အမျိုးသမီးအလောင်း (၁၀၀) ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့သူကို ရုံးတင်စစ်ဆေး

By အေသင်အောင်

အမေရိကန် ပြည်ထောင်စု၊ စင်စင်နာတီ ပြည်နယ်မှာ နေထိုင်တဲ့ ကင်နက်ဒေါက်ကလပ်ဟာ အမျိုးသမီးအလောင်း (၁၀၀) ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တာမို့ ရုံးတင် စစ်ဆေးခြင်း ခံနေ ရတယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ ဒေါက်ကလပ်ဟာ ၁၉၇၆ ကနေ ၁၉၉၂ အထိ ရင်ခွဲရုံမှာ အလုပ်လုပ်ကိုင် ခဲ့ပါတယ်။ ဒေါက်ကလပ်မှာ ဇနီးလောင်းရှိ နေပေမယ့် မူးယစ်ဆေးဝါး သုံးစွဲပြီးတဲ့ အခါနဲ့ အရက် သေစာသောက် စားပြီးတဲ့ အခါမျိုးမှာ စိတ်ဖောက်ပြန်ပြီး အမျိုးသမီး အလောင်းတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါ တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးတော်က သက်ဆိုင်ရာ ဒေသတာဝန်ရှိ သူတွေကိုလည်း တရားစွဲ ဆိုမှုပြု လုပ်ထားပါတယ်။ ဒေါက်ကလပ်ရဲ့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ အကြောင်းကို တိုင်းကြားမှု ပြုလုပ်ခဲ့ပေမယ့် ရင်ခွဲရုံက တာဝန်ရှိသူတွေ ကတော့ ဘာမှ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ ဒေါက်ကလပ်ဟာ အမျိုးသမီး အလောင်း (၁၀၀)ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ တာမို့ ကြီးမားတဲ့ ပြစ်ဒဏ် ချမှတ် ခံရဖွယ်ရှိ နေပါတယ်။ ဒေါက်ကလပ်က သူ့ရဲ့အဖြစ်အပျက်ကို တရားရုံး တော်မှာ အမှန်တိုင်း ထွက်ဆို မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒေါက်ကလပ်က ကျွန်တော်လုပ်ခဲ့တာတွေကို မှတ်မိနေပါတယ်။ အအေးခန်းမှာ ထည့်ထားတဲ့ အမျိုးသမီး အလောင်းကိုဆွဲ ထုတ်ပြီး အခြားတစ်နေရာကို ယူဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ဟာ အရက်နဲ့ မူးယစ်ဆေးဝါး မသုံးစွဲရင်တော့ ဒီစိတ်တွေ မရှိပါဘူး။ ဒါပေမဲ့ အဲဒီအရာတွေကို ပြုလုပ်ခဲ့ပြီးပါက အလောင်းတွေနဲ့ ပျော်ပါးရတာ ကို အရမ်း နှစ်သက်မိပါတယ် လို့ ထွက်ဆိုခဲ့ပါတယ်။ ဒေါက်ကလပ်ရဲ့ ဇနီးဖြစ်သူကလည်း ခင်ပွန်းဖြစ်သူက လူသေအလောင်းတွေကို နှစ်သက်မှု ရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒေါက်ကလပ်ဟာ ဒီအပြုအမူကြောင့် သေဆုံးခဲ့တဲ့ မိသားစုဝင်တွေရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒေါက်ကလပ် ကလည်း ယခင်ကလည်း ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ဖူးလို့ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...