Sexy လိုင်းကို ဇာဇာထက် ဘာကြောင့် ရွေးတာလဲ

ရုပ်ရှင် ရိုက်ဖို့ ကမ်းလှမ်း တာတွေကို ငြင်းပယ် လိုက်တာ ဟာ Sexy (လိင်အသားပေး) ဓာတ်ပုံ တွေနဲ့ပဲ အနုပညာ ခရီးလမ်းမှာ Professional ပီပီသသ ဆက်လျှောက် သွားချင် လို့ပါလို့ ဇာဇာထက် က ပြောပါတယ်။ ရုပ်ရှင်လောက ထဲကို မသွားဘူးလို့ သူက ပြတ်ပြတ် သားသား ဆိုပါတယ်။

“ဘာလို့လဲ ဆိုတော့ လိုင်းပျောက် သွားမှာ စိုးလို့ပါ၊ အစ်မ ပရိသတ်က အစ်မကို ဘယ်လို အားပေးလို့ အားပေး ရမှန်းမသိ ဖြစ်မှာ စိုးတယ်” လို့ ဇာဇာထက် က ရှင်းပြပါတယ်။

Sexy ဓာတ်ပုံတွေ ရိုက်ကူးတာဟာ ဝါသနာအရ လုပ်တာဖြစ်တယ်။ စပွန်ဆာရှာဖို့၊ ပေါ်ပြူလာ ဖြစ်ဖို့ လုပ်တာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ Sexy ဓာတ်ပုံတွေ ရိုက်တိုင်း အကျင့်စာရိတ္ထ မကောင်းသူလို့ မမြင်စေချင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မပေါ်တပေါ် မလုံတလုံ ပြပြီးတော့ ပရိသတ်ကို မထိတထိခံစားမှုမျိုး ပေးတာလို့ ဇာဇာထက်က Sexy ကို အဓိပ္ပာယ် ဖွင့်ပါတယ်။ ဒီလောကထဲမှာ အကြာကြီး ရပ်တည်လို့ မရတဲ့တွက် နောက်ထပ် ၂ နှစ်လောက် လုပ်ပြီးရင် အနာဂတ်အတွက် စီးပွားရေးဖြစ်ဖြစ်၊ ကျောင်းတက်တာဘဲ ဖြစ်ဖြစ် လုပ်သွားမလို့ သူကပြော ပါတယ်။

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...