Ooredoo SIM Card များကို စတင်ဝယ်ယူ ရရှိနိုင်


ooredoo sim card ကိုမန္တလေးရှိ အရောင်းဆိုင် များတွင် စတင်ဝယ်ယူ ရရှိနိုင်နေပြီဟု သိရသည်။ Ooredoo SIM Card 1 card ကို ၁၅၀၀ ကျပ်ဖြင့် ရောင်းပေး သွားမည်ဟု သိရသည်။ Ooredoo SIM Card အချင်းချင်း ဖုန်းခေါ် ဆိုပါက ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ခန့်သာ ကျသင့်မည် ဖြစ်ပြီး ooredoo မှ MPT ကဲ့သို့သော တခြား Mobile Network များမှ ဖုန်းများသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၃၅ ကျပ် ကျသင့်မည် ဖြစ်သည်။ SMS ပေးပို့ပါက SMS တစ်စောင်လျှင် ၂၅ ကျပ် ခန့် ကျသင့်မည် ဖြစ်သည်။ မိုဘိုင်း Internet အနေဖြင့် Plan အသေးစိတ်ကို မသိရှိရသေး သော်လည်း Mobile Data ပမာဏ 1 MB အသုံးပြုလျှင် ၂၅ ကျပ် ကောက်ခံမည်ဟု သိရသည်။
သို့သော် သြဂုတ်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ အောက်ပါ အသုံးပြုခများကို Ooredoo က Free သတ်မှတ် ထားကြောင်း သိရသည်။

Ooredoo ဖုန်းအချင်းချင်း မိနစ် 900 ဖုန်းပြောခ
MPT Network ဖုန်းများသို့ မိနစ် 90 ဖုန်းပြောခ
Ooredoo ဖုန်းအချင်းချင်း SMS အစောင်ရေ ၉၀၀ ပို့ခ
MPT Network ဖုန်းများသို့ SMS အစောင်ရေ ၉၀ ပို့ခ
တစ်နေ့လျှင် မိုဘိုင်းအင်တာနက် Data ပမာဏ 20 MB အခမဲ့

Ooredoo Myanmar SIM card ဝယ်ရန် နီးစပ်ရာ Ooredoo SIM Card အရောင်းဆိုင် များသို့ မှတ်ပုံတင် မိတ္တူ ကို ယူဆောင်လာရန် လိုအပ်ကြောင်း သိရှိရသည်။

Ref: Moon Moon (Yee Shin Mobile)

Photo Credit: Thiha Htun

သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...