စိတ် တည်ငြိမ်စေသော ကျင့်စဉ်

ကျွန်တော်သည် ဆရာကြီး မင်းသိင်္ခ၏ စာအုပ် များထဲမှ ကျင့်စဉ် အချို့ကို စိတ်ပါဝင်စား စွာဖြင့် ဖတ်ရှုလေ့လာ ခဲ့သလို လက်တွေ့ လည်း ကျင့်ကြံအားထုတ် ရှိခဲ့ဖူးပါသည်။

ဤသို့ဖြင့် လောကီ ကျင့်စဉ်ကျမ်း များထဲမှ " တြတက" ဟူသော ကျင့်စဉ် ကိုလည်း လေ့လာဖြစ်ခဲ့ ပါသည်။ တစ်စုံတစ်ခုအား စူးစိုက် ကြည့်ရှု ခြင်းကို " တြတက" ဟု ခေါ်လေသည်။

" တြတက" ကျင့်စဉ်ကို စနစ်တကျ လေ့ကျင့်ခြင်းအားဖြင့် ခန္ဓာကိုယ်နှင့် စပ်လျဉ်းသော အားနည်းခြင်းများကို သက်သာစေ နိုင်သည်။ မျက်စိမှုန်ခြင်း၊ မျက်လုံး အားနည်းခြင်း တို့ကိုလည်း သက်သာစေနိုင် ပါလိမ့်မည်။

ယင်းကျင့်စဉ်သည် တုန်လှုပ် ခြောက်ခြား နေသော၊ ကစဥ့်ကလျား ဖြစ်နေသော စိတ်ကို တည်ငြိမ်စေသည်။ ဆောက်တည်ရာ မရဖြစ်နေသော စိတ်ကိုပင်လျှင် ကောင်းစွာ တည်ငြိမ် လာစေနိုင် ပါသည်။ အိပ်မပျော်ခြင်း ကိုလည်း ပယ်ဖျောက်စေနိုင် ပါသည်။ တော်စွလျော်စွဟု သဘော မထားဘဲ အလေးအနက် ကျင့်ကြံခြင်း အားဖြင့် သမာဓိ တရားကို တိုးပွားလာစေ ပါလိမ့်မည်။

မျက်လုံးများသည် စိတ်၏ တံခါး ပေါက်တစ်ခု ဖြစ်ပါသည်။ မျက်လုံးများ မတည်ငြိမ်သလောက် စိတ်လည်း လှုပ်ရှား နေမည်သာပင်။ အလင်းရောင်နည်းသော အခန်း တစ်ခုထဲတွင် သက်သောင့် သက်သာဖြင့် ထိုင်ပါ။ မိမိ၏ မျက်နှာရှေ့ လက်တစ်ကမ်း အကွာခန့်တွင် မြတ်စွာဘုရား၏ ရုပ်တု တော်၊ ပုံတော် (သို့မဟုတ်) ဆရာ အရှင် တစ်ပါးပါး၏ ရုပ်တုတော်၊ ပုံတော်တို့ကို ထား၍ စူးစိုက်စွာကြည့်ရှုရင်း မြတ်စွာ ဘုရား(သို့မဟုတ်) ဆရာအရှင်တို့၏ တန်ခိုးတေဇော်အာနုဘော်နှင့် ဂုဏ်တော် များကို၊ ကျေးဇူးတရားများကို ပွားများကာ ထိုပုဂ္ဂိုလ်များ မိမိ၏ရှေ့မှောက် တွင် အကယ်စင်စစ် ရောက်ရှိနေသကဲ့သို့ အာရုံပြုလျက် လေ့ကျင့်ရပါသည်။

ဤသည်မှာ အပြင်ပိုင်း စူးစိုက် ကြည့်ရှုနည်း ဖြစ်ပါသည်။ အတွင်းပိုင်း စူးစိုက်ကြည့်ရှုနည်းမှာမူ မျက်စိကို မှိတ် ထားပြီး မတ်စွာဘုရားဖြစ်စေ၊ ဆရာ အရှင်တစ်ပါးပါးဖြစ်စေ မိမိ၏ စိတ်မျက် လုံး၌ ထင်ရှားစွာ ပေါ်လွင်နေအောင် စူးစိုက်အား ထုတ်ခြင်းပင် ဖြစ်ပါသည်။

မျက်စိကို ဖွင့်လိုက်လျှင်ပင် အခြားပြင်ပ အရာများကို ရုတ်တရက် မသိမမြင်သော အခြေအနေသို့ ရောက်သည် အထိ စူးစိုက် ၍ အားထုတ်ရပါသည်။ သာမန်အားဖြင့် တစ်ကြိမ်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ အထိ အားထုတ် နိုင်ပြီး ထူးထူးခြားခြား ကျင့်ကြံမည် ဆိုပါ လျှင်မူ အချိန်အတိုင်းအတာမရှိ အားထုတ်နိုင်ပေသည်။ မိမိ၏ကျန်းမာရေးနှင့် လျော်ညီသလောက် အားထုတ်နိုင်ပေသည်။

အိပ်မပျော်သည့် ဝေဒနာကို ခံစား နေရသူများ၊ စိတ်တင်းကျပ် ဖိစီးမှု ခံစားနေရသူများ အနေနှင့် ညမအိပ်မီအချိန် တွင် ထိုကျင့်စဉ်ကို အားထုတ်နိုင် ပါသည်။ ဝမ်းဗိုက် ထဲတွင် အစာများ လွန်စွာ ပြည့် တင်း မနေရန်မူ သတိထားပါ။

ဗုဒ္ဓဒေသနာတော်အရ စိတ်တည် ကြည်ငြိမ် သက်ခိုင်ခံ့မှု(သမာဓိ)၌ မှန်ကန်သော လုံ့လစိုက်ထုတ်မှု (သမ္မာဝါ ယမ)၊ မှန်ကန်သော အသိတရား ရှိမှု (သမ္မာသတိ)တို့ ပါဝင်နေပြီး ယင်းတို့သည် တစ်ခုနှင့် တစ်ခု အညမည သဟဇာတ ဆက်စပ်လျက် အထောက်အကူ ပြုနေ ကြပေသည်။ မှန်ကန်သော လုံ့လ(သမ္မာ ဝါယမ)ကြောင့် အသိတရား ကောင်းမွန် လာကာ သမာဓိသည်လည်း တိုးတက် ခိုင်မာလာစေ ပါတော့သည်။

သမာဓိ တိုးတက်မှုကြောင့်ပင် သတိတရား ပို၍အားကောင်း လာကာ လုံ့လ ဝီရိယစိုက်ထုတ်မှု ကိုလည်း ပိုမို လာစေပြန်ပါသည်။ လုံ့လဝီရိယ ပိုသော ကြောင့်ပင်လျှင် သတိတရား ခိုင်ခံ့မှု တိုး ပွားလာရပြန် ပါတော့သည်။ ဤသို့ဖြင့် လုံ့လ ဝီရိယ၊ သတိနှင့် သမာဓိတို့သည် တစ်ခုကိုတစ်ခု ထောက်ကူလျက် ရှိပါ တော့သည်။

စာရှုသူ အပေါင်း အကျိုးထူးများ တိုးပွားကြပါစေကုန်သတည်း ...။


Manawmaya Journal 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...