လူပေါင်း (၃၅၀၀၀) ဖြင့် နီပေါနိုင်ငံ အလံကို ပုံဖော်ပြီး ကမ္ဘာ့ စံချိန်သစ်တင်

By အေသင်အောင်

နီပေါ နိုင်ငံသားတွေဟာ သူတို့ရဲ့နိုင်ငံတော် အလံကို ထူးထူးခြားခြား ပုံဖော်ပြီး ကမ္ဘာ့ စံချိန် သစ်တစ်ရပ် တင်လိုက် ပြီဖြစ်ပါတယ်။ 

အဲဒါကတော့ နီပေါနိုင်ငံသား တွေဟာ လူပေါင်း (၃၅၀၀၀) ဖြင့် နိုင်ငံတော် အလံကို ပုံဖော်ခဲ့ခြင်း ပဲဖြစ်ပါတယ်။ ဒါဟာ လူသားတွေ နဲ့ နိုင်ငံတော် အလံကို ပုံဖော်ရာမှာ ကမ္ဘာ့ စံချိန်အဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါတယ်။ အရင်စံချိန်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံ က တင်ထားတဲ့ လူပေါင်း (၂၈၉၅၇) ဖြင့် နိုင်ငံတော် အလံကို ပုံဖော်ခြင်း အား ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မှာ ဒီစံချိန်ကို ချိုးဖျက် လိုက်ခြင်း ဖြစ်ပါတယ်။ လူပေါင်း မြောက်မြားစွာ ဟာ ကွင်းကြီး တစ်ခုထဲမှာ စုဝေးပြီး နိုင်ငံတော် အလံကို ပျော်ရွှင်စွာနဲ့ ပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြောက်လတုန်းက ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့မှာ ပါကစ္စတန် နိုင်ငံ အလံကို လူပေါင်း (၂၈၉၅၇) ဖြင့် ပုံဖော်ခဲ့တဲ့ ကမ္ဘာ့ စံချိန်က ယခုအခါ မှာတော့ ချိုးဖျက် ခံလိုက်ရပြီ ဖြစ်ပါတယ်။ နီပေါ နိုင်ငံတော် အလံဟာ အခြား နိုင်ငံတော်အလံတွေ နဲ့မတူဘဲ ကွဲပြားခြားနားနေပါတယ်။ နီပေါ နိုင်ငံတော် အလံဟာ စတုရန်းပုံစံ မဟုတ်တဲ့ တစ်ခုတည်းသော အလံအဖြစ် မှတ်တမ်း တင်ခြင်းခံထားရပါတယ်။ နီပေါနိုင်ငံတော် အလံကို အနီရောင်၊ အပြာရောင်တို့နဲ့ ပုံဖော်ထားပါတယ်။ အနီရောင်က ရဲရင့်ခြင်းကို ပုံဖော်ခြင်းဖြစ်ပြီး အပြာရောင် ကတော့ ငြိမ်းချမ်းခြင်းကို ပုံဖော်ခြင်း ဖြစ်ပါတယ်။ အလံရဲ့ အတွင်းပတ်မှာ နီပေါနိုင်ငံရဲ့ ထင်ရှားတဲ့ ပန်းပွင့်အမျိုး အစားတစ်ခုကို ထည့်သွင်း ထားမှု ပြုလုပ်ထားပါတယ်။ နီပေါနိုင်ငံ ဟာ တောင်အာရှဒေသမှာ တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်က ခွဲထွက်လာခဲ့တာဖြစ်ပါတယ်။ နီပေါမှာ ကမ္ဘာ့  အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧ၀ရတ်တောင်ကြီး လည်းတည်ရှိပါတယ်။ ထူးခြားတာက ကမ္ဘာ့ အမြင့်ဆုံး တောင် (၁၀) လုံး အနက် ရှစ်လုံးဟာ နီပေါနိုင်ငံမှာတည် ရှိခြင်းပဲ ဖြစ်ပါတယ်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...