၁၂ နှစ်အရွယ် သားနဲ့ လိင်ဆက်ဆံ ခဲ့တဲ့အတွက် ထောင်ဒဏ် ကျခံခဲ့ရတဲ့ မိခင်

သူမရဲ့ အဖေါ်က အင်တာနက် ကင်မရာ ပေါ် ကနေ ညွှန်ကြား ကြည့်ရှု နေချိန်မှာ ၁၂ နှစ် အရွယ်သားနဲ့ လိင်ဆက်ခဲ့တဲ့ မိခင်တစ်ဦး ထောင် ဒဏ် ကျခံခဲ့ ရပါတယ်။

သူမရဲ့သားကို အိပ်ရာထဲ လိင်ပိုင်းဆိုင်ရာ အလွဲ သုံးမှုပြုလုပ် နေချိန်မှာ သူမက နားကြပ်ကို တပ်ဆင် ထားပြီး သူမရဲ့ချစ်သူက အင်တာနက်နဲ့ နိုင်ငံရပ်ခြား အဝေးတစ် နေရာကနေ ကြည့်ရှုနေတာ ဖြစ်ပါတယ်။

သူ့ကို မိခင်ဖြစ်သူက လိင်သင်ခန်းစာ ပေးနေချိန်မှာ သူ့အမေကို ဘယ်လိုလုပ်ရမလဲ ညွှန်ကြားနေတဲ့ အသံကို ကြားခဲ့ရ တဲ့ကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။

သူမရဲ့ သားနှစ်ဦးထဲက သားကြီးဖြစ်သူကို အလွဲသုံးစား ပြုလုပ်ဖူးကြောင်း အလွဲသုံးစား ပြုလုပ်ခံရသူ များကို ကူညီတဲ့ဌာနေ ရန်ပုံငွေ အဖွဲ့အစည်းတစ်ခုကို အမှတ်တမဲ့ ပြောမိခဲ့တဲ့အတွက် ဒီပြစ်မှုအကြောင်း လူသိခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အဖျက်စွမ်းအားပြင်းတဲ့ ချစ်သူဟာ အခုအချိန်ထိ ဥပဒေပြင်ပမှာ လွတ်မြောက်နေသေးကြောင်း တရားရုံးကကြားသိရပါတယ်။

ကလေးရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်တဲ့အနေနဲ့ အမည်မဖေါ်ထားတဲ့ အဲဒီ့အမျိုးသမီးကို Bristol Crown တရားရုံးကနေ ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလကျခံစေခဲ့ပါတယ်။

တရားသူကြီး Michael Longman က ‘ခင်ဗျားသားပေါ်ခင်ဗျားရဲ့အပြုအမူက လူသား သဘာဝ ပင်ကိုယ် ဗီဇ၊ အခြေခံ ကာအိနြေ္ဒတို့နဲ့ ဆန့်ကျင်နေခဲ့တယ်’ လို့သူမကိုပြောပါတယ်။

ဒီပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်မှာ အဲဒီ့ကောင်လေးအသက်က ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်သာရှိသေးကြောင်း တရားရုံးကကြားနာခဲ့ပါတယ်။

တရားရုံးကြားနာမှု တစ်လျှောက် ငိုကြွေးနေခဲ့တဲ့ အဆိုပါမိခင်က သူမရဲ့သားနဲ့ လိင်ဆက်ဆံမှုမှာ မပါဝင် ခဲ့ကြောင်း ငြင်းဆန် ပါတယ်။

သားနှစ်ဦးကိုတော့ လူမှုရေးအဖွဲ့အစည်းတွေက အုပ်ထိန်းခဲ့ပြီး အခုအခါမှာတော့ မွေးစားမိဘတွေနဲ့ နေထိုင်နေတယ်လို့ ဆိုပါ တယ်။

အဆိုပါ အင်တာနက်က ညွှန်ကြားသူဟာ နိုင်ငံရပ်ခြားမှာ ရှိနေ ဆဲဖြစ်ပြီး ရဲကတော့ သူ့ကို ဖမ်းဆီး စစ်ဆေးဖို့အတွက် အဲဒီ့နိုင်ငံ ရဲ့အာဏာပိုင်တွေဆီကနေ သတင်းရယူနေ ဆဲဖြစ်ပါတယ်။ တရားဥပဒေ ရေးရာ အကြောင်းပြချက်တွေကြောင့် အဲဒီ့နိုင်ငံ အမည်ကိုတော့ မပြောပါဘူး။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...