မျက်နှာသစ်နေချိန် အမှတ်မထင် ပြုမိတဲ့ အမှားကြီး (၇) ရပ်

နည်းစံနစ်မကျတဲ့ မျက်နှာသစ်ခြင်းက မျက်နှာ အသားအရေကို ထိခိုက် ဒဏ်ရာပြီး ခြောက်သွေ့ / တွဲကျ သွားစေသလို၊ အရွယ် မတိုင်မီ အရေး ကြောင်းများလဲ ပေါ်လာ စေနိုင်တာကြောင့်၊ အဲဒီလိုပြဿနာတွေ မဖြစ်ရအောင် အမေရိကန်နိုင်ငံ The Mount Sinai Medical Center မှ အရေပြားဆိုင်ရာ လက်ထောက်ပါရဂူဖြစ်သူ Dr. Jeannette Graf က အောက်ပါနည်းလမ်း (၇)ရပ် ဖြင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြုထားပါ တယ်။

(၁) မျက်နှာသစ် ဆပ်ပြာရွေးချယ်မှု မှန်ကန်ပါစေ။

မိမိ အသားအရေအတွက် သင့်တော် မှန်ကန်တဲ့ မျက်နှာသစ် ဆပ်ပြာ ရွေးချယ်တတ်မှုက အင်မတန် အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသား အရေအတွက် foaming(သို့မဟုတ်) ဂျယ်လ်အမျိုးအစား မျက်နှာသစ် ဆပ်ပြာတွေ သုံးသင့်ပြီး၊ ခြောက်သွေ့ တဲ့ အသား အရေအတွက် ကရင်မ် အမျိုးအစားကို သုံးသင့်ပါတယ်။

(၂) လက်ကို ဦးစွာ ဆင်ကြယ်အောင် ဆေးကြောပါ။

လူ ၁၀-ဦး မှာ ၇-ဦးလောက်က မျက်နှာမဆေးကြောခင် လက်ကို ဦးစွာဆေးကြောဖို့ မေ့ နေတတ်ကြပါတယ်။ မျက်နှာသစ်နည်း အမှန်က ဦးစွာလက်ကို ကိုယ်တိုက် ဆပ်ပြာတခုခုနဲ့  စင်ကြယ်စွာ ဆေးကြော၍ ရေစင်အောင် လောင်းရပါမယ်။ ဒုတိယ အဆင့် အနေ ဖြင့် မျက်နှာကိုရေနဲ့ အရင်သစ်ပါ။ ပြီးမှ လက်ထဲကို မျက်နှာသစ် ဆပ်ပြာ လိုသလောက်ထဲ့၍ အမြှုပ်ထအောင် လက်ထဲမှာ ပွတ်ပြီးမှသာ၊ မျက်နှာကို အသာအယာ ပွတ်ဆေးပေးရပါမယ်။

(၃) ရေစိုမျက်နှာသစ် ပုဝါကို လျှော်ဖွပ်ဖို့ မမေ့ပါနဲ့ ။

တချို့ သူတွေက မျက်နှာသစ်ပုဝါ ခပ်သေးသေးလေးမှာ ရေ-ဆပ်ပြာပွတ်၍ မျက်နှာသစ်လေ့ ရှိပါတယ်။ မျက်နှာ သစ်ပြီးတဲ့အခါ တိုင်း၊ အဲဒီမျက်နှာသစ်ပုဝါလေးကို ဆပ်ပြာနဲ့  စင်အောင်လျှော်ဖွတ် ရမှာဖြစ်ပြီး၊ နောက်ထပ် တစ်ကြိမ်ထပ်မသုံးခင်မှာ အဲဒီပု ၀ါ လေး ခြောက်သွေ့ နေရပါမယ်။ မျက်နှာသစ်ပုဝါ စိုထိုင်းထိုင်းတွေမှာ မျက်စေ့ဖြင့် မမြင်နိုင်တဲ့ မှိုပိုးတွေရှိစေသလို၊ ပုဝါက အလွန် ခြောက်သွေ့ နေခဲ့ရင်လည်း မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်မိတဲ့ အခါ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ် နိုင်ရင် လက်ဖြင့်သာ မျက်နှာသစ်ကြရန် Dr. Graf က အကြံပြုထားပါတယ်။

(၄) ပူလွန်း အေးလွန်းတဲ့ ရေတွေဖြင့် မျက်နှာမသစ်ပါနဲ့ ။

အကယ်၍ ဆောင်းကာလလိုမျိုး အလွန်အေးတဲ့ ရာသီဥတုမှာတောင် ပုံမှန်ရေေ အးဖြင့်သာ မျက်နှာ သစ်ပေးသင့် ပါတယ်။ မဖြစ်မ နေ ရေနွေးသုံးဖို့ လိုအပ်လာတဲ့အခါ၊ မျက်နှာအသားအရေ အစိုဓာတ် မပျက်စီးရလေအောင် မိမိခံနိုင်ရုံလောက်သာ ရေခ ပ်နွေး နွေးကိုသုံးပေးပါ။ နွေခေါင်ခေါင် ဘယ်လိုဘဲ ရာသီဥတုပူပြင်းပါစေ ရေခဲရေဖြင့် မျက်နှာ(လုံးဝ)မသစ်ပါနဲ့ ။

(၅) scrubs နည်းတွေ လွန်ကဲစွာ မသုံးပါနဲ့ ။

မျက်နှာသန့် စင်နည်းတမျိုးဖြစ်တဲ့ scrubs(ခေါ်)ညစ်နေတဲ့အသားအရေကို အလွှာလိုက် ကွာကျစေတဲ့နည်းက မျက်နှာအသား အရေကို နူးညံ့ချောမွေ့ သွားစေတာ မှန်သော်လည်း၊ မကြာခဏ လွန်ကဲစွာပြုခြင်းက အသားအရေ ကို ပျက်စီးစေပါတယ်။

(၆) မျက်နှာပေါ်ကဆပ်ပြာတွေကို ကုန်စင်အောင်ဆေးကြောပါ။

ဘယ်ဆပ်ပြာမျိုးနဲ့ မဆို မျက်နှာကိုသန့် စင်တဲ့အခါ၊ အဲဒီဆပ်ပြာတွေ (လုံးဝ)ကုန်စင် သန့်စင်သွားတဲ့ အထိ ရေနိုင်နိုင်လောင်း ပေးဖို့ မမေ့ပါနဲ့ ။ ထို့ ဆပ်ပြာအကြွင်းအ ကျန်တွေက မျက်နှာအသားအရေကို ခြောက်သွေ့  ပျက်စီးစေ ပါတယ်။

(၇) တနေ့  ၂ -ကြိမ် မျက်နှာသစ်ပါ။

တညလုံး အိပ်စက်ထားချိန်မှာ သာမန်မျက်စေဖြင့်မမြင်နိင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့  မျက်နှာပေါ်က အဆီတွေ ပေါင်းစပ်ပြီး ညစ်ပေလေ့ရှိတာမို့  နံက်အိပ်ယာထ မျက်နှာသစ်ရပါမယ်။ တစ်နေကုန် ဖီးလိမ်းပြင်ဆင်ထားတဲ့ မိတ်ကပ်တွေနဲ့ ပြင်ပ မှ ဖုန်မှုန့်  တွေအတွက် ညအိပ်ယာဝင်ခါနီး တစ်ကြိမ်မျက်နှာသစ်ပါ။(မိတ်ကပ် လိမ်းခြယ်ပြီး ချိန်မှစ၍ အလွန်ဆုံး နောက်ထပ် ၁၀-နာရီ လောက်ကြာအောင် အဲဒီမိတ်ကပ်တွေကို မျက်နှာပေါ်မှာ မထားသင့် တော့ပါဘူးလို့  Dr. Graf က ထပ်လောင်းအကြံပြုထား ပါတယ်)


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...