Facebook Code Generator

Facebook Code Generator အကြောင်းလေး ပြောပြချင်ပါတယ် … Facebook ထဲမှာ Feature တစ်ခုအနေနဲ့ ပါရှီတဲ့ Code Generator ဆိုတာ ကျနော်တို့ အမှတ်တမဲ့ ပါပဲ … ဘာသုံးလို့ သုံးမှန်း မသိဘူးပေါ့ဗျာ အမှန် တစ်ကယ် တော့ Code Generator ဆိုတာ Gmail မှာ 2-Step Verification ခံသလိုပါပဲ … ကျနော်နားလည် သလောက် ပုံနှင့်တကွ ရှင်းပြပါမယ် … တချို့ လိုအပ်ချက်များရှီက နားလည် ခွင့်လွှတ်ပေးကြပါရန် …

Setup Code Generator

ကဲဟုတ်ပြီဗျာ … Facebook ထဲက Code Generator ကို သုံးဖို့ဆိုရင်တော့ ကွန်ပျူတာမှ မိမိအကောင့်ကို Login ဝင်ထားဖို့ လိုပါတယ် … အရင်းဆုံး Facebook Login ဝင်လိုက်ပါ။ ပြီးရင်တော့ မိမိ အကောင့် Settings ကို ဆက်သွားပါ။



ပြီးရင်တော့ Security tab ကို ဆက်သွားပါ။



Security tab သို့ရောက်ရှီပါက Login Notifications ရဲ့ ညာဘက်ထောင့်မှာ Edit ကိုတစ်ချက် click ပြီး Email (and) Text Message/Push notification ၂ ခုလုံးရဲ့ check box ကို အမှန်လေးချစ်ပြီး Save Changes ပြုလုပ်ပေးပါ။



ထို့နောက် Security Settings tab မှ Login Approvals ၏ ညာဘက်ထောင့်မှ Edit ကို တစ်ချက် Click ပြီး Require a security code ဆိုတဲ့ Check box လေးကို အမှန်လေးချစ်ပေးလိုက်ပါ။



Require a security code ဆိုတဲ့ Check box လေးကို အမှန်လေးချစ်ပေးလိုက်တာနဲ့ Box လေးတစ်ခု ထပ်မံကြလာပါလိမ့်မယ် … ထိုအခါ Get Started ကို နှိပ်ပေးလိုက်ပါ။ ဒီ box လေးကတော့ ဘာအတွက်လဲဆိုရင် ကျနော်တို့ Coder Generator အသုံးပြုဖို့အတွက် Setup ပြုလုပ်ပေးရတဲ့ သဘောလေးပါပဲ …



ထို့နောက် ဖော်ပြထားသော text ၂ ခုမှ မိမိအသုံးပြုသော ဖုန်းအမျိုးအစားကိုရွေးချယ်ပေးပါ။ မိမိ အသုံးပြုသော ဖုန်းသည် ပထမ text တွင်မပါသည့်အခါ ဒုတိယ text မှ Other ကိုရွေးချယ်ပေးပါ … စာရေးသူမှာတော့ Android, iPhone or iPod Touch အနေနှင့်ဖော်ပြလိုက်ပါတယ် … Android, iPhone or iPod Touch ကိုရွေးချယ်ပြီးရင် Continue ကို ထပ်မံ ရွေးချယ်ပေးလိုက်ပါ။



Continue ကိုနှိပ်လိုက်တာနဲ့ Box တစ်ခု ထပ်မခံကြလာပါအုန်းမည်။ ထပ်ခံကြလာသည့် Box လေးမှာတော့ ကျနော်တို့ အသုံးပြုမည့် Code Generator ၏ အသုံးပြုပုံနှင့် ယခု ကျနော်တို့ Setup ပြုလုပ်နေသော Code Generator Project အား ဖုန်းနှင့် ချိတ်ဆက်ပြီး အတည်ပြုစေခြင်းဖြစ်ပါသည်။ ဟုတ်ပါပြီ ကျနော်တို့ အသုံးပြုတဲ့ ဖုန်းထဲက Facebook Application ကိုဝင်လိုက်ပါ။ ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Menu button ကိုနှိပ်ပြီး Code Generator ထဲသို့ဝင်ရောက်လိုက်ပါ။



ထိုအခါ … ကျနော်တို့ ဂဏန်းနာပတ်တွေ မြင်တွေ့ရပါပြီ … မြင်တွေ့နေရပေမဲ့ Activate မဖြစ်သေးပါ။ ထို့ကြောင့် ပုံ၏ အောက်ဆုံးနားမှ My code doesn’t work ကို တစ်ချက်နှိပ်ပေးလိုက်ပါ။ ထိုအခါ box လေးတစ်ခုပေါ်လာလျှင် Reset ကိုနှိပ်လိုက်ပါ။ ထိုအခါ Activate ကို Click လို့ရပါပြီ … ခဏစောင့်လိုက်ပါ။ Activating ပြုလုပ်နေပါလိမ့်မယ်။ ထို့နောက် ပထမဦးဆုံး Code Generator ၏ ပုံ view ကဲ့သို့ နာပတ်တွေနဲ့ My code doesn’t work ဆိုတာကို ပြန်လည်မြင်တွေ့ရလျှင် ဖုန်းနှင့် အတည်ပြုခြင်းပြီးပါပြီ။ ကျနော်တို့ Project ကိုရှေ့ဆက်ပါမယ်။ PC project သို့ ပြန်လည်သွားပေးပြီး Continue ကိုနှိပ်ပေးလိုက်ပါ။



ထိုအခါ … Box တစ်ခုကြလာပြီး ဖုန်း၏ facebook application ထဲမှာ Code Generator မှ Code ကိုလာတောင်းပါပြီ။ ထိုအခါ Code Generator မှ ဖော်ပြသော Code ကိုရိုက်ထည့်ပေးလိုက်ပါ။ တစ်ခါတစ်လေ ပထမဆုံး ရိုက်ထည့်တဲ့ Code မှာ အလုပ်မလုပ်ဘူးလို့ ပြောပါလိမ့်မယ် … ထိုအခါ ခဏစောင့်လိုက်ပြီး ဖုန်း၏ Code generator မှာ Code ထပ်မံပေးပါလိမ့်မယ်။ ဖုန်း၏ Code Generator သည် Seconds 30 ကြာတွင် တစ်ခါ ပြောင်းလဲဖော်ပြလေ့ရှီပါသည်။



ထိုအခါ မိမိရိုက်ထည့်သော Code မှာ အလုပ်လုပ်လျှင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း it worked ဟုဖော်ပြပြီး confirm buttom လေး အလုပ်လုပ် နိုင်လာပါပြီ။ Confirm ကိုနှပ်ပြီး နောက်တစ်ဆင့်သို့ကူးပြောင်းပါ။



Confirm နှိပ်ခြင်းဖြင့် Box တစ်ခုထပ်မံမြင်တွေ့ရလျှင် Continue ကိုနှိပ်ပြီးရှေ့ဆက်နိုင်ပါတယ် …



ထိုအခါ facebook တွင် မိမိ ထည့်သွင်းထားသော ဖုန်းအား confirmation code ကို ပို့ပေးမှာဖြစ်ပါတယ်။ တစ်ခုဝမ်းသားစရာက မြန်မာနိုင်ငံသို့ facebook မှ code တွေ ပေးပို့လို့မရပါဘူးခဗျာ … … စိတ်မပူပါနဲ့ … မိမိ အသုံးပြုတဲ့ Mobile facebook Application ထဲမှ Code Generator စတင်အလုပ်လုပ်နေပြီ ဖြစ်သည့်အတွက် Code Generator မှ ဖော်ပြသော မည်သည့် Code မဆို ရိုက်ထည့်ပေးခြင်းဖြင့် Code Generator ၏ Setup လုပ်ခြင်း လုပ်ငန်းစဉ်အား အဆုံးသတ်စေပါသည်။



Continue နှိပ်ပေးလိုက်ရင်တော့ Box တစ်ကြလာပါဦးမည် … ထို box တွင် မိမိ၏ facebook password ကိုသာ ရိုက်ထည့်ပေးလိုက်ပါ။



ထိုအခါ နောက်ဆုံး box အနေနှင့် မြင်တွေ့နိုင်ပါပြီ။ Close နှိပ်ခြင်းဖြင့် Code Generator Setup လုပ်ငန်းစဉ် အောင်မြင်စွာ အဆုံးသတ်နိုင်ပြီဖြစ်ပါသည်။



ကဲဟုတ်ပြီဗျာ … Code Generator လုပ်ငန်းစဉ် ပြီးဆုံးသွားပေမဲ့ ကျနော်တို့ Code Generator အလုပ်ရဲ့လား ပြီးတော့ Code Generator Setup လုပ်ထားသူများ ဘယ်လို Remove ပြန်လုပ်နိုင်မလဲဆိုတာလေးပါ တစ်ဆက်တည်းပြောလိုက်ပါ့မယ် …

Remove Code Generator

အရင်ဆုံး Code Generator Setup လုပ်ထားတဲ့သူများ ပြန်ဖြုတ်ချင်ရင်တော့ ထုံးစံအတိုင်း facebook Login ဝင်လိုက်ပါ။ ဝင်ပြီးရင် Setting > Security tab > Login Approvals ရဲ့ ညာဘက်ထောင့်မှာ Edit နှိပ်လိုက်ပါ။ ထိုအခါ Setup လုပ်ထားတာကို မြင်တွေ့ရပါလိမ့်မယ် … ထိုအခါ Require a security ဆိုတဲ့ Check box လေးမှ အမှန်ချစ်လေးကို ပြန်ဖြုတ်ပြီး Off ပေးလိုက်ပြီး Save လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Code Generator ကို ပြန်လည် ဖယ်ရှားပြီးပြီ ဖြစ်ပါသည်။



Working Code Generator

Code Generator ကို အလုပ်လုပ်ရဲ့လားလို့ စမ်းသပ်ချင်သူများအနေနှင့် ပြန်လည်စမ်းသပ်နိုင်ပါသည်။ စာရေး သူမှာ Code Generator ကို Setup ပြုလုပ်ခဲ့စဉ်မှာ Firefox Browers နှင့် ဖြစ်ပါသည်။ ပြန်လည်စစ်ဆေး လိုသူ များအနေနှင့် Setup ပြုလုပ်ခံစဉ်မှ Browser နှင့် ထပ်မံ facebook login မဝင်ပဲ အခြား Browser များနှင့် facebook login ဝင်ပါက Code Generator မှာ အလုပ်လုပ်နေပြီဖြစ်သည်ကို လက်တွေ့စမ်းသပ်နိုင် ကြည့်နိုင် ပါပြီ။

Sharing – Thaw Tar

ref;www.commaspace.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...