အီဘိုလာ ကူးစက်ရောဂါကို တိုက်ဖျက်နိုင်တဲ့ အထူးကု"ရေ"...တဲ့

ကမ္ဘာတ၀ှမ်း အီဘိုလာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်ပြီး ဟိုလေးတကျော် ဖြစ်နေချိန် နိုင်ဂျီးရီးယားနိုင်ငံက သန်းကြွယ်သူဌေးဆိုသူ TB Joshua ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ ဘာသာရေး ယုံကြည်မှုအရ ဖန်တီးထားတဲ့ အထူးကု "ရေ" နဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ရောဂါသည် တွေကို ကုသပျောက် ကင်းနိုင်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်... သတင်းတွေအရ အဆိုပါ အငြင်းပွားဖွယ်ရာ အထူးကု ရေတွေ ပါဝင်တဲ့ ရေပုလင်းပေါင်း ၄,၀၀၀ ကို အနောက်အာဖရိကရှိ Sierra Leone နိုင်ငံကို လူသားချင်း စာနာထောက် ထားတဲ့ အကူအညီ တစိတ်အပိုင်းအနေနဲ့ ပို့ခဲ့တယ်လို့ ဆိုပါတယ်... အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကုန်ကျတဲ့ ပုဂ္ဂလိက ဂျက်လေယာဉ်ကနေတဆင့် အခုလို ပို့ဆောင်ခဲ့တာပါ... အဆိုပါ အထူကုရေတွေနဲ့ အတူ ငွေသား အကူအညီအကူတွေလည်း ပါဝင်ပါတယ်...

ဆရာဝန်တွေ၊ ကျန်မာရေးလုပ်သားတွေ အနေနဲ့  အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့အပေါ်မှာ ဘာသာရေး (သို့) စုန်ကဝေ အောက်လမ်း အတတ်ပညာတွေကို ယုံကြည်အားကိုးပြီး ကူညီဖြေရှင်းဖို့ ကြိုးစားနေတာထက် ပိုပြီး သိပ္ပံနည်းကျတဲ့ (သို့) လက်တွေကျတဲ့ နည်းနာတွေကို သုံးပြီး ဖြေရှင်းကြဖို့ ကျေးလက်ဒေသတွေမှာ ရှိတဲ့ လူထုတွေကို သိမ်းသွင်းစည်းရုံးနေချိန် Joshua ရဲ့ အထူကုရေ သတင်း ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်... သို့ဖြစ်လင့်ကစား အနောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ဟန့်တားထိန်းချုပ်နိုင်ဖို့ ငွေကြေးအကူအညီတွေ လိုအပ်နေတာ ကတော့ အမှန်ပါ... အဲဒါကြောင့်လည်း Joshua ရဲ့ ငွေကြေး အကူအညီတွေကို Sierra Leone သမ္မတ ရုံးက လက်ခံရရှိကြောင်း အသိအမှတ်ပြုခဲ့ပြီး.. အငြင်းပွားစရာ ဖြစ်နေတဲ့ အထူကုရေနဲ့ ပတ်သက်လို့ တော့ ဘာမှပြောဆိုခဲ့ခြင်း မရှိပါဘူး...

Joshua ရဲ့အဆိုရ သူ့ရဲ့ အထူးကုရေနဲ့ မျိုးမပွားနိုင်တဲ့ရောဂါ (infertility) တွေအပါအ၀င် ကပ်ရောဂါ၊ ဖျားနာ၊ စိတ်ရောဂါ စတဲ့ ရောဂါ အများစုကို နှစ်အတန်ကြာအောင် ကုသပျောက်ကင်း ခဲ့တယ်လို့ ဆိုပါ တယ်... ဒါ့အပြင် အဆိုပါ အထူးကုရေကို USA, UK, Greece, India နဲ့ Russia စတဲ့ နိုင်ငံတွေကိုလည်း သူ့ရဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း တွေကနေတဆင့် ပို့ထားပြီးနေပြီလို့ အခိုင်အမာ ပြောဆိုနေပြန် တယ်...



Joshua ဟာ နိုင်ဂျီးရီးယားနိုင်ငံရှိ သန်းကြွယ်သူဌေးတွေလည်းဖြစ် ခရစ်ယာန် သင်းအုပ်ဆရာတွေလည်း ဖြစ်တဲ့ အထင်ကရ ပုဂ္ဂိုလ် ၅ ဦးထဲက တဦးအပါအ၀င် ဖြစ်ပါတယ်... ၂၀၁၁ ခုနှစ် အမေရိကန်နိုင်ငံထုတ် စီးပွားရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Forbes မဂ္ဂဇင်းမှာတောင် သူနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါး ရေးသားဖော်ပြ ခဲ့ဖူးတယ်လို့ သိရပါတယ်... အဲဒီအချိန်တုန်းက သူ့ရဲ့အသားတင်ငွေဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းကနေ ၁၅ သန်းထိ ရှိတယ်လို့ မဂ္ဂဇင်းက ခန့်မှန်းခဲ့ပါတယ်...

သင်းအုပ်ဆရာ Joshua ဟာ လူအများစုပေါ် သြဇာလွှမ်းမိုးမှုရှိပြီး... အွန်လိုင်းနဲ့ တယ်လီဖုန်းတွေ ကနေ တဆင့် သူနဲ့အတူ အစည်းအဝေး လုပ်ရတဲ့ နောက်လိုက်တွေကလည်း ကမ္ဘာတ၀ှမ်းမှာ ထောင်သောင်းချီ ရှိတယ်လို့ ဆိုပါတယ်... သူ့နောက်လိုက် တချို့ရဲ့ အဆိုအရ Joshu ဟာ HIV၊ ကင်ဆာလို ရောဂါမျိုးတွေ တောင် ကုသနိုင်တယ်လို့ အခိုင်အမာ ပြောပါတယ်... ပိုပြီးထူးဆန်းနေတာက သူ့အနေနဲ့ အနာဂါတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတောင် အတိအကျ တွက်ချက်နိုင်ပြီး... ၂၀၁၃ ဘော်စတွန်မှာ ဖြစ်ပွား ခဲ့တဲ့ မာရသွန် ဗုံးခွဲမှု၊ မလေးရှား လေကြောင်းလိုင်း M370 ပျောက်ဆုံးမှု စတာတွေနဲ့ ဥပမာ ပေးသွား ပါတယ်...

Joshua ရဲ့ လူမှုကွန်ယက်တွေ ဖြစ်တဲ့ Twitter မှာ နောက်လိုက်ပေါင်း ၁၀၇,၀၀၀ ရှိပြီး... Facebook page မှာတော့ ပရိတ်သတ် ၁.၂ သန်းရှိတယ်လို့ သိရပါတယ်... ဒါ့အပြင် သူ့ရဲ့ပရိတ်သတ်နဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေအောင် သူ့ရဲ့ကိုယ်ပိုင် TV network တခုဖြစ်တဲ့ Emmanuel TV လိုင်း ကနေတဆင့် ထိတွေ့မှုတွေလည်း လုပ်ပါတယ်...



သူ့ရဲ့ပြောဆို လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မယုံကြည်တဲ့သူတွေ ရှိသလို သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း ရှိနေပါတယ်... သူ့ရဲ့ Twitter ပရိတ်သတ် အများစုကတော့ အထူကုရေနဲ့ အီဘိုလာ ဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆန့်ကျင်ရေသားထားပါတယ်... လူတယောက်က အခုလို Tweet ထားပါတယ်...

"သေချာတာကတော့ Joshua အနေနဲ့ သူ့ရဲ့ အထူကုရေက အီလိုလာရောဂါကို ကုသနိုင်တယ်လို့ အခိုင်အမာ ပြောဆိုနေတာဟာ ဥပဒေကို ချိုးဖောက်တာပဲ ဖြစ်ရမယ်... ဒါဟာ အလေးအနက်ထားရမဲ့ ကိစ္စပဲ..." 

တချိန်တည်းမှာပဲ အနောက်အာဖရိကမှာ လူပေါင်း ၁ သန်းကျော်လောက်ဟာ ကြောက်မက်ဖွယ်ရာ အီဘိုလာ ရောဂါဆိုးကြီးရဲ့ ဒဏ်ကို ဆက်လက်ခံနေရဆဲပါ... ဒါကို ကြည့်ခြင်းအားဖြင့် အီဘိုလာကို ကုသနိုင်တယ်ဆိုတဲ့ အထူးကုရေဟာ အိမ်မှာနေ့စဉ် သောက်နေကျ ရေသာဖြစ်ပြီး အဆိုပါရောဂါအတွက် ဘာမှထူခြားလာမည် မဟုတ်ကြောင်း ဝေဖန်ပြောဆို နေကြပါတယ်... ခင်ဗျား....။



ref;Vocativ/The Independent/odditycentral/ By Ko Myo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...