirus

ရုတ် တရက် အစာ အိမ်နဲ့ အူ လမ်း ကြောင်း ရောင် ရမ်း ခြင်းကို ဖြစ်စေ တဲ့ အဓိက လက်သည် တရားခံ အဖြစ် norovirus ဟာ ၀မ်းပျက်သူ ငါးဦးမှာ တစ်ဦးကို ဖြစ်ပွား စေခြင်း အားဖြင့် စံချိန် တင်လိုက် ပါတယ်။ ဒါဟာ နိုရို ဗိုင်းရပ်အတွက် ကာကွယ် ဆေးတွေ အမြန်တီထွင် ဖို့အတွက် မီးမောင်းထိုး ပြလိုက်တဲ့ သတင်းလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ရောဂါထိန်း ချုပ်ကာကွယ်ရေး ဌာနမှ Dr.Benjamin Lopman က နိုရိုဗိုင်းရပ်ဟာ နိုင်ငံပေါင်း ၄၈နိုင်ငံက ပြည်သူပေါင်း ၁၈၇၀၀၀ ဦးကို ၀မ်းပျက်ဝမ်းလျှောနဲ့ အော့အန်ခြင်းကို ဖြစ်စေခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ Dr.Benjamin Lopman နဲ့အဖွဲ့ဟာ ၁၉၉၀ ကနေ ၂၀၁၄ ခုနှစ်အထိ နိုရိုဗိုင်းရပ်ကြောင့်ဖြစ်တဲ့ အထက်လှန် အောက် လျှောရောဂါကို လေ့လာခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်း လုံးမှာရှိတဲ့ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်မှုများရဲ့ ၁၇%ကို နိုရိုဗိုင်းရပ်က ဖြစ်ပွားစေပေမယ့် ဖြစ်ပွားလာရင် ကာလ၀မ်း၊ သွေးဝမ်းရောဂါများလို ပြင်းထန်ခြင်း မရှိတာကြောင့် ပူးပေါင်း ပါဝင်မှုတွေ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရောဂါကို ဖြစ်ပွားစေ နိုင်မယ့် ဗိုင်းရပ်ရဲ့ မျိုးစိတ်သစ်တွေ ကို မိမိတို့တွေ့ရှိပြီးဖြစ်ကြောင်း Dr.Benjamin Lopman က သတိပေးထားပါတယ်။

ဒီသတင်းကို ဆေးပညာဂျာနယ် တစ်စောင်ဖြစ်တဲ့The Lancet Infectious Diseases မှာ ဖော်ပြထား ပါတယ်။


သက်ကို
ref;lancet
Health Updates Journal Vol(2), 126
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...