အမျိုးသားတွေအတွက် ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရှောင်ရှားနိုင်ဖို့ နည်းလမ်း (၆) ချက်

အထာကျတဲ့ ဆံပင်ပုံစံ တစ်မျိုး ရဖို့ဆိုတာ အိမ်မက် တွေပြီးပြည့်စုံစေတဲ့ အရာတစ်ခုပါ။ ပျော်ဖို့လည်း ကောင်းပါတယ်။ ကိုယ်နဲ့အဆင်ပြေ လိုက်ဖက်တဲ့ ဆံပင်ပုံစံ တစ်ခုက တစ်ခဏချင်း စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်။ ယောက်ျားလေးတိုင်း တခြားသော အရာတွေထက် လိုချင်ကြတဲ့ အရာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မြေပြင်တစ်ခု ကို သွားရသလိုပါပဲ။ အန္တရာယ်လည်း များတယ်။ သတင်းအချက်အလက် သေသေချာချာရယူဖို့ လိုအပ်တဲ့နေရာ၊ ရုပ်ပျက်ဆင်းပျက် ခုတ်ဖြတ်မခံရဖို့ လက်နက် အပြည့်အစုံ ထည့်သွားဖို့ လိုအပ်တဲ့နေရာမျိုးပါ။ ကံကောင်းတယ်လို့ပြောရမလား။ ဒီစစ်မြေကို ရောက်နေတာ သင်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ မလိုလားအပ်တဲ့ ဆံပင်ပုံစံကို ဝေးကွာနိုင်အောင် ဒီမရှိမဖြစ် လိုအပ်တဲ့ အချက် (၆) ချက်နဲ့အတူ ကြိုတင်ပြင်ဆင်ထားတာဟာ တော်တော်လေး အဆင်ပြေ သွားစေမှာပါ။

(၁) ဘေးတိုက်ကြည့်မျက်နှာ အနေအထားကို သတိပြုပါ

ပုံစံတစ်ခုကို စတင်ပုံမဖော်ခင် သင့်မျက်နှာ အရွယ်အစားကို ထည့်သွင်းစဉ်းစားပါ။ သင့်မျက်နှာ၊ ဆံပင် အနားသတ်နဲ့ နောက်ဆံပင်တွေ ပါဝင်ပါတယ်။ သင့်ဆံပင်ကြီးထွားမှုပုံစံနဲ့ ဆံပင်ပေါက်တဲ့ အနေအထား ကို သိရှိထားမယ်ဆိုရင် ဘယ်လိုပုံညှပ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ စိတ်မှာ သင့်ခေါင်းရဲ့ ပုံသဏ္ဍာန်ကိုမှတ်သားထားမယ် ဆိုရင်လည်း ပြီးပြည့်စုံတဲ့ ဆံပင်ပုံစံအတွက် အများကြီး ထိရောက်မှုရှိပါလိမ့်မယ်။ ဒီအချက်တွေကို သတိပြုနေတဲ့ တစ်ချိန်တည်းမှာပဲ ကောင်းမွန်တဲ့ ဆံပင်ပုံစံကို ပုံဖော်ပေးနိုင်ပြီး ၊ သင့်ကိုကောင်းကောင်း သိရှိထားသူ ၊ အားကိုးယုံကြည်ရတဲ့ ဆံပင်ညှပ် ဆရာ တစ်ဦးဦးရှိသင့်တယ် ဆိုတာလည်း ပြောချင်ပါတယ်။

(၂) ညှပ်ချင်တဲ့ ပုံစံကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပါ

လိုချင်တဲ့ပုံစံကို ရှင်းရှင်းလင်းလင်းသိထားတာဟာ သင်နဲ့ သင့်ဆံပင်ညှပ်ဆရာအတွက် အကူအညီဖြစ်စေ ပါလိမ့်မယ်။ သင့်အလှပြင်ဆရာတွေဟာ လူတွေရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်သူတွေ မဟုတ်ဘူးဆို တာတော့ သိထားပါ။ သူတို့ကို သင်လိုချင်တဲ့ ပုံစံကို အသိအကျ ပြောပြဖို့ လိုပါတယ်။ အဲဒီအချက်တွေ ပေါ်အခြေခံပြီး သူတို့ရဲ့ အမြင်လေးတွေကို ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ညှပ်မယ့် ပုံစံတစ်ခုခုကို စဉ်းစားထားမယ်ဆိုရင် အထောက်အကူဖြစ်စေပါတယ်။ ညွန်းဆိုတဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ဦး (သို့) ပုံတစ်ပုံကို ဆောင်ထားပါ။ ဒါပေမဲ့ ဆံပင်အမျိုးအစားနဲ့ အနားသတ်တွေကိုတော့ ကိုယ်နဲ့တူပါစေ။

(၃) သေသေချာချာစဉ်းစားထားပါ

ဆံပင်မညှပ်ခင် ခေါင်းကို အရင်လျှော်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ သင်ညှပ်မယ့်ပုံစံကို မဆုံးဖြတ်ချက် မချခင် သင့်ရဲ့ ဆံပင်သား အမျိုးအစားကို သိရှိဖို့ လိုအပ်ပါတယ်။ တခြားတစ်ယောက်ယောက်အတွက် အဆင်ပြေနေပေမဲ့ သင့်အတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ တောက်ပြောင်နေတဲ့ ဘေးတိုက် ဆံပင်လိုချင်ဆိုပါစို့ ဒါပေမဲ့ အကယ်တကယ့်မှာတော့ သင့်ဆံပင်က ကောက်နေတယ်ဆိုရင် စာကလေး အသိုက်လို ဘုတ်သိုက်ကြီး အဆုံးသတ် သွားပါလိမ့်မယ်။

(၄) စိတ်ရှည်ရှည်ထားပါ

စတိုင်လ်ကျတဲ့ လူတစ်ယောက်နဲ့ ဖြစ်သလိုသာနေပြီး အလုပ်ကိုပဲ အာရုံစိုက်နေတဲ့ လူတစ်ယောက် ကွဲပြားမှုဖြစ်စေတဲ့အချက်က ကိုယ်ကိုကိုယ် ထိန်းသိမ်း ပြုပြင်မှုရှိခြင်းပဲ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်ထိန်းသိမ်းခြင်းဟာ သင့်ကိုယ်သင် ကြည့်လို့ကောင်းစေတာနဲ့ ကျေနပ်မှုရစေတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဒီအချက်လေးက အထူးသဖြင့် ရှုပ်ယှက်ခတ်တဲ့ ဆံပင်ပုံစံမျိုးထားတဲ့ အခါမျိုးမှာ သိသာပါ တယ်။ အလှပြင်ဆရာကောင်းတစ်ဦးက သင့်အတွက် သင့်တော်လှပတဲ့ ဆံပင်ပုံစံလေးကို ထိန်းသိမ်း ထားဖို့ အကြံပြုချက်တွေ ပြောပြပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်ကြည့်လို့ကောင်းစေဖို့ တစ်ခုတည်းသော နည်းလမ်းအဖြစ် သူစကားတွေကို အလေးအနက်ခံယူပြီး လုပ်ဆောင်ပေးပါ။

(၅) နားနားနေနေ နေပါ

လက်တွေ့မလုပ်ခင် စဉ်းစားမယ့် အချိန်အလုံအလောက်ပေးပါ။ ဖြစ်နိုင်ချေတွေက နောက်ဆုံးမှာ ပြောင်းလဲ သွားသလို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အေးအေးဆေးဆေး အနားယူပါ၊ စိတ်အေးအေး ထားပါ၊ အကြိမ်ကြိမ် သုံးသပ်မှုတွေ လုပ်ပြီးပြီ ဆိုတဲ့အချိန်ကျမှ လက်တွေ့လုပ်ကြည့်ပါ။

(၆) ရှင်းရှင်းလင်းလင်း ဖွင့်ပြောပါ

ဆံပင်ညှပ်ဆရာ ကိုယ့်ကိုညှပ်ပေးနေချိန်အတွင်း သူညှပ်နေတာကို အာရုံစိုက်ကြည့်နေမယ်ဆိုရင် ကိုယ်နဲ့မလိုက်ဖက်တဲ့ ပုံစံကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ သူ/သူမ ညှပ်နေတဲ့ပုံစံက အဆင်မပြေလောက် ဘူးလို့ ထင်ရင် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ။ သင်လိုချင်တဲ့ ပုံစံမဟုတ်ကြောင်း သူ့ကို သတိပေးပါ။ သတိပေးပြောဆိုဖို့ ညှပ်လို့ပြီးသည့်အထိစောင့်ဆိုင်းမယ်ဆိုရင်တော့ သင့်ကိုအားလုံးပြီးသွားပြီ၊ ဘာမှ လုပ်လို့မရတော့ဘူးလို့ပဲ ပြောဆိုသွားပါလိမ့်မယ်။ ဆံပင်ညှပ်ဆရာအနေနဲ့ သူရဲ့ပထမ ကတ်ကြေးညှပ် တစ်ချက် မှားသွားတယ် ဆိုရင်တောင် အခြေအနေကို ပြန်ကယ်နိုင်ပါလိမ့်မယ်။ ဒီအတွက် ကျွမ်းကျင်တဲ့ အလှပြင်ဆရာတွေရှိနေတာပါ။


Source: Menxp
Trend Myanmar
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...