စမတ်ဖုန်း ဈေးကွက်ကို တုန်လှုပ်စေခဲ့သည့် Xiaomi Mi 4

တရုတ် စမတ်ဖုန်း လောက၏ နေရာတစ်ခုကို အပြည့်အ၀ ရယူထားသည့် Xiaomi က “The Journey of a Piece of Steel “ ခေါင်းစဉ်ဖြင့် ကျင်းပသော ပွဲတွင် ၎င်းတို့၏ နောက်ဆုံး ထုတ် စမတ်ဖုန်း တစ်လုံးဖြစ်သည့် Xiaomi Mi 4 အမည် ရှိ ဖုန်း တစ်လုံးကို ထုတ်ဖော် မိတ်ဆက် လိုက် သည်။

အဆိုပါ ထွက်ရှိလာသည့် Mi 4 ကို 16GB နှင့် 64GB ဆိုပြီး ဗာရှင်းနှစ်မျိုး ထုတ်လုပ်ထား ကာ16GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၁၉၉၉ (ကန်ဒေါ်လာ ၃၂၂၀န်းကျင်) ၊ 64GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၂၄၉၉ (ကန်ဒေါ်လာ ၄၀၃ ၀န်းကျင်) ကျသင့်မည်ဖြစ်ပြီး လက်ရှိတွင် တရုတ်ပြည်တွင်း မှာသာ ရောင်း ချပေးသွား မည်ဖြစ်သည်။ ဒါ့အပြင် လာမည့် စက်တင်ဘာလ (၄) ရက်နေကနေစ ပြီး Mi 4 ကို 4G Network ပါဝင်သည့် ဗာရှင်း ထုတ်လုပ် ပေးသွားမည် ဖြစ်ပြီး ယင်းဖုန်းကိုတော့ အခြားနိုင်ငံ များ တွင်ပါ ဖြန့်ချိပေးသွား မည်ဖြစ်သည်ဟု ကုမ္ပဏီ ကပြောဆို ထားသည်။

အဆိုပါမိတ်ဆက်ပွဲတွင် Xiaomi ၏ CEO ဖြစ်သူ Lei Jun က လက်ရှိတွင် ကုမ္ပဏီကထုတ်လုပ်သည့် စမတ်ဖုန်းအရေအတွက်ပေါင်း ၂၆.၁၁ မီလီယံ အထိ ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ထက်စာရင် (၂၇၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာ ဖြစ် ကြောင်းစသည့် အကြောင်း အရာများ ကို ပြောကြားသွားခဲ့သည်။

Xiaomi Mi 4 သည် Quad-core Qualcomm Snapdragon 801 Processor ကိုသုံးထားပြီး အမြန်နှုန်း 2.5GHz ရှိကာ RAM ပမာဏကို 3GB သုံးထားသည်။

16GB နှင့် 64GB စသည့် Storage ဗာရှင်းနှစ်မျိုးဖြင့်ထုတ်လုပ်ထားပြီး (1080×1920) Resolution ထုတ်ပေးနိုင်သော ၅ လက်မရှိသည့် မျက်နှာပြင်ဖြင့် တည်ဆောက်ထားသည်။

13MP ရှိသည့်နောက်ကင်မရာနှင့် 8MP ရှိသည့် ရှေ့ကင်မရာ အသီးသီးပါရှိပြီး Sony ၏ CMOS Sensors ကိုထည့်သွင်းအသုံးပြုထားသည်။ ဘက်ထရီကို 3080mAh ပမာဏရှိသည့် လီအိုင်ယွန် ဘက်ထရီကို အသုံးပြုထားသည်။

Xiaomi Mi 4 ရဲ့ကိုယ်ထည်ကို Stainless Steel Metal အမျိုးအစားဖြင့် ပြုလုပ် ထားပြီး ယင်းသတ္တုကို ရရှိဖို့အတွက်လုပ် ဆောင်ချက်ပေါင်း (၄၀) ကျော်နှင့် အဆင့်ပေါင်း (၁၉၃) ဆင့်ကို ကျော်ဖြတ်ခဲ့ရသည်ဟု ကုမ္ပဏီကဆိုသည်။

ဆက်လက်ပြီး ကုမ္ပ ဏီ ၎င်းတို့၏ MIUI ဗာရှင်းအသစ်ဖြစ်သည့် MIUI 6 ကို လာမည့် သြဂုတ်လ (၁၆)ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းဗာရှင်းကို လက်ရှိထွက်ရှိလာသည့် Mi 4 တွင် ထည့်သွင်းအသုံးပြုထား မည်ဖြစ်သည်ဟု မျှော်မှန်းထားသည်။


Ref : NDTV
Wai Phyo Aung (TSJ Team)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...