ဒီလို အကျင့်မျိုးတွေဟာ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေတာ

ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့ အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့ အကျိုးဆက်ကို ရနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လို အကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက် လေ့ကျင့်ခန်း လုပ်သင့်သလဲ ဆိုတာ ပြောပြပေးချင် ပါတယ်။

၁။လေ့ကျင့်ခန်း မလုပ်ခင် ရေဆက်တိုက် သောက်ထားခြင်း

လေ့ကျင့်ခန်း လုပ်ခါနီးမှ ရေဗူးလိုက်သောက်ချ ပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိ သွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခု လုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့ အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။

၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့ မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်း လုပ်တာမျိုး ကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လို ပါတယ်။

၃။အိပ်ရေးဝအောင် အိပ်မထားခြင်း

မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီ လောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက် ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်း အလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ် ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက် ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

၎။ကော်ဖီ အလွန်အကျွံ သောက်ထားခြင်း

ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်း လုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်း လုပ်တာမျိုးရှောင်ရပါမယ်။

၅။ပရိုတင်းဓာတ် အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း

လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ် အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ် ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။

၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း

ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အကြော ကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက် လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေ နာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။


Ref:cosmopolitan.com
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...